အားလပ်ရက်သူငယ်ချင်းတွေနဲ့ရေကူးကန်သွားလို့ ဓာတ်ဖမ်းကြတဲ့အခါ တမင် pose ပေးထားတယ်လို့ မထင်ရတဲ့ ဘဘာဝဆန်တဲ့ pose လေးတွေပေးပြီးရိုက်နိုင်ဖို့ လွယ်ကူပြီးသဘာဝဆန်တဲ့ pose လေးတွေကို စုစည်းပြီးဖော်ပြလိုက်ပါတယ်နော်။
၁.ခြေထောက်လေးကိုချိတ်ပြီး နေကာမျက်မှန်ကိုအသာလေးပင့်တင်လိုက်ပါ။
၂.ဆံပင်ကိုလက်နဲ့အသာလေးဖြန့်လိုက်ပါ။
၃.တင်ပျဥ်ခွေထိုင်လိုက်ပါ။
၄.လက်မောင်းတဖက်ကိုလှမ်းကိုင်ပြီး ဘေးတစောင်းလေးငေးနေလိုက်ပါ။
၅.ကင်မရာကိုကျောပေးထားပါ။
၆.ခြေထောက်တဖက်ကိုကွေးထားပြီး နောက်တဖက်ကိုဆန့်ထုတ်လိုက်ပါ။
၇.ပခုံးကိုကျော်ပြီးလှမ်းကြည့်လိုက်ပါ။
၈.ပတ်ပတ်လည်ကို ရေပက်လိုက်ပါ။
၉.ဘေးတစောင်းထိုင် ၊ ဒူးလေးကိုကိုင်ပြီး ကင်မရာကိုကြည့်လိုက်ပါ။
၁၀.ခန္ဓာကိုယ်ကိုလှည့်ပြီး ကင်မရာကိုကြည့်လိုက်ပါ။
၁၁.ရေကူးကန်ထဲမှာ မက်တပ်ရပ် ၊ ဘောင်ကိုလက်ထောက်ပြီး အောက်ဘက်ကိုငေးနေလိုက်ပါ။
ကဲ! ဒါလေးကိုသေချာဖတ်ပြီးရင်တော့ နောက်တခါရေကူးကန်သွားတဲ့အခါ အလှဆုံး ဓာတ်ပုံလေးတွေ ပိုင်ဆိုင်နိုင်ပါပြီ။