အရပ်ရှည်ချင်တယ်ဆိုရင် ဆေးတွေသောက်တာထက် လေ့ကျင့်ခန်းတွေလုပ်တာက ပိုပြီးတော့ထိရောက်ပါတယ်။ Result လည်း ပိုမြန်ပြီးသိသာပါတယ်။ ဒါကြောင့် အရပ်ရှည်စေဖို့ကူညီပေးမယ့် အထိရောက်ဆုံးသော လေ့ကျင့်ခန်း ၁၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဘားခိုခြင်း

ဘားခိုပေးခြင်းက အရပ်ထွက်လာစေဖို့ အများကြီးအထောက်အကူပြုတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

ရေကူးခြင်း

ရေကူးတာက အကြောတွေကိုဆန့်ထုတ်ပြီး ကူးရတာဖြစ်လို့ အရပ်ရှည်စေဖို့ များစွာအထောက်အကူပြုပါတယ်။

ကြိုးခုန်ခြင်း

ကြိုးခုန်ပေးခြင်းက ဝတ်ကျစေရုံတင်မဟုတ်ပါဘူး၊ အရပ်ရှည်စေဖို့လည်းဆိုလည်း ထိရောက်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။

Basketball ကစားခြင်း

အားကစားတစ်ခုခုလုပ်ချင်တယ်ဆိုရင် အရပ်ရှည်ချင်တဲ့သူတွေက Basketball ပဲကစားပါ။ Basketball ကစားတာက အရပ်သိသိသာသာထွက်လာစေပါတယ်။

Cobra Stretch

ပုံမှာပြထားတဲ့အတိုင်း အကြောတွေအားလုံးကိုဆန့်ပြီး စက္ကန့် ၃၀ နေပေးရမှာပါ။ အချိန်ပြည့်ရင် ခဏရပ် ပြီးရင်ပြန်လုပ်ပါ။ အနည်းဆုံး ၅ ကြိမ်လောက်လုပ်ပေးရုံပါပဲ။

Super Cobra Stretch

ပုံမှာပြထားတဲ့အတိုင်း စက္ကန့် ၂၀ နေပေးရင်ရပါပြီ။ ခုနကလိုပဲ အချိန်ပြည့်ရင် ခဏရပ် ပြီးရင်ပြန်လုပ်ပါ။ ဒါလည်း ၅ ကြိမ်လောက်လုပ်ပေးရင် ရပါပြီ။

Hopping With One Leg

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်နဲ့လက်ကို ဘယ်ညာတစ်လှည့်စီပြောင်းပြီး ခုန်ခုန်ပြီး လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် ၃၀ – စက္ကန့် ၆၀ လောက် ဆက်တိုက်လုပ်ပေးရုံပါပဲ။.

Forward Spine Stretch

အကြောဆန့်တဲ့လေကျင့်ခန်းဖြစ်လို့ အရပ်ရှည်စေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း နေ့တိုင်း ခဏခဏသာလုပ်ပေးပါ။

Forward Bend

ဒီလေ့ကျင့်ခန်းဆိုလည်း ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးရုံပါပဲ။ ကိုယ်ကုန်းနိုင်သလောက်၊ ရသလောက်သာ လုပ်ပေးပါ။ လုပ်ရင်းနဲ့မှ လွယ်သွားပါလိမ့်မယ်။ ၁၀ ကြိမ်လောက်လုပ်ပေးရင်ရပါပြီ။

Spot Jump

ပုံမှာပြထားတဲ့အတိုင်း ထိုင်လိုက်၊ ခုန်ပြီးရပ်လိုက်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ ၂ မိနစ်လောက်တော့ လုပ်ပေးရပါမယ်။

Standing Vertical Stretch

ဒီလေ့ကျင့်ခန်းကျတော့ ပုံမှာပြထားတဲ့အတိုင်း အကြောတွေဆန့်ပေးရုံပါပဲ။ နေ့တိုင်း ခဏခဏသာလုပ်ပေးပါ။ သတိရတိုင်းလုပ်ပေးပါ။

Straight Legs Up

ပုံမှာပြထားတဲ့အတိုင်း မှောက်အိပ်ပြီး ခြေထောက်ကို ဘယ်ညာမြှောက်ပေးရမှာပါ။ သေချာ အကြောတွေဆန့်ထုတ်ပြီး လုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီလုပ်ပေးရင် ရပါပြီ။

The Table

ခြေထောက်နှစ်ဖက်ကိုချိတ်ပြီး ပုံမှာပြထားတဲ့အတိုင်း အပေါ်ကော့လိုက်၊ အောက်ပြန်ချလိုက်ပုံစံမျိုး လုပ်ပေးရမှာဖြစ်ပါတယ်။ စက္ကန့် ၃၀ – စက္ကန့် ၆၀ လောက် ဆက်တိုက်လုပ်ပေးရမှာပါ။

Alternate Leg Kick

ပုံမှာပြထားတဲ့အတိုင်း ဘယ်လက်ကိုမြှောက်ပြီးဆန့်၊ ညာခြေထောက်ကိုမြှောက်ပြီးဆန့်၊ ပြီးရင် ညာလက်ကို မြှောက်ပြီးဆန့်၊ ဘယ်ခြေထောက်ကို မြှောက်ပြီးဆန့်နဲ့ လုပ်ပေးရမှာဖြစ်ပါတယ်။ အကြိမ် ၂၀ လုပ်ပေးရင်ရပါပြီ။

Leg Kick

ခြေထောက်ကိုဆန့်ပြီး ကန်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ကန်တဲ့အချိန်မှာ ခြေထောက်ကိုဆန့်ထုတ်ပြီး ကန်ပါ။ ဘယ်ညာတစ်လှည့်စီသာ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။