အာဟာရညီညွတ်မျှတတဲ့အစားအစာတွေက ကိုယ်ခန္ဓာနဲ့အသားအရေကျန်းမာရေးအတွက် အရေးပါတဲ့ ဆေးတစ်မျိုးပါပဲ။ ကိုယ်စားတဲ့အစားအစာတွေအပေါ်မူတည်ပြီး အသားအရေကလည်းပြောင်းလဲနိုင်တာကြောင့် သင်က ဝက်ခြံအလွယ်တကူထွက်တတ်တဲ့သူဆိုရင် ဝက်ခြံ Breakouts ဖြစ်ခြင်းကို တားဆီးကာကွယ် ပေးနိုင်မယ့် အစားအစာတွေကို ရွေးချယ်စားသောက်တတ်ဖို့အရေးကြီးပါတယ်။ ဥပမာ အသင့်စား Fast Food တွေနဲ့ အချိုလွန်ကဲတဲ့အစားအစာတွေကတော့ ဝက်ခြံပြဿနာကိုခံစားရနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အရေပြားဆရာဝန်အချို့ကပါ အကြံပြုထားတဲ့ ဝက်ခြံထွက်ခြင်းကိုကာကွယ်ဖို့ အထောက်အကူပြုနိုင်တဲ့ အစားအသောက်တွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအစာတွေထဲမှာ ဝက်ခြံပြဿနာဖြေရှင်းဖို့စားသုံးခြင်းအပြင် အရေပြားပေါ်ကိုပါ တိုက်ရိုက်အသုံးပြုနိုင်တဲ့အစားအသောက် အချို့လည်းပါဝင်ပါတယ်။

၁။ ရေ

ဝက်ခြံထွက်ခြင်းကိုဖယ်ရှားနိုင်ဖို့ အရေးအကြီးဆုံးကတော့ ရေများများသောက်ဖို့ပါပဲ။ မျက်နှာပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ Chemical တွေကိုဖယ်ရှားပြီး အစိုဓာတ်ထိန်းထားနိုင်ဖို့အတွက် တစ်နေ့ကိုအနည်းဆုံး ရေနှစ်လီတာပြည့်အောင်သောက်သင့်ပါတယ်။

၂။ ဘယ်ရီသီးအမျိုးမျိုး

အရသာရှိပြီးလတ်ဆတ်တဲ့ ဘယ်ရီသီးတွေက Antioxidant အရင်းအမြစ်တွေဖြစ်တာကြောင့် ဝက်ခြံကင်းစင်ပြီး အသားအရေပြန်လည်ကျန်းမာစေဖို့ကုစားပေးနိုင်ပါတယ်။

၃။ လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာ Antioxidant တွေနဲ့ ဝက်ခြံကြောင့် ဆဲလ်ပျက်စီးခြင်း၊ နီမြန်းခြင်းနဲ့ ယောင်ရမ်းခြင်း တွေကို သက်သာစေနိုင်တဲ့ “Catechins” လို့ခေါ်တဲ့ဓာတ်တွေပါဝင်ပါတယ်။

၄။ ဂျုံကြမ်း

ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ Cereals နဲ့ ဂျုံကြမ်းပေါင်မုန့်စတာတွေမှာ ဝက်ခြံနဲ့နေလောင်ဒဏ်တွေကို သက်သာစေတဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။

၅။ နွားနို့

နွားနို့မှာ ကယ်စီယမ်ဓာတ်တွေအပြင် ကျန်းမာနုပျိုတဲ့အသားအရေရရှိဖို့အထောက်အကူပြုတဲ့ ဗီတာမင် A နဲ့ D တို့လည်းပါဝင်ပါတယ်။

၆။ သံလွင်ဆီ

သံလွင်ဆီနဲ့ နှမ်းဆီတွေမှာ ဝက်ခြံကင်းစင်ပြီး အရေပြားအတွင်းအာဟာရဓာတ်ပြည့်ဝစေနိုင်တဲ့ Fatty Acids ဓာတ်တွေ ပါဝင်ပါတယ်။

၈။ သံပရိုရည်

သံပရိုရည်ကအသားအရေအပေါ်တိုက်ရိုက်အသုံးပြုနိုင်တာကြောင့် သံပရိုရည်အနည်းငယ်ကို သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာနဲ့သမအောင်မွှေပြီး မျက်နှာအရေပြားပေါ်စက်ဝိုင်းပုံစံ ဖြေးဖြေးချင်းပွတ်လိမ်းပေးပါ။ ဒီနည်းလမ်းက ဝက်ခြံပျောက်ကင်းစေနိုင်တဲ့အပြင် အမာရွတ်နဲ့ အမဲစက်တွေကိုလည်းသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ အသားအရေနဲ့ ဓာတ်မတည့်ခြင်းတွေဖြစ်နိုင်တာကြောင့် မျက်နှာပေါ်မတင်ခင် လက်မောင်းနဲ့လက်ခုံတွေမှာအနည်းငယ်လိမ်းပြီးစမ်းကြည့်ဖို့လိုပါတယ်။

၉။ Oatmeal

နောက်ထပ်စားသောက်ခြင်းအပြင် အရေပြားပေါ်တိုက်ရိုက်လိမ်းပြီးသုံးနိုင်တဲ့ စားသောက်ကုန်ကတော့ Oatmeal ဖြစ်ပါတယ်။ Oatmeal က ဝက်ခြံဖြစ်စေတဲ့အဆီဓာတ်ထွက်ခြင်းကိုရပ်တန့်ပေးနိုင်ပြီး အရေပြားယားယံခြင်း မဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။

၇။ အဆီမပါတဲ့ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ဗီတာမင်အေက မျက်နှာပေါ်ကဝက်ခြံတွေကိုကုသပေးနိုင်ပြီး နောက်ထပ်မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အအေးခံထားပြီး အရောအနှောမပါဝင်တဲ့ ဒိန်ချဉ်ကို မနက်ပိုင်းမှာ မျက်နှာအရေပြားပေါ်ကို တစ်မိနစ်နှစ်မိနစ်ခန့်ခပ်ပါးပါးလိမ်းပေးပြီး ရေနွေးနွေးနဲ့ပြန်လည်ဆေးချပါ။

၁၀။ သစ်ကြားသီးအခွံ

သစ်ကြားသီးအခွံက ဆဲလ်သေတွေကိုဖယ်ရှားပေးရာမှာ အထောက်အကူပြုနိုင်ပြီး သူ့မှာ အိုမီဂါ ၃ အဆီဓာတ်နဲ့ ဝက်ခြံထွက်တတ်တဲ့အသားအရေကို သန့်စင်ပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။

၁၁။ တရုတ်ဆီးသီးစေ့အခွံ (Arpricot Pits)

သစ်ကြားသီးအခွံနည်းတူ တရုတ်ဆီးသီးနဲ့ မက်မွန်သီးတွေစေ့အခွံမာတွေကလည်း အသားအရေ ထိန်းသိမ်းရာမှာအသုံးဝင်တဲ့ပစ္စည်းတွေဖြစ်တာကြောင့် ၎င်းတို့ပါဝင်တဲ့ မျက်နှာ Scrub ထုတ်ကုန်တွေကိုအသုံးပြုပေးသင့်ပါတယ်။

၁၂။ ဖရဲသီး

ဖရဲသီးမှာ Antioxidant နဲ့ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေကိုနူးညံ့ချောမွတ်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဖရဲသီးကိုစားသုံးခြင်းအပြင် ဆေးကြောပြီးသားအခွံကိုမျက်နှာအရေပြားပေါ် ခပ်ဖွဖွပွတ်ခြင်းဖြင့်လည်းအသုံးပြုနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar