အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းနဲ့အတူ ညစာ စားတာကိုပါ ရှောင်ပေးရပါမယ်။ ဒါ့အပြင် လမ်းများများ လျှောက်ပေးရပါမယ်။ ဗိုက်အဆီကျချင်သူတွေအနေနဲ့ ဗိုက်လေ့ကျင့်ခန်းတစ်မျိုးတည်းနဲ့ ဗိုက်အဆီမကျတာကိုတော့ သိပြီးသား ဖြစ်မှာပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး စည်းကမ်းတကျ နေထိုင်မယ်ဆိုရင်တော့ ဗိုက်အဆီက ထိထိရောက်ရောက် ကျလာပါလိမ့်မယ်။ ဒီတော့ ၁၅ ရက်အတွင်း ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။

၁။ Plank

Photo Source: Popsugar

  • နံပါတ် တစ် လေ့ကျင့်ခန်းကတော့ Plank ထောက်ပေးရမှာပါ။
  • တစ်ခါထောက်ရင် စက္ကန့် ၃၀ ထောက်ပေးရပါမယ်။
  • စက္ကန့် ၃၀ ထောက်တာကို လေးခါ လုပ်ပေးရပါမယ်။

၂။ Plank Hip Dips

Photo Source: Tenor

  • Plank ထောက်လျက်နဲ့ပဲ ခန္ဓာကိုယ်ကို ဘယ်ညာ စောင်းပြီး ကွေးပေးရပါမယ်။
  • ဒါကို အခါ ၂၀ လုပ်ပေးရပါမယ်။
  • တစ်ခါလုပ်ရင် အခါ ၂၀ နဲ့ လေးကြိမ်လုပ်ပေးရပါမယ်။

၃။ Alternating V-ups

Photo Source: Gym Guider

  • ခြေထောက်နဲ့ လက်ကို ကားပေးထားရပါမယ်။
  • ပြီးနောက် ဘယ်ခြေထောက်ကို အပေါ်မြှောက်ပြီး ညာဘက်လက်နဲ့ ထိပေးရပါမယ်။
  • ထိဖို့ ခန္ဓာကိုယ်ကို မ တဲ့အခါ ဗိုက်ကြွက်သားကို အားပြုပေးရပါမယ်။
  • ပြီးနောက် ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်လက် ထိပေးရပါမယ်။
  • ဒါကို အခါ ၂၀ စာ လေးကြိမ် လုပ်ပေးရပါမယ်။

၄။ Crunch Claps

Photo Source: Verywell Fit

  • ခြေထောက်ကို အပေါ်ထောင်ထားရပါမယ်။
  • ပြီးနောက် ခန္ဓာကိုယ်ကို မ ပြီး လက်ခုပ်တီးတဲ့ ပုံစံမျိုး လုပ်ပေးရပါမယ်။
  • ဒါကို ၁၅ ခါ လုပ်ပေးရပါမယ်။
  • ၁၅ ခါ တစ်ကြိမ်စာကို လေးကြိမ် လုပ်ပေးရပါမယ်။

By MyStyle Myanmar