နေ့စဉ်တာဝန်တွေ၊ စိတ်ပျက်စရာ အဖြစ်အပျက်တွေ ကြောင့် ပင်ပန်းနေပြီလား။ ပြင်ပ အနှောင့်အယှက်တွေ ကြောင့်ဖြစ်စေ ကိုယ်ကိုယ်တိုင် ကြောင့်ဖြစ်စေ ပင်ပန်း နွမ်းလျနေတဲ့အချိန် ခွန်အားတွေ လိုပါတယ်။ အနားယူဖို့ လိုအပ်ပါတယ်။ အနားမယူဘဲ အချိန်ကြာလာတဲ့အခါ စိတ်ဓာတ်ကျလွယ်လာတာ၊ အတွေးသစ်တွေ ဘာမှ မထွက်လာတော့တာ တွေ ဖြစ်နိုင်ပါတယ်။ တကယ်လို့ သင်က လက်ရှိအချိန်မှာ မောပန်းနွမ်းလျ နေတယ်ဆိုရင် ဒီအရာတွေနဲ့ ခွန်အားပြန်ယူနိုင်ပါတယ်။
၁။ နေရောင်ခြည်
မနက်စောစော နေရောင်ထွက်တဲ့ အချိန် ခဏတဖြုတ် အပြင်ထွက်ပြီး လမ်းလျှောက်လိုက်တာက သင့်စိတ်ကို ပြန်လန်းဆန်း လာစေမှာပါ။
၂။ ကခုန်ခြင်း
စိတ်ဓာတ်ကျနေတဲ့အချိန် အာရုံပြောင်းပြီး သီချင်း တစ်ပုဒ်နဲ့ ကခုန်လိုက်တာဟာ သင့်ရဲ့ ပင်ပန်းမှုကို သက်သာစေပါတယ်။ လှုပ်လှုပ်ရှားရှား ဖြစ်စေတာမို့ ပိုကျန်းမာ လာပါလိမ့်မယ်။
၃။ Whole Food
အစားအသောက်မှာ ဆိုရင် Whole Food အစားအသောက်တွေကို စားသုံးသင့်ပါတယ်။ စိတ်ခွန်အား လိုသလို ခန္ဓာကိုယ်အတွက်လည်း အားပြန်ပြည့်ဖို့ လိုပါတယ်။
၄။ ရေသောက်ပေးပါ
အိပ်ရေးပျက်တဲ့နေ့၊ ပင်ပန်းတဲ့နေ့တွေမှာ ရေဓာတ်ကို လုံလုံလောက်လောက် ဖြည့်သင့်ပါတယ်။
၅။ တသမတ်တည်း အိပ်ချိန်
ပင်ပန်းနေတဲ့ အချိန် အိပ်ချိန်ကို နိုးချိန် ထချိန် တသမတည်း ထားသင့်ပါတယ်။
၆။ သဘာဝ
ပင်ပန်းနေတဲ့ အချိန် သင့်ကို ပြန်လည် အားအင်ပေးမယ့် အရာကတော့ အပင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင်ပါပဲ။
၇။ တေးဂီတ
ပင်ပန်းနေတဲ့ အချိန် ကိုယ် နှစ်သက်တဲ့ သီချင်းကို နားထောင်ပြီး မျက်လုံးလေး မှေးနေတာကလည်း အားအင် ပြန်ရစေပါတယ်။
၈။ လှုပ်ရှားပါ
စိတ်ပင်ပန်းနေတဲ့အချိန် အားကစား လုပ်ပေးတာဟာ လာမယ့် ပြဿနာ တွေအတွက် အားအင် ဖြည့်ရာ ရောက်ပါတယ်။ အားကစား လုပ်ပြီးတဲ့နောက် သင်စိတ်ချမ်းသာ လာပါလိမ့်မယ်။
၉။ အနားယူပါ
ပင်ပန်းတာကို အလုပ်တွေ ဖိလုပ်နေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ တစ်ရက်လောက် ဖုန်း်ပိတ်ကာ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ပြီး အနားယူသင့်ပါတယ်။
၁၀။ လေကောင်းလေသန့်
ပင်ပန်းနေတဲ့အချိန် လေကောင်းလေသန့်ကလည်း သင့်အားအင်ကို ပြန်ပြည့်စေမှာပါ။
၁၁။ သန့်ရှင်းခြင်း
တစ်ခါတလေ စိတ်ရှုပ်ပင်ပန်းတာက ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ်နေတဲ့ နေရာကို သန့်ရှင်းရေး လုပ်သင့်ပါတယ်။
၁၂။ အနာဂတ်အတွက် Plan ချတာ
ရှေ့ အနာဂတ်အတွက် ဘာတွေ လုပ်ရမလဲ Plan ချတာက ကိုယ့်စိတ်ကို စိတ်အားထက်သန်မှု တိုးစေပြီး စိတ်ချမ်းသာစေပါတယ်။
Photo Source: Pinterest
By MyStyle Myanmar