မိန်းကလေးနဲ့ ယောကျာ်းလေးတွေရဲ့ တွေးခေါ်မှုပုံစံက မတူညီပါဘူး။ သင့်အနေနဲ့ သူသဘောကျမယ်လို့ ထင်နေတဲ့အရာကို သူက လုံးဝ သဘောမကျတာတွေရှိပါတယ်။ ဒီအချက်တွေကတော့ ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို သဘောကျတတ်တဲ့အရာတွေဖြစ်ပါတယ်။

၁။ ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင် ရပ်တည်မှုနဲ့ နေတတ်တဲ့ မိန်းကလေး

၂။ ယောကျာ်းလေးတစ်ယောက်အတွက် သူလုပ်စရာ ရှိတာတွေလုပ်ဖို့ လေးစားစွာ အချိန်ပေးတတ်သူ

၃။ အတတ်ပညာတစ်ခုခုမှာ ကျွမ်းကျင်တဲ့မိန်းကလေး

၄။ လူရှေ့သူရှေ့မှာလည်း သူတို့ကို ဂရုစိုက်တတ်တဲ့ မိန်းကလေး

၅။ ကိုယ်ပေါတောတော လုပ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ပြန်တွေးရင်း ရယ်တတ်တဲ့မိန်းကလေး

၆။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်တန်ဖိုးကိုယ်သိတဲ့မိန်းကလေး

၇။ တစ်ကိုယ်ရေ သန့်ရှင်းမှုရှိပြီး ကိုယ့်စတိုင်နဲ့ ကိုယ် လှလှပပ နေတတ်သူ

၈။ အီစီကလီလုပ်တတ်တဲ့မိန်းကလေး

၉။ ကိုယ့်ကိုကိုယ် လေးစားတဲ့မိန်းကလေး

၁၀။ သူဝါသနာပါတဲ့အရာတွေအပေါ် စိတ်ဝင်စားတဲ့မိန်းကလေး

၁၁။ ရုတ်တရက် ဝုန်းခနဲ ထလုပ်တတ်တဲ့မိန်းကလေး (မုန့်စားမယ်ဆိုလည်း နှစ်ခေါက်မတွေးဘဲ ချက်ချင်း သွားဝယ်တတ်တဲ့ မိန်းကလေးမျိုးပါ)

၁၂။ တစ်ခုခုလုပ်ပေးတိုင်း ကျေးဇူးတင်စကားဆိုတတ်တဲ့မိန်းကလေး

၁၃။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့မိန်းကလေး

Photo Source: Pinterest

By MyStyle Myanmar