အားလုံးပဲမင်္ဂလာပါ။ သင်က ကောင်လေးနဲ့ လက်ရှိ မတွေ့ဖြစ်သေးရင်တောင် တစ်ချိန်ချိန် ဒိတ်လုပ်တဲ့အခါ သူနဲ့ တူနှစ်ကိုယ် ပျော်စရာ အမှတ်တရတွေဖန်တီးနိုင်ဖို့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။ နည်းလမ်းကောင်းတွေကို သိထားတဲ့အခါ ဘယ်သွားမယ်၊ ဘာစားမယ်ဆိုပြီး သိပ်စဉ်းစားစရာမလိုတော့ပါဘူး။ ပြုလုပ်နိုင်တဲ့အရာတွေကတော့-

၁။ ပျော်ပွဲစားထွက်ပါ။
၂။ သူနဲ့ ရေညှိထမင်းလိပ်လုပ်စားပါ။


၃။ နေဝင်ချိန်ကို နှစ်ယောက်အတူထိုင်ကြည့်ပါ။
၄။ ပွဲ၊ ညဈေးတန်း အတူတူလျှောက်လည်ပါ။


၅။ ရုပ်ရှင်သွားကြည့်ပါ။
၆။ ရှိုးပွဲ အတူတူသွားကြည့်ပါ။


၇။ ကတ် ဂိမ်း၊ Boardgame တွေဆော့ပါ။
၈။ ကာရာအိုကေ တူတူသွားဆိုပါ။


၉။ အတူတူတောင်တက် ခရီးသွားပါ။
၁၀။ အားကစားပွဲတစ်ခုကို သူနဲ့အတူ သွားကြည့်ပါ။


၁၁။ သူနဲ့အတူတူ အက သင်တန်းတစ်ခုခုသွားတက်ပါ။
၁၂။ ဝိုင်၊ ဝီစကီစသဖြင့် အရသာအမျိုးမျိုးကို သူနဲ့အတူတူ မြည်းကြည့်ပြီး ဆုံးဖြတ်အမှတ်ပေးပါ။


၁၃။ Ice-Cream Date လုပ်ပါ။
၁၄။ ကြယ်တွေကို အတူတူငေးပါ။


၁၅။ ကမ်းခြေကို အတူသွားပါ။

ဒီအရာတွေကို လက်ရှိ မလုပ်နိုင်သေးရင်တောင် တစ်ချိန်ချိန် တူတူလုပ်နိုင်ဖို့ သင်ချစ်ရသူကို Mention ခေါ်လိုက်တော့နော်။

Photo Source: Pinterest

By MyStyle Myanmar