လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးနဲ့မိတ်ကပ်ဆိုတာက ခွဲခြားလို့မရပါဘူး။ ရှေးခေတ်ကအမျိုးသမီးတွေရော ယနေ့ခေတ်အမျိုးသမီးတွေပါ အလှအပလိုအပ်ချက်အတွက် အမြဲတမ်းကြည့်ကောင်းနေဖို့ ဖြတ်လမ်းနည်းတွေကိုအသုံးပြုကြပါတယ်။

သင်ရော အသားအရေနဲ့ခန္ဓာကိုယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လွယ်ကူတဲ့ဖြတ်လမ်းနည်းကို စူးစမ်းရှာဖွေနေသူတစ်ယောက်ဆိုရင်တော့ အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေကတော့ အံကိုက်ဖြစ်နေမှာပါ။

၁။ နှုတ်ခမ်းနီလေး ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ညီညီညာညာဆိုးဖို့အတွက်

အရောင်ဖျော့ဖျော့နှုတ်ခမ်းနီကို နှုတ်ခမ်းအလယ်တည့်တည့်မှာဖြည့်ပေးပါ။ ပြီးမှ ဘေးဘက်ကို လက်နဲ့ ပွတ်ပေးလိုက်ပါ။

၂။ ညစ်ပတ်နေတဲ့ မိတ်ကပ်ရေမြှုပ်လေးကို ဆပ်ပြာရေထဲထည့်စိမ်ထားပြီး Microwave ထဲထည့်ထားလိုက်ပါ။ သူ့ရဲ့အော်ရယ်ဂျင်နယ်ဒီဇိုင်းကာလာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပါ။

၃။ ဂျိုင်းမဲခြင်းအတွက် အလျင်မြန်ဆုံးကုသနည်းကတော့ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရိုရည်ပဲဖြစ်ပါတယ်။

၄။ သွားဆရာဝန်ဆီသွားဖို့ အချိန်မရဖြစ်နေပါသလား

သင့်သွားလေးတွေကိုသဘာဝအတိုင်းဖြူဖွေးလာအောင် ၂ မိနစ်ပဲအချိန်ပေးလိုက်ပါ။ မုန့်ဖုတ်ဆိုဒါနဲ့ သံပုရိုသီးရဲ့အကူအညီကို ရယူနိုင်ပါတယ်။

၅။ ဇွန်းတစ်ချောင်းရဲ့အသုံးဝင်ပုံကိုလည်း လျော့မတွက်စေချင်ပါဘူး။

၆။ အကြောပြတ်ရာတွေကို ဖယ်ရှားဖို့အတွက် အုန်းဆီနဲ့ ရှားစောင်းလက်ပတ်ဂျယ်ကို နေ့စဉ်မှန်မှန်လိမ်းပေးပါ။

၇။ မျက်ကွင်းညိုခြင်းပျောက်ကင်းဖို့အတွက်

သခွားသီးကို အရင်ခြစ် ပြီးရင် ငှက်ပျောသီးတစ်လုံးနဲ့ ရောမွှေလိုက်ပြီး ရေခဲတုံးပုံစံခွက်ထဲထည့်ပြီး ရေခဲတုံးဖြစ်အောင်ပြုလုပ်လိုက်ပါ။ ရေခဲတုံးဖြစ်သွားပြီဆို မျက်လုံးနားတစ်ဝိုက်ကို ပွတ်တိုက်ပေးလိုက်ပါ။

၈။ ခေါင်းမာလှတဲ့ဝက်ခြံတွေကို သွားတိုက်ဆေးအသုံးပြုပြီး ဖယ်ရှားလိုက်ပါ။

ဂွမ်းကြပ်တံလေးနဲ့ သွားတိုက်ဆေးအနည်းငယ်ကိုယူပြီး ဝက်ခြံကိုပွတ်တိုက်ပေးလိုက်ပါ။

၉။ ခဏတာကြည့်ကောင်းနေဖို့အတွက် တိတ်ကိုအသုံးပြုနိုင်ပါတယ်။

၁၀။ မဝတ်တော့တဲ့ အသားကပ်ဘောင်းဘီအကြပ်ကို အလန်းစားအင်္ကျီအဖြစ်ပြောင်းလဲဖန်တီးလိုက်ပါ။

၁၁။ တွဲကျနေတဲ့လည်ပင်းကအရေးအကြောင်းတွေကို အခုလိုဖယ်ရှားလိုက်ပါ။

၁၂။ မသုံးတော့တဲ့ မျက်တောင်ကော့ဘရက်ရှ်အဟောင်းလေးကို မလွှင့်ပစ်ဘဲ ကွေးအောင်ပြုလုပ်လိုက်ပြီး အခုလိုအသုံးပြုလိုက်ပါ။

Source: Brightside.me