တက်တူးထိုးရတာကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ တက်တူးဒီဇိုင်း ၁၂ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒီတက်တူးဒီဇိုင်းလေးဆိုရင် ပန်းခတ်လေးကိုမှ ခရမ်းရောင်ဖြစ်လို့ အရမ်းလှပါတယ်။ ဒီလိုအရောင်နဲ့ တက်တူးလေးတွေက ဘယ်လောက်ကြီးကြီး အမြင်မရိုင်းပဲလှတာကြောင့် မိန်းကလေးတွေနဲ့ ပိုလိုက်ပါတယ်။

ခုနကလောက်ကြီးတာမကြိုက်ရင် ပန်းဒီဇိုင်းလေးထိုးချင်ရင် ဒီတက်တူးဒီဇိုင်းလေးကလည်း အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ခရမ်းရောင်ကြိုက်ရင်တော့ ဒီတက်တူးဒီဇိုင်းလေးကို သဘောကျမှာ သေချာပါတယ်။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

လက်မှာထိုးမယ်ဆိုရင် ပန်းဒီဇိုင်းကို ဒီလို ၃ မျိုး အတန်းလိုက်ထိုးတာလေးလည်း အရမ်းလှပြီး ချစ်ဖို့ကောင်းပါတယ်။ အရောင်လေးတွေနဲ့မို့ မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတာပါ။

Zodiac sign ကို ဒီလိုအရောင်လေးတွေနဲ့ထိုးတာက မိန်းကလေးတွေနဲ့ အရမ်းလိုက်ပြီး ချစ်ဖို့ကောင်းပါတယ်။ တက်တူးထိုးဖို့ ပုံစဉ်းစားရခက်နေရင် zodiac sign တွေသာထိုးချပစ်ပါ။

ဒီလိုတက်တူးဒီဇိုင်းလေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ ဘယ်လိုကြည့်ကြည့်ကို ချစ်ဖို့ကောင်းတာကြောင့် လူငယ်ကောင်မလေးတွေနဲ့ဆို ပိုလိုက်မှာပါ။

လိပ်ပြာနဲ့ပန်းကို စပ်ပြီးပုံဖော်ထိုးထားတာ အရမ်းမိုက်ပါတယ်။ အနုပညာဆန်ပြီး အရမ်းလည်းလှပါတယ်။

လိပ်ပြာကြိုက်ပေမယ့် အကြီးကြီးတွေမထိုးရဲရင် ဒီလိုသေးသေးလေးတွေထိုးပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဒီတက်တူးဒီဇိုင်းကတော့ အရမ်းမိုက်သလို လှလည်းလှတာကြောင့် အကြီးကြီးထိုးချချင်ရင် ဒီလိုလေးသာ ထိုးပစ်ပါ။

ခွေးချစ်သူလေးတွေ၊ ခွေးမွေးထားတဲ့သူလေးတွေဆိုရင် ကိုယ့်ခွေးလေးပုံတူလေးတွေ ထိုးလို့ရပါတယ်။ အမှတ်တရဖြစ်စေပြီး အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

ယုန်ပုံတက်တူးဒီဇိုင်းလေးကတော့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ယုန်ချစ်တဲ့သူတွေဆို သဘောကျမှာသေချာပါတယ်။