စူပါမော်ဒယ်တစ်ယောက်က လှပနေဖို့အပြင် ပို့စ်မျိုးစုံလည်း ပေးတတ်ရပါမယ်။ ပျိုမေလေးတို့လည်း ဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့အရေး အပုံ ၁၀၀ လောက် ရိုက်ရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါနော်။

အဲ့ဒီလိုမျိုး ပုံပေါင်းထောင်ကျော်အောင်ရိုက်နေရတဲ့ ဒုက္ခကကင်းဝေးပြီး တစ်ပုံတည်းရိုက်ရုံနဲ့ ပုံလှလှလေးတစ်ခါတည်းရသွားအောင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်ပါနော်။

မေးစေ့ကို အရှေ့ထုတ်ထားပါ

ခေါင်းငုံ့ထားတဲ့အခါ လည်ပင်းကပျောက်နေပြီး သင့်မျက်လုံးအကြည့်တွေကလည်း မှုန်ကုတ်ကုတ်နဲ့ စူးစိုက်ကြည့်နေတဲ့ပုံစံပေါက်နေပါလိမ့်မယ်။ ခေါင်းလေးကို အပေါ်နည်းနည်းမော့ထားပြီး မေးစေ့ကို ရှေ့ထုတ်ထားပါ။

လက်မပိုက်ပါနဲ့

လက်ပိုက်ထားတဲ့အခါ သင့်ခန္ဓာကိုယ်ကောက်ကြောင်းက ပျောက်သွားပါလိမ့်မယ်။ ကင်မရာနဲ့မျက်နှာမူနေတဲ့အချိန်ကို ခန္ဓာကိုယ်တစ်ခြမ်းကို ကင်မရာဘက် နည်းနည်းတိုးထားပြီး လက်နှစ်ဖက်ကို ဘေးဘက်ကပ်ထားပါ။ ခေါင်းနည်းနည်းမော့ထားပါ။ အဲ့ဒါဆို လည်ပင်းလည်း သေးသွယ်တဲ့ပုံပေါက်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းပေါ်နေမှာပါ။

အင်္ကျီပွပွကြီးတွေ ဝတ်ထားတဲ့အခါ

အင်္ကျီပွပွဝတ်တဲ့ခါ ခန္ဓာကိုယ်က ပိုဝတဲ့ပုံပေါက်သွားတာကြောင့် ခြေထောက်တစ်ဖက်ကို အရှေ့ထုတ်ထားပြီး ခါးထောက်ထားလိုက်ပါ။

တံတောင်ဆစ်ကို မထုတ်ထားပါနဲ့

ကျောမှီထားခြင်း

ခုံမှာထိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါ ကျောနည်းနည်းလေးမှီလိုက်တာတောင် သင့်ကို ကြည့်ရဆိုးစေမှာပါ။ လည်ပင်းကပုတိုဖြစ်သွားမယ်၊ ခါးမှာလည်း အဆီပိုတွေစုနေတဲ့ပုံပေါက်နေပါလိမ့်မယ်။

လက်ချောင်းလေးနဲ့ မျက်နှာကို မထိတထိကိုင်ထားလိုက်ပါ

ကင်မရာ Angle နဲ့ ချိန်ပြီး ထိုင်တတ်ပါစေ

ကင်မရာနဲ့ တည့်တည့်မျက်နှာချင်းဆိုင်ပြီးထိုင်တဲ့အခါ ခြေထောက်ကို ဖြောင့်ဖြောင့်ကြီး မစင်းထားပါနဲ့။ ခြေထောက်ကို ပိုရှည်ပြီး သေးသွယ်ချင်တဲ့ပုံပေါက်ချင်တယ်ဆိုရင်တော့ ခြေထောက်ကို ဘေးတစ်စောင့်ပြောင်းလိုက်ပါ။ ခြေထောက်တစ်ဖက်ကို အခြားခြေထောက်တစ်ဖက်ထက် နည်းနည်းမြင့်မြင့်လေးထားပါ။

မျက်နှာကို ပေါ်လွင်အောင် မေးနည်းနည်းမော့ထားပါ

ရင်ဘက်နဲ့ လက်အနေအထားကို ပုံစံပြောင်းပါ

ပုံအမှားထဲကအတိုင်းသာ ပို့စ်ပေးမယ်ဆို ပုခုံးကျဉ်းနေတဲ့ပုံပေါက်နေပါတယ်။ ရင်ဘတ်ကိုဖွင့်ထားပြီး ဒူးခေါင်းတစ်ဖက်ကို အနည်းငယ်မြင့်ထားပြီး ဒူးခေါင်းပေါ် လက်တစ်ဖက်တင်ထားပါ။

ကောက်ကြောင်းပေါ်အောင် ပို့စ်ပေးပါ

လက်ကိုဘယ်နားထားရမှန်း မသိတဲ့အခါ

လက်တစ်ဖက်ကိုရေပြင်ညီမျဉ်းအတိုင်းထားပြီး ကျန်တစ်ဖက်ကိုတော့ ဒေါင်လိုက်ထောင်ထားပါ။

မတ်တပ်ရပ်တဲ့အခါ

လက်တစ်ဖက်က ပေါင်ပေါ်တင်ထားမယ်၊ ကျန်လက်တစ်ဖက်က ခါးထောက်ထားပြီး ခန္ဓာကိုယ်ကို ဘေးတစောင်းရပ်မယ်။

Source: Brightside.me