ကိုယ့်ကိုကိုယ် အမြဲတမ်း ချစ်တတ်ဖို့က တစ်ခါတလေ ခက်ခဲနေတတ်ပါတယ်။ ရှုံးနိမ့်မှုတွေ၊ လောကဓံတွေကြောင့် ကိုယ့်ကိုကိုယ်ချစ်ဖို့ ပျက်ကွက်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ပြဖို့ထက် အခြားသူတွေကို ချစ်ပြဖို့က ပိုလွယ်နေတတ်ပါတယ်။ တခြားသူတွေကို ပံ့ပိုးပေးသလို ကိုယ့်ကိုကိုယ်လည်း ပြန်ပံ့ပိုးပေးဖို့ လိုပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ်ချစ်ကြောင်း ဒီအမူအရာတွေနဲ့ ပြသလိုက်ပါ။

၁။ ပထမဆုံး အခြားသူတွေနဲ့ ကိုယ့်ကိုကိုယ်နှိုင်းယှဉ်တတ်တဲ့အကျင့်ကို ရပ်ပေးပါ။

၂။ ငြင်းတတ်ပါစေ။ စည်းခြားထားပါ။ ကိုယ့်အတွက် အဆင်မပြေတာအတွက် “No” ပြောဖို့ အားမနာပါနဲ့။


၃။ သင့်ကိုယ်သင် ချစ်တဲ့ သင့်ကိုယ်သင် သဘောကျတဲ့ အကြောင်းအရာတွေကို List လုပ်ပါ။

၄။ ကိုယ့်အတွင်းစိတ်ကို ယုံကြည်ပါ။ ကိုယ့်စကားသံကို နားထောင်ပါ။ အခြားသူတွေက ကိုယ့််ကို မလုုပ်နိုင်ဘူး.. အသုံးမကျဘူးဆိုတဲ့ အပြစ်တင်စကားတွေကို ခေါင်းထဲ မထည့်ပါနဲ့။

၅။ တစ်ယောက်တည်း ခရီးသွားကြည့်ပါ။


၆။ ကိုယ့်အတိတ်က အမှားတွေကို မေ့ဖျောက်ပစ်ပါ။

၇။ လှတယ်ဆိုတာ တသမတ်တည်းမရှိကြောင်း ယုံကြည်ထားပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလှစံနှုန်းချင်း မတူညီကြပါဘူး။ သင့်ကိုယ်သင် ရုပ်ဆိုးတယ်..မလှဘူးလို့ သတ်မှတ်ထားတာမျိုး မလုပ်ပါနဲ့။

၈။ အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းနဲ့နေပါ။ လိုအပ်ရင် သူတို့ဆီက အကူအညီတောင်းပါ။ ကိုယ့်ဘက်က ကူညီပေးနိုင်ရင်လည်း ကူညီလိုက်ပါ။


၉။ ကိုယ့်ကိုကိုယ် အချိန်ပေးပြီး ဂရုစိုက်ပါ။

၁၀။ ကိုယ့်ကိုကိုယ် မကောင်းမြင်တဲ့ အဆိုးအတွေးတွေကို ထုတ်မပြောပါနဲ့။


၁၁။ ကိုယ့်ကိုကိုယ် နစ်နာသူတစ်ယောက်လို သတ်မှတ်ထားတာမျိုး မလုပ်ပါနဲ့တော့။

၁၂။ ကိုယ့်ကိုကိုယ် ချစ်တာက တစ်ကိုယ်ကောင်းဆန်တာမဟုတ်ဘူးဆိုတာ သိထားပေးပါ။ ကိုယ့်ကိုကိုယ်ချစ်တယ်ဆိုတာက ကိုယ့်ရဲ့လိုအပ်ချက်တွေကို နားလည်သဘောပေါက်ပြီး မကောင်းတဲ့အကျင့်တွေကို စွန့်လွှတ်သွားတာပါ။

Source: HerBeauty.co

By MyStyle Myanmar