မျက်နှာဝိုင်းဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ Selena Gomez ရဲ့ ချစ်ဖို့ကောင်းတဲ့ ဆံပင်စတိုင်လ် ၁၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ Selena ကို အရမ်းကြိုက်တဲ့သူဆိုရင် သူမရဲ့ ဆံပင်စတိုင်လ်လေးတွေအတိုင်း လိုက်ပြင်ကြည့်လို့တောင် ရပါသေးတယ်။
Selena က ဒီလို ဆံပင်ဂုတ်ဝဲ အဖြောင့်လေးနဲ့ အရမ်းလိုက်ပါတယ်။ အရမ်းချစ်ဖို့ကောင်းပြီး သူမရဲ့မျက်နှာလေးနဲ့ အလိုက်ဖက်ဆုံးလို့ ပြောရမှာပါပဲ။
Selena က ဒီဆံပင်စတိုင်လ်လေးနဲ့ဆိုရင် hot တဲ့ပုံစံလေးနဲ့ တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။
ဆံပင်ဂုတ်ဝဲလေးကိုမှ ဒီလိုကောက်ထားတာမျိုးလေးနဲ့ဆိုလည်း အရမ်းချစ်ဖို့ကောင်းပါတယ်။ Selena နဲ့လည်း တော်တော်လေးကို လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်လေးပါ။
ဒီဆံပင်စတိုင်လ်လေးနဲ့ကျတော့ gorgeous ဖြစ်ပြီး ချစ်ဖို့လည်းကောင်းပါတယ်။ Selena နဲ့လိုက်ဖက်သလိုပဲ မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ဆိုလည်း ဒီဆံပင်စတိုင်လ်လေးက အရမ်းလိုက်ပါတယ်။
ဒီဆံပင်စတိုင်လ်လေးဆိုရင် Selena နဲ့ အရုပ်မလေးလိုပဲ အရမ်းချစ်ဖို့ကောင်းပါတယ်။ Selena ကို အရမ်းကြိုက်တဲ့သူဆိုရင် ဒီဆံပင်စတိုင်လ်လေးကို လုပ်ကြည့်သင့်ပါတယ်။
ဒီဆံပင်စတိုင်လ်လေးက သူမနဲ့မို့လို့ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေတာလို့တောင် ပြောလို့ရပါတယ်။
Selena က ဆံပင်ကို ဒီလိုအပြောင်သိမ်းထားတာမျိုးတွေနဲ့လည်း အရမ်းလိုက်ပါတယ်။ မျက်နှာဝိုင်းဝိုင်းလေးက ပိုပြီးပေါ်လွင်သွားစေပါတယ်။
ဒါကျတော့ ဆံပင်အပြောင်သိမ်းထားပေမယ့် ပြင်ထားတဲ့ ဆံပင်စတိုင်လ်လေးက ဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။ Selena နဲ့ကျတော့ ဒါလေးက လူငယ်ဆန်တဲ့ပုံစံလေးနဲ့ ပိုတူပါတယ်။
ဒီဆံပင်စတိုင်လ်လေးနဲ့ ဆံပင်အရောင်လေးနဲ့က perfect ဖြစ်ပြီး အရမ်းလှပါတယ်။ Selena နဲ့လည်း လိုက်ဖက်တဲ့ hairstyle တစ်ခုပါပဲ။
ဒါလည်း သူမရဲ့မျက်နှာဝိုင်းဝိုင်းလေးနဲ့ အရမ်းလိုက်ဖက်တဲ့ hairstyle ပါပဲ။
Selena က ဒီဆံပင်စတိုင်လ်လေးနဲ့ဆို ရိုးရိုးလေးနဲ့ တည်ငြိမ်တဲ့ပုံစံလေး ဖြစ်သွားစေပါတယ်။
ဆံပင်ထိပ်မှာ ဒီလိုကျစ်ဆံမြီးလေးကျစ်ထားတာ ကလေးဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။
ဒီဆံပင်စတိုင်လ်လေးတွေနဲ့ဆိုလည်း Selena က လူကြီးဆန်တဲ့ပုံစံမပေါက်ပဲ ချစ်ဖို့ကောင်းတဲ့ပုံစံလေးပဲ ဖြစ်နေတာပါ။
ဒီဆံပင်စတိုင်လ်လေးကလည်း Selena နဲ့ အရမ်းလိုက်ဖက်ပြီး ချစ်ဖို့ကောင်းပါတယ်။ ဆံပင်ဂုတ်ဝဲလေးညှပ်ထားရင် သူမလိုပြင်ကြည့်လို့တောင် ရပါသေးတယ်။