လက်သည်းနီဆိုးရတာကြိုက်တဲ့ မိန်းကလေးတိုင်းအတွက် ဆိုးထားရင်အရမ်းလှတဲ့ matte type လက်သည်းနီအရောင် ၁၃ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ Matte type တွေက ဆိုးလိုက်ရင် အထာကျပြီး အရမ်းလှပါတယ်။ ဒါကြောင့် ရိုးရိုးတွေချည်းပဲမဆိုးပါနဲ့။ တစ်ခါတစ်လေကျရင် matte type လေးလည်း ပြောင်းဆိုးကြည့်ပါ။

ဒီလိုအညိုကျတော့ ကော်ဖီဘက်သွားတဲ့ အညိုမျိုးပါ။ အဲ့အရောင်လေးက ရိုးရိုးလက်သည်းနီဆိုးလည်း အရမ်းလှသလို matte type ဆိုလည်း အရမ်းလှပါတယ်။ အသားဆောင်တဲ့အရောင်ဖြစ်လို့ လူတိုင်းနဲ့လိုက်ပါတယ်။

အရောင်အမှိုင်းလေးတွေကြိုက်ရင် ဒီလိုအရောင်မျိုးတွေကို matte type လေးဆိုးပါ။ Matte type တွေက ပိုမိုက်ပြီးလှပါတယ်။

Matte type ဆိုးဖို့ ဘာအရောင်ဆိုးရမှန်းမသိဖြစ်နေတယ်၊ ရွေးရခက်နေတယ်ဆိုရင် maroon အရောင်လေးတွေကိုသာ ရွေးဆိုးပါ။ အဲ့အရောင်တွေက matte type လက်သည်းနီတွေထဲမှာ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးပါပဲ။

အနီကြိုက်ရင် matte type ကို အနီရောင်လေးလည်း ဆိုးကြည့်ပါ။ လက်ပိုဖြူသွားစေပြီး အရမ်းလှပါတယ်။ Matte type အနီက ရိုးရိုးလက်သည်းနီ အနီရောင်ထက် ပိုပြီးတော့လှသလို အသားလည်းပိုဖြူစေပါတယ်။

အုတ်ကျိုးရောင်လက်သွားတဲ့ အရောင်အနု၊ အရင့်လေးတွေဆိုလည်း matte type ဆို အရမ်းလှပြီး အသားဆောင်ပါတယ်။

Matte type ထဲမှာ အစိမ်းရောင်ဆိုးချင်တယ်ဆိုရင် အရောင်နုတာတွေ၊ အရမ်းရင့်တာတွေထက် ဒီလိုအစိမ်းမျိုးကို ရွေးချယ်ပါ။ ပိုပြီးလှပါတယ်။

Matte type ကိုမှ အရောင်ဆန်းတာလေးဆိုးချင်ရင် ဒီလိုခရမ်းဘက်သွားတဲ့ အရောင်လေးတွေကိုသာ ရွေးချယ်ပါ။ အရမ်းလှပြီး fancy ဆန်ပါတယ်။

ဒီအရောင်ကျတော့ အရောင်ဆန်းလေးမို့ အရမ်းလှပါတယ်။ ရိုးရိုးလက်သည်းနီဆိုရင်တောင်မှ မှိန်သလိုဖြစ်ပါတယ်။ Matte type ကျတော့ အရောင်မှိန်လည်း အသားဆောင်ပြီး လှပါတယ်။

Matte type ဆိုးပြီဆိုရင် မဖြစ်မနေဆိုးသင့်တဲ့အရောင်တွေထဲမှာ အနက်ရောင်လည်းပါပါတယ်။ အနက်ကို matte ဆို အထာကျပြီး အရမ်းမိုက်ပါတယ်။

photo source:www.pinterest.com