ကိုယ်က မိတ်ကပ်အမြဲပြင်လေ့ရှိတယ်ဆိုရင် ဒီမိတ်ကပ်ပစ္စည်း ၁၃ မျိုးကိုတော့ ဆောင်ထားဖို့လိုပါတယ်။

Primer

မိတ်ကပ်လိမ်းပြီဆိုရင် မိတ်ကပ်သားကြာရှည်ခံပြီး ပိုလှအောင်၊ မိတ်ကပ်မရွေ့အောင်၊ မကွက်အောင် primer ခံလိမ်းဖို့လိုပါတယ်။

Concealer

မျက်ကွင်းညိုတာနဲ့ အမဲစက်၊ အမာရွတ်၊ ဝက်ခြံတွေဖုံးဖို့အတွက် အသားအရောင်မညီတာတွေကို ညှိုဖို့အတွက် concealer သုံးဖို့လည်း လိုပါတယ်။

Foundation

မိတ်ကပ်ပြင်ပြီဆိုမှတော့ foundation လိုပါပြီ။ Foundation မလိမ်းချင်တဲ့သူတွေက cushion လေးသာဆောင်ထားပါ။ အချိန်ကုန်သက်သာပြီး လိမ်းရတာပိုတောင်မြန်ပါသေးတယ်။

Powder

မိတ်ကပ်သားပြောင်ပြောင်လေးဖြစ်နေတာကို ကြိုက်ရင်တော့ powder မပုပ်လည်းရပါတယ်။ ဒါပေမယ့် မိတ်ကပ်သားကတော့ powder ပုပ်ထားတာလောက် ကြာရှည်မခံပါဘူး။ အဆီပြန်တဲ့သူတွေဆိုရင်တော့ powder ထပ်ပုပ်ပေးဖို့လိုပါတယ်။

Makeup Sponge

Foundation လိမ်းရင် မိတ်ကပ်သားညီပြီး သိပ်သိပ်လေးဖြစ်အောင် လက်နဲ့မလိမ်းပဲ makeup sponge နဲ့လိမ်းပေးပါ။ Cushion သုံးရင်တော့ ဒါကိုဆောင်ထားစရာ မလိုပါဘူး။

နှုတ်ခမ်းနီ

မိတ်ကပ်ပြင်ပြင်၊ မပြင်ပြင် မိန်းကလေးတိုင်းအတွက် နှုတ်ခမ်းနီလိုပါတယ်။ ကိုယ်ဆိုးနေကျအရောင်လေး၊ အမြဲဆိုးဖြစ်မယ့်အရောင်လေးတွေပဲ ရွေးဝယ်ပါ။

Mascara

မျက်တောင်လေးတွေကော့နေမှ မျက်လုံးအလှပိုပေါ်ပြီးလှတာပါ။ ဒါကြောင့် mascara ဆောင်ထားဖို့လည်း မမေ့ပါနဲ့။ Eye makeup မပြင်ရင်တောင်မှ mascara လေးနဲ့ မျက်တောင်ကော့ပြီး နှုတ်ခမ်းနီဆိုးလိုက်ရင် လှနေပါပြီ။

Eyebrow Pencil

မျက်နှာမှာ မျက်ခုံးမွှေးကအသက်ပါပဲ။ မျက်ခုံးမွှေးပုံစံပေါ်မူတည်ပြီး ရုပ်ပြောင်းသွားစေပါတယ်။ ဒါကြောင့် eyebrow pencil ကတော့ မရှိမဖြစ်ပါပဲ။

Eyeliner

မိတ်ကပ်ပြင်တဲ့အခါမှာ eyeliner မဆွဲလည်းရပါတယ်။ ဒါပေမယ့် ပွဲတွေသွားစရာရှိတဲ့အခါ၊ မျက်လုံးဝိုင်းပြီး ပိုကြီးတာမျိုးလေး ဖြစ်ချင်တဲ့အခါမှာတော့ eyeliner ဆွဲဖို့လိုပါတယ်။

Eyeshadow

မိတ်ကပ်အမြဲပြင်လေ့ရှိရင်တော့ မျက်လုံးခြယ်ဖို့ eyeshadow လိုတာပါပဲ။ Everyday look အတွက် အဆင်ပြေမယ့်အရောင်လေးတွေသာ ရွေးဝယ်ထားပါ။

ပါးနီ

မိတ်ကပ်ပြင်တဲ့အခါမှာ ပါးနီခြယ်ထားရင် ပိုနုသလိုဖြစ်စေပါတယ်။ မျက်နှာလေးလည်း ပိုပြီးလင်းသွားစေပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်ရင် ပါးနီခြယ်ဖို့မမေ့ပါနဲ့။

Setting Spray, Facial Spray

မိတ်ကပ်ပြင်ပြီးသွားတဲ့အခါမှာ မိတ်ကပ်သားကြာရှည်ခံစေဖို့၊ မိတ်ကပ်သားမရွေ့ပဲ ပိုလှစေဖို့၊ မျက်နှာလေးရေဓာတ်ပြည့်ပြီး စိုစိုကြည်ကြည်လေး ဖြစ်နေစေဖို့ setting spray, facial spray တစ်ခုခုကိုသုံးပေးပါ။

Makeup Remover

မိတ်ကပ်ပြင်လေ့ရှိတယ်ဆိုရင်တော့ makeup remover ကို မဖြစ်မနေဆောင်ထားရပါမယ်။ ဒီတိုင်း မျက်နှာသစ်ဆေးနဲ့ တန်းသစ်လို့ မပြောင်ပါဘူး။ Makeup remover နဲ့ဖျက်ပေးဖို့လိုပါတယ်။