အားလုံးပဲ မင်္ဂလာပါ။ ဖေ့ဘွတ်ခ်တို့၊ အင်စတာဂရမ်တို့မှာ စာဖတ်သူတို့လည်း ပုံတင်ကြတယ်မလား။ တစ်ခါတလေ ပုံတစ်ရာလောက်ရိုက်မှ ပုံလှလှလေးတစ်ပုံ ထွက်လာတာပါ။
တစ်ဖန် ထိုပုံလှလှလေး တစ်ပုံတင်ဖို့အရေး ရှုထောင့်လှလှလေးတွေနဲ့ ရိုက်တတ်ဖို့လည်း လိုအပ်သလို Effect ပေါင်းမျိုးစုံကိုလည်း မသိမသာလေး ထည့်တတ်ဖို့လိုပါတယ်။
အခုဖော်ပြပေးသွားမယ့် ကမ္ဘာကျော်အနုပညာရှင်တွေ၊ အနုပညာရှင်မဟုတ်တဲ့ သာမန်မိန်းကလေးတွေကျပြန်တော့ Effect တွေထည့်တာနဲ့ ဖိုတိုရှော့လုပ်တာများသွားတာကြောင့် သူတို့ရဲ့ပင်ကိုရုပ်ပျောက်သွားပြီး အင်မတန်ချောမောလှပသွားပါတယ်။ ဘာ့ကြောင့် အင်စတာဂရမ်မှာ တင်ထားတဲ့ ဓာတ်ပုံများကို မယုံသင့်တာလဲဆိုတာ အတူတူဆက်ကြည့်လိုက်ရအောင်လား။
တစ်နေ့တည်းမှာပဲ အင်စတာဂရမ်မှာ တင်ထားတဲ့ပုံနဲ့ တီဗွီမှာ လွှင့်တဲ့ပုံ လူ ၂ ယောက်ဖြစ်နေတဲ့ Kylie Jenner
မော်ဒယ်တစ်ဦး သူမရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ပုံနဲ့ စင်မြင်ထက်မှာ မော်ဒယ်ရှိုးလျှောက်နေတဲ့ပုံ
အင်စတာဂရမ်မှာ ထင်ထားတဲ့ ကောက်ကြောင်းလှတဲ့ ခန္ဓာကိုယ်နဲ့ ဖိုတိုရှော့မလုပ်ထားသော ခန္ဓာကိုယ်
အင်စတာဂရမ်မှာ တင်ထားတဲ့ပုံနဲ့ Live လွှင့်နေတဲ့ပုံ
အင်စတာဂရမ်အကောင့်ကနေ တဖြည်းဖြည်းလူသိများလာတဲ့ ဖက်ရှင် ဘလော်ဂါတစ်ဦးပါ
အနုပညာရှင်တစ်ဦးကို ပါပါရာဇီတွေ ခိုးရိုက်ထားတဲ့ ဓာတ်ပုံကို ရှာပါ
သဲနာရီပုံစံ ခန္ဓာကိုယ်
ပရိုဖိုင်းမှာ တင်ထားတဲ့ ဓာတ်ပုံနဲ့ သူငယ်ချင်းတွေ Tag တွဲထားတဲ့ ဓာတ်ပုံ
Khloe Kardashian ရဲ့ ပရိုဖိုင်း ဓာတ်ပုံနဲ့ တက်ခ်တွဲခံရတဲ့ ဓာတ်ပုံလေးပါ
ပျိုမေတိုင်း အားကျရလောက်တဲ့ နှုတ်ခမ်းအလှကို ပိုင်ဆိုင်ထားတဲ့ အင်စတာဂရမ်ဓာတ်ပုံ
ပလပ်စတစ်ဆာဂျူရီနဲ့ ဖိုတိုရှော့အစွမ်း ပေါင်းစပ်ထားတဲ့ Bella Hadid
ဒီပုံတွေထဲက Tag တွဲခံထားရတဲ့ ပုံများကို ရှာဖွေလိုက်ပါ။
Source: inspiredot.net