ကျွန်မတို့ သဘောကျခဲ့ဖူးတဲ့ နာမည်ကျော် ဇာတ်လမ်း အများစုက ဇာတ်လမ်းနာမည် အမျိုးမျိုး ပြောင်းလဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ပေးလိုက်တဲ့ နာမည်တွေက ဇာတ်လမ်းနဲ့ လိုက်ဖက်ကာ အောင်မြင်ဖို့ ဖြစ်လာခဲ့ပါတယ်။ အခုဖော်ပြထားတဲ့ ဇာတ်လမ်းတိုင်း လိုလိုက သင်ကြည့်ခဲ့ဖူးပြီး တစ်သက်လုံး မမေ့နိုင်မယ့် ဇာတ်လမ်းတွေ ဖြစ်ပါတယ်။

ဇာတ်လမ်းထဲက အမှတ်တရတွေကို ဒီအချိန်ထိ ကြည့်နေဆဲဖြစ်ပြီး အချင်းချင်း ပြန်လည်ဝေမျှကာ ပြန်လည်တမ်းတနေတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ တကယ့် နာမည် မရခင်က ပေးခဲ့တဲ့ ဇာတ်လမ်းခေါင်းစဉ်တွေနဲ့ ဇာတ်လမ်းတွေကို ဖော်ပြပါရစေ။ တကယ်ပြောင်းလိုက်တဲ့ နာမည်ကမှ ပိုလိုက်ဖက်တာကို တွေ့ရမှာ ဖြစ်ပြီး သင်က ဖော်ပြပါ ဇာတ်လမ်းတွေရဲ့ အရင်နာမည်ကို မြင်ပြီး အံ့သြနေပါလိမ့်မယ်။ ကြည့်လိုက်ရအောင်-

၁။ The Big Bang Theory ရဲ့ အရင်ဇာတ်လမ်းနာမည်က Lenny, Penny and Kenny ပါ။ ဒါပေမဲ့ ဇာတ်ကောင် နာမည်တွေမဟုတ်ဘဲ သိပ္ပံပညာကို အာရုံစိုက်ချင်တာမို့ The Big Bang Theory လို့ ပေးလိုက်တာပါ။

၂။ Mr.Bean ရဲ့ အရင်ဇာတ်လမ်းနာမည်ကတော့ Mr. Cauliflower ပါ။ ဟင်းသီးဟင်းရွက်နဲ့ ဆိုင်တဲ့ ဇာတ်ကောင်နာမည်ကို ပေးချင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ Mr.Bean အနေနဲ့ ထွက်ရှိလာခဲ့ပါတယ်။

၃။ Friends ဇာတ်လမ်းရဲ့ အရင်နာမည်က Six of One ပါ။ ဒါပေမဲ့နောက်ပိုင်းမှာတော့ ဒါရိုက်တာတွေက Friends လို့ နာမည်ပေးခဲ့ပါတယ်။

၄။ Stranger Things ရဲ့ နဂိုဦး နာမည်ကတော့ Montauk ပါ။ ဘာလို့လဲဆိုတော့ နယူးယောက်မှာ ဇာတ်လမ်းဖြစ်တည်မယ်လို့ သတ်မှတ်ထားကြလို့ပါ။ ဒါပေမဲ့ မြို့ငယ်လေး အဖြစ် ပြောင်းလဲခဲ့တာကြောင့် နာမည်ပြောင်းသွားတာပါ။

၅။ Grey’s Anatomy

Grey’s Anatomy ဇာတ်လမ်းကိုတော့ Surgeons, Complications နဲ့ Doctors ဆိုပြီး နာမည်သုံးခါ ပြောင်းခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အခုသိထားကြတဲ့ Grey’s Anatomy လို့ ပြောင်းလဲသွားတာပါ။

၆။ This Is Us ကိုတော့ ဇာတ်လမ်းထဲက ဇာတ်ကောင်အားလုံးက Series အစမှာ အသက် ၃၆ နှစ် ဖြစ်တာမို့ “36” လို့ ပေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဖန်တီးသူက ဒီနာမည်ကို မကြိုက်တာကြောင့် ပြောင်းလဲခဲ့ပါတယ်။

၇။ Wizards of Waverly Place ကိုတော့ The Amazing O’Malleys လို့ နာမည်ပေးခဲ့ကြတာပါ။ ပထမဆုံး ဇာတ်လမ်း Episode က မှော်ပစ္စည်းဆိုင်ကို ပိုင်ဆိုင်တဲ့ မိသားစုအကြောင်းနဲ့ စတင်ဖို့ စီစဉ်ခဲ့တာပါ။

၈။ Lost ရဲ့ နဂိုနာမည်ကတော့ Nowhere ပါ။ ဒါပေမဲ့ Creator တွေက ဒီထက် ပိုကောင်းတဲ့ နာမည်ကို ပြောင်းလဲပေးခဲ့ကြပါတယ်။

၉။ Full House ရဲ့ အရင်နာမည်က House of Comics ပါ။ ဒါပေမဲ့ ဇာတ်လမ်းထဲက ဟာသမင်းသား နှစ်ဦးထက် မိသားစုကို ပိုဦးတည်ချင်တာကြောင့် Full House လို့ နာမည်ပေးခဲ့တာပါ။

၁၀။ Seinfeld ရဲ့ နဂိုဦး နာမည်ကတော့ The Seinfeld Chronicles ပါ။ ဒါပေမဲ့ ကြည့်ရှုသူတွေကို အရင် Series တွနဲ့ ရောသွားမှာကြောက်လို့ Seinfeld လို့ပဲ ပေးခဲ့ပါတယ်။

၁၁။ Lizzie McGuire ရဲ့ အရင်နာမည်ကတော့ What’s Lizzie Thinking? ပါ။ ဒါကို ဇာတ်ကား Blooper တွမှာလည်း တွေ့နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ပြောင်းလဲခဲ့ပါတယ်။

၁၂။ One Tree Hill ကတော့ Ravens ဖြစ်ခဲ့ဖူးပါတယ်။ ဇာတ်ကားမဟုတ်ဘဲ ဇာတ်လမ်းတွဲ ဖြစ်မှာမို့လို့ ဒီလိုနာမည်ပေးခဲ့တာပါ။

၁၃။ Saved by the Bell ဇာတ်ကားရဲ့ အရင်နာမည်ကတော့ Good Morning, Miss Bliss ပါ။ ဒီခေါင်းစဉ်ကို မပြောင်းလဲခင် ဇာတ်လမ်းအပိုင်း တော်တော်များများမှာ တွေ့ခဲ့ရပါသေးတယ်။

၁၄။ That ’70s Show ရဲ့ အရင်နာမည်က Teenage Wasteland ပါ။ ဒါပေမဲ့ Copyright ပြဿနာတွေကြောင့် နာမည်ပြောင်းလဲခဲ့ပါတယ်။

Source: Brightside

By MyStyle Myanmar