အားလုံးပဲ မင်္ဂလာပါ၊ စာဖတ်သူတွေထဲမှာ အချစ်ရေး ကံကောင်းတဲ့သူတွေ ဘယ်နှယောက်လောက် ပါကြလဲ။

တစ်ချို့လူတွေကလည်း အချစ်နဲ့ပတ်သက်လာရင် ကံကောင်းကြသလို၊ တစ်ချို့လူတွေကျတော့လည်းလေ အချစ်နဲ့ ပတ်သက်လာရင် နှလုံးလမ်းကြောင်းမှာ ကျွန်းခံရုံတင်မက မြင့်မိုရ်တောင်ကြီးတွေပါ ခံနေတတ်ပါတယ်။

ကံကောင်းထောက်မလို့ ချစ်သူတစ်ယောက်ရသွားရင်တောင် တငိုငို တရယ်ရယ်ဖြစ်နေတဲ့သူတွေလည်း အများကြီးပါပဲ။ သင့် လက်ရှိချစ်သူက သင့်ဘဝအတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်ရဲ့လား၊ သင့်ရဲ့ ရွေးချယ်မှု မှန်ကန်ရဲ့လားဆိုတာကို ခွဲခြားသိနိုင်အောင် အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်နော်။

သင့်ရဲ့ မိဘတွေကို ချစ်ခင်လေးစားပါတယ်။

သင့်ကြောင့် အရှက်ရ ရတယ်လို့ ဘယ်တော့မှ တွေးမှာမဟုတ်ပါဘူး။ ရူးကြောင်ကြောင် ကိစ္စတွေကိုတောင် သင်နဲ့ အတူတူလိုက်လုပ်ပါလိမ့်မယ်။

သူတို့ရဲ့ ဒေါသကို ချုပ်တည်းနိုင်ကြသလို၊ သင့်အပေါ်မှာလည်း စိတ်ရှည်သည်းခံစိတ်ရှိကြပါတယ်။

သင့်အယူအဆနဲ့ သူ့အယူအဆတွေက ဆန့်ကျင်ဘက်ဖြစ်နေရင်တောင်မှ သင့်ယူဆချက်ကို လေးစားမှုရှိကြောင်း ပြသပါတယ်။

သင့်မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောမှာ မဟုတ်ပါဘူး။

သင့်ကို ဒေါသထွက်၊ စိတ်တိုနေရင်တောင် လူရှေ့ သူရှေ့ မှာ အပြစ်တင်အော်ငေါက်ခြင်း ပြုလုပ်မှာ မဟုတ်ပါဘူး။

သူတို့ ဘယ်လောက်အလုပ်များနေပါစေ သင့်ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ဂရုစိုက်ပေးတတ်ကြပါတယ်။

သင် ရယ်စရာပြောတဲ့အခါမှာလည်း ဟက်ဟက်ပက်ပက်နဲ့ အားရပါးရ လိုက်ရယ်ပေးပါလိမ့်မယ်။

သင် စကားပြောတဲ့အခါမှာ စိတ်ညစ်စရာတွေကို ရင်ဖွင့်တဲ့အခါမှာလည်း ဂရုတစိုက်နားထောင်ပေးကြပါတယ်။ သူတို့ပြောချင်တာကိုပဲ အတင်းလုပြောနေမှာ မဟုတ်ပါဘူး။

သင် စိတ်ဝင်စားတဲ့အရာ၊ သင် ဝါသနာပါတဲ့အရာတွေကိုလည်း သင်နဲ့ အတူတူလိုက်လုပ်ပြီး သင့်အကြောင်း ဒီထက်ပိုသိအောင် ကြိုးစားပါလိမ့်မယ်။

သင့်အပေါ်မှာ ယုံကြည်ချက်အပြည့်အဝ ရှိတဲ့အပြင် နှစ်ယောက်အတူတူ ကြိုးစားချင်စိတ်လည်း ရှိပါတယ်။

သူ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ သင့်ကို အတင်းဖိအားပေးနေမှာ မဟုတ်ပါဘူး။

ကဲ… ဘယ်လိုလဲ စာဖတ်သူတို့ရေ၊ ကိုယ့်ဘဝအတွက် အဖော်မွန်ကောင်းကို ရှာတွေ့နေပြီလား။

Source: Brightside.me