ဖက်ရှင်နဲ့ ပတ်သက်လာရင် ပြင်သစ်သူလေးတွေရဲ့ဖက်ရှင်က ကမ္ဘာပေါ်မှာ အမိုက်ဆုံး စတိုင်လ်အကျဆုံး ဖက်ရှင်ဖြစ်တယ်လို့ ယူဆထားကြတာပါ။ ပြင်သစ်သူလေးတွေက ဖက်ရှင်ကျဖို့အတွက် အထူးတလည်ပြင်ဆင်တာမျိုးဟုတ်ဘဲ ကပိုကရိုလေးနဲ့တင် စတိုင်လ်ကျနေကြတာပါ။ သူတို့က မှန်အရှေ့မှာ အကြာကြီး အချိန်ဖြုန်းခြင်းက အကျင့်ဆိုးတစ်ခုလို့ ယူဆကြတာဖြစ်ပါတယ်။

ဒီလိုကပိုကရိုဟန်လေးနဲ့တင် ပေါ့ပေါ့ပါးပါးစတိုင်လ်ကျနေတဲ့ ပြင်သစ်သူလေးတွေရဲ့ဖက်ရှင်အကြောင်းကို တစေ့တစောင်း လေ့လာကြည့်လိုက်ရအောင်။

သူတို့က ပိုက်ဆံအိတ်သေးသေးလေးတွေပဲ ကိုင်ကြတာပါ

တစ်ကမ္ဘာလုံးက မိန်းမပျိုလေးတွေက ပိုက်ဆံအိတ်အကြီးကြီးနဲ့ ရှိုးထုတ်နေချိန်မှာ ပြင်သစ်သူလေးတွေကတော့ ပိုက်ဆံအိတ်အသေးနဲ့တင် ဖက်ရှင်ကျနေတာမျိုးပါ။

သူတို့က ပွပွလျလျလေး ဝတ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်

ပြင်သစ်သူလေးတွေရဲ့အဝတ်ဘီဒိုထဲမှာ ဘောင်းဘီအကြပ်၊ ဂါဝန်အကြပ်တွေကို ရှာတွေ့နိုင်မှာမဟုတ်ပါဘူး။ သူတို့အတွက်ကတော့ ပွပွလျလျလျဖက်ရှင်တွေက ပိုမိုက်တယ်လို့ ထင်ကြပါတယ်။

ခါးတိုအင်္ကျီများအစား Cardigans လေးတွေ ဝတ်ကြတယ်။

ဆွယ်တာအင်္ကျီလေးတွေကို ဘောင်းဘီ (သို့) စကပ်ထဲ ထည့်ဝတ်ထားရတာကို နှစ်သက်ကြတယ်

အမျိုးသားဝတ်ကုတ်အင်္ကျီများ ဝတ်ဆင်လေ့ရှိကြတယ်။

အစင်းကျားအင်္ကျီများ၊ ဂါဝန်များကို အမြတ်တနိုးဝတ်ဆင်ကြတယ်။

ဈေးပေါတဲ့ ဖန်စီလက်ဝတ်လက်စားများထက် ရွှေအနည်းငယ် မြှုပ်ထားတဲ့ လက်ဝတ်လက်စားများ ဝတ်ဆင်ကြတယ်။

အမျိုးသမီးဝတ် လက်ပတ်နာရီထက် အမျိုးသားဝတ်နာရီများ ဝတ်ဆင်ကြတယ်။

ရိုးရိုးရှင်းရှင်းအရောင်အတွဲအစပ်များကိုသာ ဝတ်ဆင်ကြတယ်။

ဒေါက်မြင့်ရွေးချယ်တဲ့အခါ Suede Boots တွေကို ရွေးချယ် ဝတ်ဆင်လေ့ရှိကြတယ်။

သူတို့ခန္ဓာကိုယ်အလှအပကို ထုတ်ကြွားလေ့မရှိဘဲ သိုသိုသိပ်သိပ်ဖက်ရှင်မျိုးကိုသာ ဝတ်ဆင်ကြတယ်။

ပြင်သစ်သူများက အသားကပ် ခြေအိတ်၊ အသားရောင် ခြေအိတ်များအစား အမဲရောင်ခြေအိတ်များကိုသာ ဝတ်ဆင်လေ့ရှိကြတယ်။

ပျိုမေလေးတို့ရော ပြင်သစ်သူလေးတွေရဲ့ ဖက်ရှင်စတိုင်လ်အပေါ် အမြင်လေးတွေ ဝေမျှပေးခဲ့ကြဦးနော်။

Source: Brightside.me