အခုဖော်ပြထားတဲ့ လေ့ကျင့်ခန်းနဲ့အတူ ညစာ စားတာကိုပါ ရှောင်ပေးရပါမယ်။ ဒါ့အပြင် လမ်းများများ လျှောက်ပေးရပါမယ်။ ဗိုက်အဆီကျချင်သူတွေအနေနဲ့ ဗိုက်လေ့ကျင့်ခန်းတစ်မျိုးတည်းနဲ့ ဗိုက်အဆီမကျတာကိုတော့ သိပြီးသား ဖြစ်မှာပါ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး စည်းကမ်းတကျ နေထိုင်မယ်ဆိုရင်တော့ ဗိုက်အဆီက ထိထိရောက်ရောက် ကျလာပါလိမ့်မယ်။ ဒီတော့ ၁၅ ရက်အတွင်း ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။
၁။ Plank
Photo Source: Popsugar
- နံပါတ် တစ် လေ့ကျင့်ခန်းကတော့ Plank ထောက်ပေးရမှာပါ။
- တစ်ခါထောက်ရင် စက္ကန့် ၃၀ ထောက်ပေးရပါမယ်။
- စက္ကန့် ၃၀ ထောက်တာကို လေးခါ လုပ်ပေးရပါမယ်။
၂။ Plank Hip Dips
Photo Source: Tenor
- Plank ထောက်လျက်နဲ့ပဲ ခန္ဓာကိုယ်ကို ဘယ်ညာ စောင်းပြီး ကွေးပေးရပါမယ်။
- ဒါကို အခါ ၂၀ လုပ်ပေးရပါမယ်။
- တစ်ခါလုပ်ရင် အခါ ၂၀ နဲ့ လေးကြိမ်လုပ်ပေးရပါမယ်။
၃။ Alternating V-ups
Photo Source: Gym Guider
- ခြေထောက်နဲ့ လက်ကို ကားပေးထားရပါမယ်။
- ပြီးနောက် ဘယ်ခြေထောက်ကို အပေါ်မြှောက်ပြီး ညာဘက်လက်နဲ့ ထိပေးရပါမယ်။
- ထိဖို့ ခန္ဓာကိုယ်ကို မ တဲ့အခါ ဗိုက်ကြွက်သားကို အားပြုပေးရပါမယ်။
- ပြီးနောက် ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်လက် ထိပေးရပါမယ်။
- ဒါကို အခါ ၂၀ စာ လေးကြိမ် လုပ်ပေးရပါမယ်။
၄။ Crunch Claps
Photo Source: Verywell Fit
- ခြေထောက်ကို အပေါ်ထောင်ထားရပါမယ်။
- ပြီးနောက် ခန္ဓာကိုယ်ကို မ ပြီး လက်ခုပ်တီးတဲ့ ပုံစံမျိုး လုပ်ပေးရပါမယ်။
- ဒါကို ၁၅ ခါ လုပ်ပေးရပါမယ်။
- ၁၅ ခါ တစ်ကြိမ်စာကို လေးကြိမ် လုပ်ပေးရပါမယ်။
By MyStyle Myanmar