အားလုံးပဲ မင်္ဂလာပါ။ စာဖတ်သူတွေထဲမှာ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေ ရှိမှာပဲနော်။ ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူတွေထဲမှာလည်း အမျိုးအစား ၂ မျိုး ထပ်ကွဲသွားပြန်ပါတယ်။ ကင်မရာရှေ့မှာ ပို့စ်ကောင်းကောင်းပေးတတ်တဲ့သူနဲ့ ဘယ်လိုနေ၊ လက်ကို ဘယ်လိုထား၊ ခေါင်းလေး နည်းနည်းမော့မယ် စသဖြင့် ပို့စ်အမျိုးမျိုးမပေးတတ်လို့ သင်ပေးနေရတဲ့သူပဲ ဖြစ်ပါတယ်။ စာဖတ်သူရော ဘယ်အမျိုးအစားထဲမှာ ပါ ပါသလဲ။ပုံ ၁၀၀ ကျော်လောက်ရိုက်မှ ပုံကောင်းကောင်းလေး၂ ပုံ ၃ ပုံလောက်ထွက်တဲ့ရန်က ကင်းဝေးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်လေးတွေကို သတိထားပေးလိုက်ပါ။

အချိန်ကုန်ခံပြီး ပုံအများကြီးရိုက်စရာမလိုဘဲ ရိုက်လိုက်တိုင်းမှာ ပုံကောင်းကောင်းလေးရဖို့ အခုပဲ လေ့ကျင့်ကြည့်လိုက်ရအောင်နော်။

ခန္ဓာကိုယ်အပေါ်ပိုင်းပဲ တစောင်းလှည့်တာမဟုတ်ဘဲ ပုံအမှန်ထဲကလို ခန္ဓာကိုယ်တစ်ခုလုံး တစောင်းလှည့်လိုက်ပါ။

ဒူးကို မထိတထိလေး မကွေးဘဲ ရဲရဲသာကွေးလိုက်ပါ။ လက်ကိုလည်း တင်ပါးပေါ်ထောက်ထားတာမျိုး မဟုတ်ဘဲ ခါးပေါ်မှာ ထောက်ထားရမယ်နော်။

ထိုင်တဲ့အခါ

ခေါင်းနည်းနည်းငုံ့ထားပြီး ခြေထောက်အနေအထားကို အရှေ့အနောက်ထားပါ။

ပုံနှစ်ပုံကို ယှဉ်ကြည့်လိုက်တဲ့အခါ ဆံပင်ကို ကိုင်နေတဲ့လက်အနေအထားက သက်သောင့်သက်သာမဖြစ်တဲ့ပုံစံ၊ သဘာဝမဆန်တဲ့ ပုံစံပေါက်နေတာကို သတိထားမိကြမှာပါနော်။

ခြေထောက်အနေအထားရယ်၊ လက်အနေအထားရယ်ကို ယှဉ်ကြည့်လိုက်ပါ။

ထိုင်တဲ့အခါ လှလှလေး ပို့စ်ပေးပါ။

လှေကားထစ်မှာ ထိုင်တဲ့အခါ အရပ်ရှည်တဲ့ ပုံပေါက်အောင်လို့ ပုံအမှန်ထဲကလို ပို့စ်ပေးပါ။

မတ်တပ်ရပ်ပုံ ရပ်နည်းလေးတွေ

အခုဖော်ပြပေးသွားတဲ့ ပို့စ်ပေးနည်း အမှားနဲ့ ပို့စ်ပေးနည်းအမှန်တွေက စာဖတ်သူတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Source: Pinterest.com