ဓမ္မတာလာခါနီးရင် နာကျင်ကိုက်ခဲတာက မိန်းကလေးတော်တော်များများမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် ဓမ္မတာလာရင် နာကျင်ကိုက်ခဲတတ်တဲ့ဝေဒနာကို သက်သာစေမယ့် ယောဂကျင့်စဉ် ၁၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်က လေ့ကျင့်ခန်းလည်း ပုံမှန်မလုပ်ဖြစ်ဘူးဆိုရင် ဒီယောဂကျင့်စဉ်တွေကို နေ့တိုင်းသာ လုပ်ပေးသွားပါ။ နေ့တိုင်းမလုပ်ချင်ရင်လည်း ဓမ္မတာလာခါနီး ၁၀ ရက်လောက်အလိုမှာ နေ့တိုင်းလုပ်ပေးပါ။

ယောဂဖျာပေါ်မှာ ဒူးကွေးထိုင်ပြီး ပုံမှာပြထားတဲ့အတိုင်း အရှေ့ကိုကုန်းနေလိုက်ပါ။ တင်ပါးက ခြေဖနောင့်နဲ့ ထိထားစရာမလိုပါဘူး။ လက်နှစ်ဖက်က အရှေ့ကိုဆန့်ထုတ်ထားပါ။ နဖူးနဲ့ဖျာနဲ့ထိပြီး မျက်စိမှိတ်ကာ အသက်ရှူသွင်းရှူထုတ် လုပ်ပေးပါ။

ယောဂဖျာပေါ်မှာလှဲပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ထောက်ထားပါ။ အဲ့အတိုင်းနေပြီး အသက်ရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးရုံပါပဲ။

ဒူးထောက်ပြီး ပုံမှာပြထားတဲ့အတိုင်း ခေါင်းနဲ့ခါးကို အနောက်လန်ထားလိုက်ပါ။ လက်နှစ်ဖက်က ခြေဖနောင့်ကို ထိထားပေးပါ။

ခြေဖဝါးနှစ်ဖက်ကိုစုထိုင်ပြီး လက်နှစ်ဖက်ကလည်း ပုံမှာပြထားတဲ့အတိုင်း ခြေထောက်ကိုကိုင်ထားပါ။ အဲ့ pose အတိုင်းနေပြီး မျက်စိမှိတ်ကာ အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်းရှူထုတ်လုပ်ပေးပါ။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကိုကွေးပြီး နောက်ခြေထောက်တစ်ဖက်ကို ဆန့်ထားပါ။ ဆန့်ထားတဲ့ခြေထောက်ရဲ့ ခြေဖဝါကို လက်နဲ့ကိုင်ထားပြီး နဖူးက ဒူးနဲ့ထိထားပါ။ အဲ့အတိုင်း ဘယ်ညာ ပြောင်းလုပ်ပေးပါ။

ပုံမှာပြထားတဲ့ pose အနေအထားအတိုင်း နေပေးရမှာပါ။ ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း ခြေထောက်တစ်ဖက်ကိုဆန့်ထားပါ။ နောက်ခြေထောက်တစ်ဖက်က ကွေးထားပါ။ လက်နှစ်ဖက်က ဘေးမှာထားပြီး ထောက်ထားပါ။ ဒါလည်း ဘယ်ညာတစ်လှည့်စီ ပြောင်းလုပ်ပေးရပါမယ်။

ခြေချောင်းတွေကို အပြင်ဘက်လှည့်ထားပြီး ဆောင့်ကြောင့်ထိုင်ပါ။ ပုံမှာပြထားတဲ့အတိုင်း လက်ဖဝါးနှစ်ဖက်ကိုလည်း စုထားပါ။

ပုံမှာပြထားတဲ့အတိုင်းလှဲနေပြီး ဒူးကွေးကာ ခြေထောက်ကိုအပေါ်မြှောက်ထားပါ။ ခြေဖဝါးကို လက်နဲ့ထိထားပြီးနေပေးပါ။

ယောဂဖျာပေါ်မှာလှဲပြီး ခြေထောက်နှစ်ဖက်ကို တန်းနေအောင်ဆန့်ပြီး အပေါ်မြှောက်ထားပါ။ လက်နှစ်ဖက်ကို ဘေးချထားပါ။

ပုံမှာပြထားတဲ့အတိုင်းနေပေးရပါမယ်။ ခြေဖနောင့်ကို ကြွထားရပါမယ်။ လက်နှစ်ဖက်ကလည်း အနောက်မှာထားပြီး လက်ဖဝါးနှစ်ဖက်ကိုစုထားရမှာပါ။ အဲ့အတိုင်း ဘယ်လှည့်၊ ညာလှည့် လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့ pose အတိုင်း လက်နှစ်ဖက်ကို ဘေးကိုကားထားပါ။ ခြေဖဝါးနှစ်ဖက်ကိုလည်း စုထားပါ။ အဲ့ pose အတိုင်းနေပြီး အသက်ကိုရှူသွင်းရှူထုတ် ပုံမှန်လုပ်ပေးပါ။

ဖော်ပြပေးထားတဲ့ ယောဂကျင့်စဉ် ၁၂ မျိုးလုံးမှာ တစ်မျိုးကို ၁ မိနစ်စီ နေပေးရပါမယ်။ ဘယ်၊ ညာ လုပ်ရမယ့် ယောဂကျင့်စဉ်တွေဆိုရင် ဘယ် ၁ မိနစ်၊ ညာ ၁ မိနစ် ဖြစ်ပါတယ်။

source:www.brightside.me