စိတ်ညစ်စရာရက်တွေ၊ အဆင်မပြေတဲ့ရက်တွေက လူတိုင်းမှာ ရှိတတ်ပါတယ်။ အထူးသဖြင့် ပျိုမေတို့မှာ ဓမ္မတာကြောင့် ပိုစိတ်ညစ်ရတဲ့ ရက်တွေ ရှိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်ရတဲ့ ရက်တွေမှာ စိတ်အပြောင်းအလဲ ဖြစ်ကာ ပြန်ပျော်ရွှင်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။
၁။ လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းက စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို မေ့ပျောက်စေပါတယ်။ စိတ်ညစ်ရင် Workout သာ ထလုပ်လိုက်ပါ။
၂။ ယုံကြည်ရတဲ့သူကို ရင်ဖွင့်ပါ
သင့်ခံစားချက်တွေကို ယုံကြည်ရတဲ့ တစ်စုံတယောက်စီမှာ ရင်ဖွင့်လိုက်တာက စိတ်ပေါ့သွားစေမှာပါ။
၃။ ငိုတာက အပြစ်မဟုတ်ပါဘူး
စိတ်ညစ်သမျှကို မျက်ရည်နဲ့သာ မျှောချလိုက်ပါ။ ငိုပြီးနောက် သင့်စိတ်ပေါ့ပါးသွားကာ ပိုနေလို့ကောင်းသွားပါလိမ့်မယ်။
၄။ စာအုပ်ဖတ်လိုက်ပါ
စာအုပ်တွေက သင့်စိတ်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ဟင်းချက်စာအုပ်၊ စိတ်ခွန်အားဖြည့် စာအုပ်၊ ရသစာအုပ် စသဖြင့် ကြိုက်တာ ဖတ်နိုင်ပါတယ်။
၅။ အိမ်သန့်ရှင်းရေးလုပ်ပါ
အိမ်ရှင်းပြီးတာနဲ့ စိတ်ရှင်းသွားပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်ရှင်းထားကြောင်းကို ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကိုပါ အိမ်ခေါ်ကြွားနိုင်ပါသေးတယ်။
၆။ ပွေ့ဖက်ပါ
သင့်မိသားစု၊ ချစ်ရသူနဲ့ ခဏတာ ပွေ့ဖက်လိုက်တာက စိတ်ညစ်စရာတွေ သက်သာစေကာ နွေးထွေးစေပါတယ်။
၇။ တစ်စုံတစ်ယောက်ကို ကူညီပေးပါ
လူတွေကို ကူညီပေးလိုက်လို့ သူတို့ ပြုံးသွားတဲ့အခါ သင့်ကို စိတ်ချမ်းသာစေမှာပါ။
၈။ YouTube က ဗီဒီယိုတွေကို ကြည့်ပါ
YouTube ပေါ်က ဗီဒီယို အများစုက သင့်ကို ဗဟုသုတတွေ ပေးနိုင်တာမို့ စိတ်ထွက်ပေါက် ဖြစ်စေမှာပါ။
၉။ ကိုယ်ကြိုက်တဲ့ အစားအသောက်ကို စားပါ
သင်နှစ်သက်တဲ့ ဖျော်ရည်၊ စားစရာတွေကို စိတ်ညစ်တဲ့ ရက်တွေမှာ အရသာခံ စားသင့်ပါတယ်။
၁၀။ သီချင်းနားထောင်ပါ
စိတ်ညစ်တဲ့ ရက်တွေမှာ သင်ကြိုက်တဲ့ သီချင်းတွေကို နားကျပ်တပ်ကာ အိပ်ရာပေါ်မှာ နားထောင်တာ၊ ကရင်း နားထောင်တာ ကြိုက်တာ လုပ်နိုင်ပါတယ်။
၁၁။ ရေနွေးနွေးလေးနဲ့ ရေချိုးပါ
ရေနွေးနွေးလေးက စိတ်ပြန်လန်းဆန်းစေမယ့်အပြင် လည်ပင်းအကြောတင်းနေတာ၊ ရှိသမျှ အကြောတွေကို ပြေလျော့စေပါတယ်။
၁၂။ To-Do List ရေးပါ
ကိုယ်လုပ်စရာတွေကို ချရေးကာ ပြီးမြောက်အောင် လုပ်လိုက်တဲ့အခါ သင့်အတွက် စိတ်ခွန်အား ပြန်ရစေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar