ယနေ့ခေတ်မှာတော့ သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို လှပမှုစံနှုန်းတစ်ခုအဖြစ် သတ်မှတ်လာကြပါတယ်။ ဒီအလှအပသတ်မှတ်ချက်ကို ပြည့်မှီနိုင်ဖို့ အားကစားအပြင်အထန်လုပ်ကြ၊ အစားအသောက်ဆင်ခြင်ကြနဲ့ အမျိုးမျိုးကြိုးစားကြရပါတယ်။ ဒါပေမဲ့လည်း လူအနည်းစုကသာ သူတို့ပန်းတိုင်ကို ရောက်ရှိခဲ့ကြတာပါ။

သင်ကရော ခန္ဓာကိုယ်ကျစ်လစ်လှပချင်ပေမယ့် အားကစားလည်း မလုပ်ချင်၊ အစားအသောက် စားခြင်းကိုလည်း ခုံမင်နှစ်သက်သူတစ်ဦးဆိုရင်တော့ အခုဖော်ပြပေးသွားမယ့် လူတွေအကြောင်းကို ဖတ်ကြည့်ပြီးတာနဲ့ ကိုယ်အလေးချိန်လျော့ချဖို့ စိတ်ဓာတ်ခွန်အားတွေ မြှင့်တက်လာပါလိမ့်မယ်။

ဒီမိန်းကလေးကတော့ အသင့်စား အစားအစာတွေ၊ ကယ်လိုရီများတဲ့အစားအစာတွေကို လုံးဝမစား၊ အားကစားအပြင်းအထန်လုပ်လိုက်ပြီးနောက်မှာတော့ ပေါင် ၂၂၀ ကနေ ၁၃၄ ပေါင်အထိ လျော့ချနိုင်ခဲ့ပါတယ်။ လေးနှစ်လောက်တော့ အချိန်ယူခဲ့ရတာပေါ့။

Jessica Valitutto ဆိုတဲ့ အမျိုးသမီးကတော့ ၁၉၈ ပေါင် ကျသွားပြီး အံ့အားသင့်တဲ့ ပြောင်းလဲမှုကြီးကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒီအမျိုးသမီးကတော့ ပေါင် ၂၄၀ ကနေ ပေါင် ၁၀၀ ပဲ ကိုယ်အလေးချိန်ရှိတော့အောင် တစ်နှစ်အတွင်းကြိုးစားခဲ့တာပါ။

ကိုယ်အလေးချိန် ၂၈၅ ပေါင်ကနေ ၁၇ လ အတွင်း မလျော့တဲ့ဇွဲနဲ့ ကြိုးစားလိုက်တာ အခုဆို ၁၉၈ ပေါင်ပဲ ရှိပါတော့တယ်။

၁၀ လ အတွင်းမှာ ကိုယ်အလေးချိန် ၁၂၁ ပေါင် ကျသွားအောင် ကြိုးစားနိုင်ခဲ့တဲ့အတွက်ကြောင့် အရမ်းပျော်နေပါတယ်လို့ ပြောကြားခဲ့တဲ့ အမျိုးသမီးတစ်ယောက်

ဒီအမျိုးသမီးကတော့ ရှေ့ တန်းကနေ ပြန်ရောက်လာတဲ့ သူမအမျိုးသားကို အံ့သြသွားဖို့အတွက်ဆိုပြီး ဝိတ်ချခဲ့တာပါ။

ပေါင် ၃၉၀ ကနေ ၁၉၄ ပေါင်ပဲ ရှိတော့တဲ့ အမျိုးသားတစ်ဦး

အဝလွန်ခဲ့စဉ်တုန်းက တစ်မိုင်ခရီးကို မပြေးနိုင်ခဲ့တဲ့ သူမက အခုဆိုရင်တော့ အားကစားကောင်းကောင်းလုပ်နိုင်နေပါပြီ။ ပေါင် ၁၀၀ ကျော်အထိ ဝိတ်လျော့နိုင်ခဲ့သူလေးပါ။

မလျော့သော ဇွဲလုံ့လနဲ့ အားကစားကို ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တဲ့အတွက်ကြောင့် ပေါင ၁၅၀ ဝိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါ။

ဒီအမျိုးသားက အရင်တုန်းကတော့ ကိုယ်အလေးချိန် ၃၁၅ ပေါင်ကနေ အခုဆို ၁၇၉ ပေါင်ပဲ ရှိပါတော့တယ်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့မှာ ရိုက်ထားတဲ့ပုံနဲ့ ၂၀၁၈၊ စက်တင်ဘာလမှ ရိုက်ထားတဲ့ပုံ

သင့်တင့်မျှတတဲ့အစားအစာနဲ့ အားကစားလေ့ကျင့်ခန်းများက သူမကို ပေါင် ၂၅၂ ပေါင်ကနေ ပေါင် ၁၄၀ အထိ ကျသွားအောင် ကူညီခဲ့တာပါ။

၂၈၂ ပေါင်ကနေ ၂ နှစ်အတွင်း ဝိတ်လျော့လိုက်တော့ ၁၅၄ ပေါင်ပဲ ရှိတော့တဲ့ သူမ

၂ နှစ်အတွင်းမှာ အံ့အားသင့်လောက်တဲ့ အသွင်ကူးပြောင်းမှုကို ပြုလုပ်နိုင်ခဲ့တဲ့ အမျိုးသမီး

Source: Brightside.me