အစားလျော့စားနေတဲ့အချိန်မှာ အရသာရှိတဲ့ အစားအစာများ စားချင်စိတ်ကို ထိန်းချုပ်ထားရတဲ့အရာက ကမ္ဘာပေါ်မှာ အခက်ခဲသောအရာတစ်ခုပါပဲ။ တစ်ချိန်လုံး ဗိုက်ဆာနေသလို ခံစားနေရပြီး ရေခဲသေတ္တာကို ခဏခဏ သွားဖွင့်ကြည့်လိုက် စားချင်စိတ်ကိ ထိန်းရလိုက်နဲ့ လွန်ဆွဲနေတတ်ပါတယ်။

ဒါပေမဲ့လည်း ကယ်လိုရီတက်လာမှာ ဝိတ်တက်လာမှာကို စိုးရိမ်စရာ မလိုဘဲ စိတ်ချလက်ချနဲ့ အကန့်အသတ်မရှိ စားသုံးနိုင်တဲ့ အစားအစာအချို့ရှိပါတယ်။

ထိုအစားအစာများကတော့…

ပေါက်ပေါက်ဆုပ်

ပေါက်ပေါက်ဆုပ်များက ခန္ဓာကိုယ်အတွက် ဘာဆိုးကျိုးမှ မသက်ရောက်စေတဲ့အတွက် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် စားသုံးနိုင်ပါတယ်။

ကြက်ဥအကာ

အစားလျော့စားနေတဲ့အချိန်မှာ ကြက်ဥအကာများကို မိမိစိတ်ကြိုက် စားသုံးခြင်းအားဖြင့် အစား စားချင်စိတ်ကို ထိန်းညှိထားနိုင်ပါတယ်။ ဒါပေမဲ့ ဆီအများကြီးနဲ့ မကြော်မိဖို့တော့လိုပါတယ်။

သခွားသီး

သခွားသီးတစ်လုံးမှာ ကယ်လိုရီဓာတ် ၁၆ ရာခိုင်နှုန်းပဲ ပါဝင်ပြီး ရေဓာတ်များ ပေါကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် မျက်လုံးကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်အလှအပကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီထဲမှာ ဗီတာမင် စီနဲ့ ဗီတာမင် ကေတို့ ပေါကြွယ်ဝစွာပါဝင်ပြီး သူ့ကို ကြော်ချက်စားမယ့်အစား အစိမ်းစားပါက အာဟာရဓာတ် ပိုမိုရရှိနိုင်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးက အရည်ရွှမ်းတဲ့အပြင် ဗီတာမင် အေ၊ စီ၊ B2 ၊ ဖောလစ်အက်ဆစ်၊ ခရိုမီယမ်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

ပန်းပွင့်စိမ်း

ပန်းဂေါ်ဖီစိမ်း (သို့) ပန်းပွင့်စိမ်းလို့လည်း အမည်ရတဲ့ ဟင်းသီးဟင်းရွက်က ဝိတ်ချတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အကောင်းဆုံးအစားအစာပါပဲ။

Grapefruit

သကြားဓာတ်ကို ထိန်းညှိပေးထားပြီး ခါးက အဆီပိုများကို ဖယ်ရှားပေးနိုင်တဲ့ အစားအစာကတော့ Grapefruit သီးပဲဖြစ်ပါတယ်။

ဖရဲသီး

ဝိတ်လျော့နေစဉ်မှာ အချိုစာလေးတွေကို တောင့်တတယ်ဆိုရင်တော့ ဖရဲသီးလေးသာ စားသုံးပေးလိုက်ပါ။

စတော်ဘယ်ရီသီးများ

စတော်ဘယ်ရီသီးကလည်း ဝိတ်လျော့ချင်သူများအတါက် အသင့်တော်ဆုံးအစားအစာတစ်ခုပါပဲ။ သူ့မှာ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

လိမ္မော်သီး

ဗီတာမင်စီဓာတ် ကြွယ်ဝစါာပါဝင်တဲ့ လိမ္မော်သီးကတော့ ကိုလက်စတောပမာဏကို လျော့ချပေးပြီး ဝိတ်ကျဖို့အတွက် ကူညီပေးပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးက အခြားသောသစ်သီးများထက် Antioxidants ပိုမိုကြွယ်ဝပြီး ဝိတ်တက်လာမှာကို စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။

ဘလက်ဘယ်ရီသီး

အရသာရှိပြီး ဝိတ်ချဖို့အတွက် ကူညီပေးတဲ့ သစ်သီးများထဲမှာ ဘလက်ဘယ်ရီသီးကလည်း တစ်ခုအပါအဝင်ပါပဲ။

Source: Brightside.me