များသောအားဖြင့် နာမည်ကျော် Cele တွေဆိုရင် သူတို့ရဲ့ အဓိက အလုပ်က သရုပ်ဆောင်မယ်၊ သီချင်းဆိုမယ် စတာတွေပဲ ဖြစ်မယ်လို့ လူအများစုက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သူတို့ရဲ့ ဘဝဖြတ်သန်းပုံနဲ့ ပညာရေးက သူတို့ လုပ်နေတဲ့ အလုပ်နဲ့ လားလားမျှမဆိုင် ဖြစ်တတ်ပါတယ်။ တချို့ နာမည်ကျော်တွေရဲ့ စိတ်ဝင်စားမှုနဲ့ အရည်အချင်းက ထင်ထားတာထင် ပိုကျယ်ပြန့်နေတတ်ပါတယ်။ အခုဖော်ပြထားတဲ့ အနုပညာရှင်တွေက သင်မထင်ထားတဲ့ ဘွဲ့တွေကို ရခဲ့သူတွေ ဖြစ်ပြီး ထူးချွန်သူတွေ ဖြစ်ပါတယ်။ ဒီထူးချွန်သူတွေက ဘယ်သူတွေ ဖြစ်မလဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်-

မင်းသား ဟာသသရုပ်ဆောင် Adam Sandler က သရုပ်ဆောင်နဲ့ ပတ်သက်ပြီး မှာ Bachelor’s Degree တောင် ရထားသူပါ။

Meghan Markle က Theater နဲ့ International Studies မှာ ဘွဲ့ရထားပါတယ်။

Shaquille O’Neal က အားကစား ထူးချွန်တဲ့အပြင် ပညာရေး ပါရဂူဘွဲ့ ရထားသူ ဖြစ်ပါတယ်။

Sacha Baron Cohen က Cambridge သမိုင်းနဲ့ တက္ကသိုလ် ဘွဲ့ရတစ်ဦး ဖြစ်ပါတယ်။

မင်းသားကြီး Dwayne Johnson ကတော့ Criminology နဲ့ Physiology ဘွဲ့ ရထားသူ ဖြစ်ပါတယ်။

မင်းသမီး Emma Watson ကတော့ Brown University ကနေ အင်္ဂလိပ်စာပေဘွဲ့ ရရှိထားသူ ဖြစ်ပါတယ်။

Kourtney Kardashian က Theatre Art နဲ့ ဘွဲ့ရထားသူ ဖြစ်တာကြောင့် တကယ်ဆိုရင် မင်းသမီး လုပ်နိုင်သူပါ။

Lisa Kudrow ကိုတော့ “Friends” ဇာတ်လမ်းထဲက ဆံပင်အဝါရောင် ရိုးသားသူ Phoebe အနေနဲ့ ရင်းနှီးကြမှာပါ။ သူမက အပြင်မှာတော့ Psychobiology နဲ့ Science Degree ရထားသူဖြစ်ပါတယ်။

Rebel Wilson က ထူးချွန်တဲ့ ဟာသသရုပ်ဆောင် ဖြစ်တဲ့အပြင် အနုပညာဘွဲ့နဲ့ ဥပဒေဘွဲ့ပါ ရထားသူ ဖြစ်ပါတယ်။

Dolph Lundgren က Chemical Engineering နဲ့ဘွဲ့ရထားသူပါ။

Miuccia Prada က ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့အပြင် Political Science မှာလည်း ph.D. ရထားသူဖြစ်ပါတယ်။

Benedict Cumberbatch ကတော့ Arts in classical acting နဲ့ မာစတာဘွဲ့ ရထားပါတယ်။

မင်းသား Cole Sprouse က သရုပ်ဆောင်အပြင် Archeologist တစ်ယောက်ဖြစ်ပါတယ်။ သူက ကောလိပ်တက်နေတုန်းမှာပဲ Bulgaria မှာ Dionysus Mask ကို ရှာဖွေတွေ့ရှိခဲ့သူ ဖြစ်ပါတယ်။

ဘယ်နာမည်ကျော်ရဲ့ ဘွဲ့က သင့်ကို အံ့ဩစေလဲ ပြောပြခဲ့ပါဦး။

Source: Brightside

By MyStyle Myanmar