အားလုံးပဲမင်္ဂလာပါနော်။ မိန်းကလေးတွေက သူတို့ရဲ့ ရုပ်ရည်နဲ့ ပတ်သက်ပြီး တခါတလေ စိတ်ခံစားလွယ်ကြပါတယ်။ အရမ်းပိန်တာ၊ အရမ်းဝတာအပေါ်မှာ စိတ်ဖိစီးမှုတွေထားတတ်ကြပါတယ်။ ဘယ်လိုခန္ဓာကိုယ်မျိုးပဲ ပိုင်ဆိုင်ထား ပိုင်ဆိုင်ထား မိမိကိုယ်ကို ယုံကြည်မှုရှိမရှိဆိုတာနဲ့ပဲ ဆိုင်ပါတယ်။

သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ ပုံစံအပေါ် သင်လက်ခံလိုက်မယ်ဆိုရင်တော့ သင့်ကိုယ်သင် ယုံကြည်မှုရှိလာမှာပါ။

ဒီတခါမှာတော့ ကာတွန်းဆရာတစ်ယောက်က သူ့ သူငယ်ချင်း နှစ်ယောက်ရဲ့ အခက်အခဲတစ်ချို့ကို ပုံလေးဆွဲပြီးမျှဝေပေးထားပါတယ်။

ပိန်ပိန်ကပ်ကပ် ကောင်မလေးနဲ့ ခပ်ဝဝ ခပ်ပြည့်ပြည့်ကောင်မလေးတို့နှစ်ယောက် ဘယ်လိုအခက်အခဲတွေ ပြဿနာတွေရှိသလဲဆိုတာအတူတူ ကြည့်လိုက်ရအောင်နော်။

ပိန်လွန်းတဲ့သူက ကိုယ်အလေးချိန်တက်ဖို့ စားနေချိန်မှာ ခပ်ပြည့်ပြည့်ကောင်မလေးက ဝိတ်တက်လာမှာစိုးလို့ သိပ်မစားရဲဘူး။

သူတို့နှစ်ယောက်က တစ်ယောက်ရဲ့ ပြဿနာအပေါ် တစ်ယောက် နားလည်ရခက်တတ်ကြတယ်။

အဝတ်အစားဝယ်ရင် ဒီလိုမျိုး။

ခပ်ပြည့်ပြည့်ကောင်မလေးတွေအတွက်က အဝတ်အစားမရှားတတ်ပေမယ့် အရမ်းပိန်လွန်းတဲ့ကိုယ်အတွက်က ဆိုဒ်မရှိဘူး။

အေးတဲ့နေ့တွေဆို သူကအေးဆေးဆိုပေမယ့် ပိန်ပိန်ပါးပါးကိုယ်က အနွေးထည်နဲ့။

ပိန်လွန်းတဲ့ကောင်မလေးနဲ့ ခပ်ပြည့်ပြည့်ကောင်မလေးတို့ရဲ့ အခက်အခဲ တစ်ချို့

ခပ်ပြည့်ပြည့်ကောင်မလေးတွေအတွက် တခါတလေ ဘတ်စ်ကားစီးရင် ထိုင်ခုံတစ်ယောက်စာက သိပ်မလုံလောက်ဘူးလေ။

အနှိပ်ခံတဲ့အခါ။

တစ်ယောက်ကိုယ်တစ်ယောက် အားကျကြတယ်။

ဒါပေမယ့် သူငယ်ချင်းနှစ်ယောက်က တစ်ယောက်အခက်အခဲကို တစ်ယောက် ဖြေရှင်းပေးတတ်တယ်။

အတူတူ ပေါင်းတင်ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ကူညီကြတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်လုံးမှာ မတူညီတဲ့ စွဲဆောင်မှုကိုယ်စီရှိကြတော့ ယောင်္ကျားလေးနဲ့ ပတ်သက်လို့ အကြိုက်တူတာမျိုး မရှိဘူးလေ။

Source: www.brightside.me

By: MyStyle Myanmar