အားလုံးပဲမင်္ဂလာပါ။ ဆံပင်အိအိလေးတွေက မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်တဲ့ ဆံကေသာပါပဲ။ စိုပြေနူးညံ့တဲ့ ဆံကေသာက သင့်မျက်နှာကို အလှဆုံးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ သင်က နူးညံ့တဲ့ဆံသားပိုင်ဆိုင်ချင်တယ်ဆိုရင် ဒီအချက်တွေကို သိသင့်ပါတယ်။
၁။ ရေအေးနဲ့ ခေါင်းလျှော်ပေးပါ။
၂။ ကြမ်းကြမ်းတမ်းတမ်း ရေမသုတ်ပါနဲ့။
၃။ အပူဒဏ်ကာကွယ်တဲ့ Serum သုံးပေးပါ။
၄။ ဆံပင်တိပေးပါ။ ဆံပင်နှစ်ခွက သင့်ဆံသားအတွက် မကောင်းပါဘူး။
၅။ ရှားစောင်းလတ်ပတ်နဲ့ မိနစ် ၃၀ ပေါင်းတင်ပေးပါ။
၆။ ငှက်ပျောသီးတစ်လုံးနဲ့ ဒိန်ချဉ်နှစ်ဇွန်းကို ရောမွှေပေးပါ။ ဒီအရောကို ဆံသားပေါ် လိမ်းပေးပါ။ Shower Cap နဲ့အုပ်ပြီး ၄၅ မိနစ်ထားပေးပါ။ ပြီးနောက် ခေါင်းလျှော်ပါ။ ဒါက ဆံသားကို စိုပြေစေပါတယ်။
၇။ ဆံသားအညစ်အကြေးတွေကို ပန်းသီးရှာလကာရည်နဲ့ ဆေးကြောနိုင်ပါတယ်။ ပန်းသီးရှာလကာရည်အနည်းငယ်နဲ့ ရေ ရောပြီး ဆံသားကို ဆေးကြောပေးပါ။
၈။ ရေစိုနေတဲ့ဆံသားကို ခေါင်းမဖြီးမိဖို့ သတိထားပေးပါ။
၉။ လိုအပ်မှ ခေါင်းလျှော်ပါ။ ခဏခဏ ခေါင်းမလျှော်သင့်ပါဘူး။
၁၀။ ထောပတ်သီး၊ သံလွင်ဆီ ၂ ဇွန်းနဲ့ ပျားရည် ၂ ဇွန်းကိုရောပေးပါ။ ဒီအရောကို ခေါင်းမှာ လိမ်းပေးပြီး ၁၀ မိနစ်ကနေ မိနစ် ၃၀ ထားပေးပါ။ ပြီးနောက် ရေဆေးချနိုင်ပါပြီ။
၁၁။ ပိုးသား ခေါင်းအုံးကို သုံးပေးပါ။ ချည်သားခေါင်းအုံးထက် ပိုးသားခေါင်းအုံးက ဆံကေသာအတွက် ကောင်းမွန်ပါတယ်။
၁၂။ ဆံသားတောက်စေတဲ့ Shining Spray မျိုးသုံးပေးပါ။
Photo Source: Pinterest
By MyStyle Myanmar