မိန်းကလေးတိုင်းလိုလို အနာဂတ်လက်တွဲဖော်ပုံစံကို မြင်ယောင်ကြည့်ဖူးမှာပါ။ သင်က Ideal Boyfriend ပုံစံကို မျက်ခုံးကောင်းကောင်း၊ နှာတံစင်းစင်း၊ မျက်လုံးလေးကလည်း တည်ကြည်ပြီး အရပ်ရှည်ရှည် စသဖြင့် ကိုယ်နှစ်သက်ရာအလိုက် စိတ်ကူးယဉ်ဖူးမှာပါ။ ဒါပေမဲ့ ရုပ်ရည်ထက် တခြားကြည့်သင့်တဲ့ အချက်တွေ ရှိပါသေးတယ်။အသက်အရွယ် အိုမင်းလာရင် လူတိုင်းလိုလို ငယ်စဉ်ကလောက် ကြည့်မကောင်းတော့တာကို လက်မခံချင်လည်း လက်ခံရပါမယ်။ ရုပ်ရည် ပြောင်းသွားခဲ့ရင်တောင် မပြောင်းလဲဘဲ ကျန်ခဲ့မှာက သူ့စိတ်နဲ့ ခံယူချက်တွေပါ။ ဒီတော့ ရုပ်ချောတာထက် ဘာကို ပိုမက်သင့်လဲ ကြည့်လိုက်ရအောင်-

၁။ စာနာမှု

စာနာတတ်တဲ့ အမျိုးသားတစ်ယောက်က သင့်ခံစားချက်ကို ဂရုစိုက်ပေးတဲ့ အပြင် တပါးသူအပေါ်ပါ ကိုယ်ချင်းစာပေးနိုင်ပါတယ်။ ဒီလိုလူနဲ့ သင်တွဲရင် ဘယ်တော့မှ အထီးကျန်တယ် မခံစားရတော့ပါဘူး။

၂။ ရိုးသားမှု

သင့်လက်တွဲဖော်က ရိုးသားမှု ရှိသင့်ပါတယ်။ သူမှားခဲ့ရင်တောင် မှားကြောင်း ရိုးသားစွာ ဝန်ခံသူ ဖြစ်သင့်ပါတယ်။ ရိုးသားတဲ့ အမျိုးသားတစ်ယောက်က သင့်ကို လေးစားပြီး သင့်ကို ဂရုစိုက်ပါလိမ့်မယ်။

၃။ ဟာသပြောနိုင်ခြင်း

ဟာသ ပြောတတ်တဲ့ ကောင်လေးနဲ့ တွဲမယ်ဆိုရင်တော့ သင်တို့နှစ်ဦးက အခက်အခဲနဲ့ ကြုံတွေ့ရင်တောင် ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

၄။ အားငယ်စိတ်ကို ထုတ်ပြတတ်သူ

ကိုယ့်အားနည်းချက်ကို ချစ်သူရှေ့မှာ ထုတ်ပြတတ်တဲ့ အမျိုးသားတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်နဲ့ သူ့ကြားမှာ ရင်းနှီးမှု၊ ယုံကြည်မှုတွေ တိုးလာပါလိမ့်မယ်။

၅။ ကောက်ကာငင်ကာ ထလုပ်တတ်သူ

ဘယ်အရာမဆို ရုတ်တရက်ကြီး အကောင်အထည်ဖော်တတ်တဲ့ ယောကျာ်းလေးမျိုးနဲ့ သင်က တွဲမယ်ဆိုရင် အသက်ကြီးရင်တောင် ပျင်းရမှာ မဟုတ်ပါဘူး။

၆။ စိတ်ထက်သန်မှု

သင့်ကောင်လေးက သင့်အပေါ် စိတ်ထက်သန်မှု ရှိသင့်သလို သူ့အလုပ်မှာလည်း စိတ်အားထက်သန်မှု ရှိသင့်ပါတယ်။ စိတ်ခွန်အားပြင်းထန်သူတွေက သူတို့နားက လူတွေကိုပါ စိတ်ခွန်အားတိုးစေပါတယ်။

၇။ ဉာဏ်ပြေးသူ

သင့်ကောင်လေးက စာတော်လွန်းသူ ဖြစ်စရာ မလိုသလို စာကျက်ပိုးလည်း ဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့ အရာရာမှာ ဖြတ်ထိုးဉာဏ်ပြေးသူ၊ ဗဟုသုတ ရှိသူ ဖြစ်သင့်ပါတယ်။

၈။ စကားပြောအဆင်ပြေသူ

ရုပ်ချောပြီး စကားပြောရ အဆင်မပြေတဲ့အခါ ကြာလာရင် ဒါက ဘာမှမဟုတ်တော့ပါဘူး။ သူနဲ့ ပေါ့ပေါ့ပါးပါး ကိုယ်ပြောချင်တာ ပြောနိုင်၊ သူကလည်း ကိုယ့်ကို ပြောနိုင်တာမျိုး ဖြစ်သင့်ပါတယ်။

၉။ စွန့်စားတတ်သူ

သင်တွဲမယ့် သူက အတွေ့အကြုံတွေကို အချင်းချင်း ဝေမျှနိုင်သူ ဖြစ်သင့်ပါတယ်။ အသစ်အသစ်တွေကို သင်နဲ့တူတူ လက်တည့်စမ်းရဲသူ ဖြစ်သင့်ပါတယ်။

၁၀။ အလုပ်ကျင့်ဝတ်ရှိသူ

သင့်လက်တွဲဖော်က အလုပ်ကြိုးစားသူ ဖြစ်သင့်ပါတယ်။ ဒီလိုမှ ငွေရေးကြေးရေး အရ ညီတူမျှတူ စီမံနိုင်မှာပါ။ သင်တစ်ယောက်တည်း Support နေတာ မဖြစ်သင့်ပါဘူး။

၁၁။ သစ္စာရှိသူ

ဒါကတော့ သင်သိပြီးသား ဖြစ်မှာပါ။

၁၂။ သင့်ကို တကယ်ချစ်တဲ့သူ

သင်ကလည်း သူ့ကိုချစ်၊ သူကလည်း သင့်ကို ချစ်မှ ဘဝခရီးလမ်းကို အတူတူ ဖြတ်ကျော်နိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar