ဂျင်းသားတွေကို Levi Strauss ဆိုတဲ့ သူက ၁၈၇၁ မှာ စတင်တီထွင်ခဲ့တာပါ။ ဒီဂျင်းဝတ်စုံ စတိုင်တွေက ခေတ်အလိုက် အဆင့်ဆင့်ပြောင်းလဲခဲ့ကာ အခုဆိုရင် လူတိုင်းရဲ့ အဝတ်ဗီဒိုထဲမှာ အနည်းဆုံး တစ်ထည်တော့ ပိုင်ဆိုင်ထားကြပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်မှာရှိတဲ့ ဂျင်းဘောင်းဘီကို ဝတ်တဲ့အခါ ပိုကြည့်ကောင်းသွားဖို့ မလုပ်သင့်တဲ့ အမှားတွေကို ဖော်ပြလိုက်ပါတယ်။

အရောင်တူတဲ့ ဂျင်းသား

အရင်က အရောင်ကို အပေါ်အောက် ဆင်တူ ဖြစ်အောင် ဝတ်တတ်ကြပေမယ့် အရောင် အရင့်အနုဝတ်တာက သင့်ကို ပိုစတိုင်ကျစေပါလိမ့်မယ်။

ဂျင်းဘောင်းဘီတစ်ဖြောင့်တည်းသွားတဲ့စတိုင်

တစ်တန်းတည်း သွားတဲ့ ဂျင်းဘောင်းဘီရဲ့ အရှည်က ခြေမျက်စိနဲ့ ကွက်တိဖြစ်သင့်ပါတယ်။ ခြေမျက်စိနေရာထက် ပိုရှည်သွားရင် ဖောင်းဖောင်းကြီးလို ဖြစ်နေပါလိမ့်မယ်။

ရှည်နေတဲ့ ဘောင်းဘီ

ဂျင်းဘောင်းဘီရှည်တဲ့အခါ ခေါက်လိုက်မယ်ဆိုရင် သေသေသပ်သပ် ဖြစ်သင့်ပါတယ်။ အခေါက် အတိုင်းအတာက လက်မ အဆစ်ဝန်းကျင် ဖြစ်သင့်ပါတယ်။

ခါးနေရာ

ဂျင်းဘောင်းဘီ ဝယ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ် အချိုးအစားအလိုက် ခန္ဓာကိုယ်နဲ့ အဆင်ပြေမယ့် ခါးအရှည်ကို ရွေးသင့်ပါတယ်။

ဘွတ်ဖိနပ် အရှည်တွဲတဲ့အခါ

ဘောင်းဘီအကျပ် ဝတ်တဲ့အခါ ဘွတ်ဖိနပ်နဲ့ တွဲနိုင်ပေမယ့် ခြေထောက်ကို ကပ်လွန်းတဲ့ ဘွတ်အရှည်တွေကို ရှောင်သင့်ပါတယ်။

ဘွတ်ဖိနပ်ထဲ ဝင်နေတဲ့ ဂျင်းဘောင်းဘီရှည်

ဂျင်းဘောင်းဘီက ဖိနပ်ထဲ ခေါက်ဝင်နေရင် ကြည့်မကောင်းပါဘူး။ ဒါကြောင့် ဖိနပ်မရောက်ခင် အရှည်ရှိတဲ့ ဘောင်းဘီမျိုးကို ရွေးသင့်ပါတယ်။ ဖိနပ်ထဲ ထည့်ဝတ်တာမျိုးကိုတော့ မလုပ်သင့်ပါဘူး။

ခါးနေရာ ခါးပတ်ပတ်တဲ့အခါ

ခါးအရှည်မဟုတ်ဘဲ အနေတော် အရှည်ရှိတဲ့ ဘောင်းဘီတွေကို ခါးပတ်နဲ့ ပတ်တာမျိုး ရှောင်သင့်ပါတယ်။

တင်ပါးနားလောက်ပဲ ရောက်တဲ့ ဘောင်းဘီရှည်

ခါးအကျ ဖြစ်တဲ့ ဘောင်းဘီစတိုင်က ခန္ဓာကိုယ် အချိုးအစားနဲ့ အဆင်မပြေရင် ဘယ်လိုမှ ကြည့်မလှပါဘူး။

ဘောင်းဘီအကျပ် ရှည်လွန်းတာ

ဘောင်းဘီအကျပ် ရွေးတဲ့အခါ သင့်အနေနဲ့ ရှည်လွန်းရင် ညှပ်ပစ်တာမျိုး ခေါက်ဝတ်တာမျိုး လုပ်သင့်ပါတယ်။

Flared Pants ပွလွန်း၊ ရှည်လွန်းတာ

Flared Pants က ရှည်လွန်းပြီး ပွနေရင် သင့်ပုံစံကို ဆွဲချလိုက်သလို ဖြစ်စေနိုင်ပါတယ်။

ကြီးလွန်းတဲ့ ဘောင်းဘီ

ဖက်ရှင် ကျွမ်းကျင်သူတွေကတော့ ကြီးတဲ့ ဘောင်းဘီထက် ဆိုဒ်ပိုသေးတဲ့ ဘောင်းဘီရှည်ကို ရွေးသင့်တယ်လို့ ဆိုထားပါတယ်။ ဆိုဒ်ကြီးနေရင် သင့်ခါးပိုကြီးတယ် ထင်ရစေနိုင်ပါတယ်။

နောက်ဘက် အိတ်ကပ်

ဘောင်းဘီအိတ်ကပ် အရှည်က သင့်တင်ပါးကို ပိုပုံကျစေကာ ခန္ဓာကိုယ် ပိုလှတယ် ထင်ရစေပါတယ်။

Skinny Jeans ကို ခါးပတ်မပါဘဲ ဝတ်တာ

သင်က ဘောင်းဘီကျပ် Skinny Jeans ကို ဝတ်မယ်ဆိုရင် ခါးပတ် ပတ်ပေးသင့်ပါတယ်။

Source: Brightside

By MyStyle Myanmar