မိန်းကလေးတွေအတွက် ဝယ်စရာတွေက တစ်နေ့တစ်နေ့ မရိုးရအောင် များပြားလှပါတယ်။ Social Media ပေါ်က နာမည်ကျော်တွေရဲ့ ပုံကို ကြည့်ပြီး သူတို့လို ဖြစ်ဖို့ ပိုက်ဆံအများကြီး သုံးရမှာပဲဆိုတာ သင်သိထားမှာပါ။ ဒီတစ်ခေါက်မှာတော့ ငွေအများကြီးမသုံးရင်ဘဲ အထက်တန်းဆန်ဆန် လှနေစေမယ့် နည်းလမ်းတွေကို ဖော်ပြပါရစေ။

၁။ အတွင်းပိုင်းကို သတိထားပါ

သင့်အတွင်း အင်္ကျီအထပ်က သပ်ရပ်ပြီး အပေါက်အပြဲရာတွေ မရှိသင့်ပါဘူး။ ဘောင်းဘီအပြဲအများစုက သင့်ကို ပိုမိုက်သွားစေပေမယ့် ကျက်သရေရှိတဲ့ပုံစံကို မရစေပါဘူး။

၂။ အဝတ်အစားအသား

အဝတ်အစားအသားကို ဈေးသက်သက်သာသာနဲ့ ဈေးကြီးမယ်ထင်ရစေတဲ့ ပိတ်စသားတွေ ရှိပါတယ်။ ခပ်နွမ်းနွမ်း အဝတ်အစားအသားမျိုးကို ရှောင်သင့်ပါတယ်။

၃။ မြင်ရတဲ့ ဇစ်အင်္ကျီကို ရှောင်ပါ

အပေါ်မြင်ရတဲ့ ဇစ်ပါအင်္ကျီတွေက သင့်ပုံစံကို သာမန်ပုံစံပဲ ရစေမှာပါ။ မမြင်ရတဲ့ ဇစ်တွေက ပိုကြည့်ကောင်းစေပါတယ်။ တကယ်လို့ အပြင်ဇစ်ဖြစ်ရင်တောင် ဇစ်အရောင်က ပါတဲ့အင်္ကျီအရောင်နဲ့ တူနေသင့်ပါတယ်။

၄။ ဒေါက်ချွန်ဖိနပ်

ဒေါက်ချွန်ဖိနပ်က သင့်ကို စမတ်ကျတဲ့ အမျိုးသမီးအသွင် ပြောင်းလဲစေပါတယ်။

၅။ အိတ်ရွေးတဲ့အခါ

အိတ်အရောင် ရွေးတဲ့အခါ Neutral အရောင်တွေ ဖြစ်တဲ့ အနက်ရောင်၊ အဖြူရောင်နဲ့ အသားရောင်တွေကို ရွေးချယ်သင့်ပါတယ်။ အိတ်ပုံစံကို အများကြီး မရှုပ်တဲ့ ခပ်ရှင်းရှင်းပုံစံတွေကိုပဲ ရွေးသင့်ပါတယ်။

၆။ ဇာသား

ဇာအများကြီးပါတဲ့ အဝတ်အစားမျိုးကို ရှောင်သင့်ပါတယ်။ ဇာအနည်းငယ်လောက်ပဲ ပါတဲ့အဝတ်အစားက သင့်ကို ပိုတင့်တယ်စေပါတယ်။

၇။ အရောင်မှိန်တာကို ရှောင်ပါ

အရောင်မှိန်လွန်းတာမျိုးက သင့်ကို ပိုမှိန်သွားစေပါတယ်။ အရောင်တောက်တောက်လေးတွေကို ရံဖန်ရံခါ ဝတ်ဆင်သင့်ပါတယ်။

၈။ အင်္ကျီထည့်ဝတ်ပါ

အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်တာက သင့်ကို ပိုပြီး စမတ်ကျကျ လှပစေပါတယ်။

၉။ ရွှေထည့်ပါ

သင့်ကို သူဌေးမ တစ်ဦးလို လှနေစေမယ့်အရာက ရွှေ Accessories ပါ။ ရွှေရောင်က သင့်ကို ပိုကျက်သရေရှိတဲ့ပုံစံ ပေါ်စေပါတယ်။

၁၀။ Texture မျိုးစုံထည့်ပါ

မတူတဲ့ အင်္ကျီအသားတွေကို ဖက်ရှင်တစ်ခုတည်းမှာ ပေါင်းထည့်လိုက်တာက သင့်ကို ပိုဆန်းသစ်သွားစေပါတယ်။

၁၁။ အသေးစိပ်ကို ဂရုစိုက်ပါ

အဝတ်အစားမှာ လိုအပ်တဲ့ အသေးစိပ်အရာတွေကို ဂရုစိုက်သင့်ပါတယ်။ အင်္ကျီတွန့်နေလား၊ အင်္ကျီအရောင်လွဲနေလား စတဲ့ အသေးစိပ်တွေကိုပါ ဂရုစိုက်ပေးသင့်ပါတယ်။

၁၂။ အဖြူရောင်ဝတ်ပါ

တစ်ကိုယ်လုံး အဖြူရောင်နဲ့ ဆင်ကြည့်ပါ။ သင်က ဈေးသက်သာတဲ့ အဝတ်အစားဝတ်ထားရင်တောင် ပိုဈေးကြီးတယ် ထင်ရစေပါတယ်။

Photo Source: Brightside.me

By MyStyle Myanmar