အားလုံးပဲမင်္ဂလာပါနော်။ ဘဝမှာ ကိုယ့်အပေါ်နားလည်မှုအပြည့်ရှိပြီး အပြန်အလှန်တန်ဖိုးထားတဲ့ အချစ်စစ်နဲ့ ကြုံတွေ့ရဖို့ဆိုတာ ထင်သလောက်မလွယ်ကူတဲ့ကိစ္စတစ်ခုပါပဲ။ ဘယ်လိုအခြေအနေမျိုးမှာမဆို ကိုယ့်ကိုအပြည့်အဝနားလည်ပေးနိုင်တဲ့ ချစ်ရသူနဲ့အတူရှိနေရခြင်းက လူတိုင်းရနိုင်တာမျိုးမဟုတ်တာကြောင့် အချစ်စစ်နဲ့တွေ့ဆုံရတဲ့သူတွေက တကယ်ကိုကံကောင်းတဲ့သူတွေပါပဲ။

ဒီတစ်ခေါက်မှာ အချစ်စစ်နဲ့ချစ်ကြတဲ့ ချစ်သူတွေရဲ့လက်တွေ့ဘဝမှာရှိတတ်ကြတဲ့ အချင်းချင်းကြားက ချစ်စရာ၊ ကြည်နူးစရာ ဆက်ဆံရေးတွေအကြောင်းကို ထင်ဟပ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ရေးဆွဲထားတဲ့ အနုပညာရှင်ရဲ့ ခံစားမှုပုံရိပ်တွေကနေ အချစ်စစ်နဲ့ချစ်ကြသူတွေ ပြုလုပ်တတ်ကြတဲ့ ကြည်နူးစရာအဖြစ်အပျက်လေးတွေကို မြင်တွေ့ရမှာဖြစ်ပြီး သင်ကိုယ်တိုင်လည်း ဒီလိုပုံလေးတွေကြည့်ရင်း စိတ်ထဲမှာပြန်လည်သတိရမိနေတဲ့ တစ်ယောက်သောသူက သင့်ရဲ့အချစ်စစ်ဖြစ်တာကို ခံစားမိစေမှာပါ။


သူတို့ရဲ့ချစ်ရတဲ့ကောင်မလေးတွေကို အပြင်သွားတဲ့အခါ ဝတ်စုံထူထူကြီးတွေကိုပဲ ဝတ်စေချင်ကြပါတယ်။ ဒါက ချုပ်ချယ်ချင်လို့ဆိုတာထက် သင့်ကိုအခြားလူတွေကြည့်မှာကို သဝန်တိုလို့ပါနော်။

ကိုယ့်ကိုအချစ်စစ်နဲ့ချစ်တဲ့သူက ကိုယ့်ဘေးမှာသူအမြဲရှိကြောင်းကို တဖွဖွပြောပြတတ်ပါတယ်။ ဒီအပြုအမူသေးသေးလေးကလည်း သင့်အတွက်နွေးထွေးမှုအပြည့်ပေးနိုင်တာကို ခံစားမိစေပါလိမ့်မယ်။


သင့်အကြောင်းသိတဲ့သူမို့ ဝမ်းနည်းနေတဲ့အခါမှာလည်း သင်ကိုယ်တိုင် ပြောဖို့မလိုဘဲ သင့်စိတ်ကို ခံစားမိနေမှာပါ။

တစ်ယောက်နဲ့တစ်ယောက် ဦးတဲ့သူအရင်စနောက်ရတာကလည်း အကျင့်တစ်ခုလိုဖြစ်နေပါပြီ။


ချစ်နေတဲ့အခါ သင်အိပ်နေတဲ့ပုံစံလေးကိုတောင် အကြည့်မလွှဲရက်ဘဲ မြတ်နိုးခြင်းအပြည့်နဲ့ ကြည့်နေတတ်ပါတယ်နော်။


သင်ကြည့်ရဆိုးနေတဲ့အချိန်မှာလည်း အမှတ်တရဓာတ်ပုံလေးရိုက်ထားပြီး အသည်းယားနေတတ်တဲ့သူပါ။


သင့်ရဲ့ဒေါသစိတ်တွေကိုလည်း သူ့အနားရောက်တာနဲ့ ပန်းလေးတွေနဲ့ဝန်းရံခံလိုက်သလို ပျော်ရွှင်ကြည်နူးမှုတွေ ပေးနိုင်ပါတယ်။


တစ်ခါတစ်လေ တစ်နေကုန် တကောက်ကောက်လိုက်ကပ်ပြီး ကလေးဆန်ဆန်ချွဲချင်တဲ့အခါမှာလည်း ကိုယ့်အပေါ် စိတ်ရှည်ရှည်ထားပြီး မညီးမညူ အလိုလိုက်ပေးမယ့်လူမျိုးပါပဲ။

အဖြူရောင်မုသားလေးတွေသုံးပြီး အနစ်နာခံဂရုစိုက်တတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော်။


လူရှုပ်တဲ့နေရာတွေမှာလည်း တံတိုင်းကြီးတစ်ခုလိုသင့်ကိုကာကွယ်ပေးထားနိုင်ပါတယ်။


သက်တောင့်သက်သာရှိတဲ့ သူ့ရဲ့အင်္ကျီတွေကိုလည်း ကိုယ့်အပိုင်အနေနဲ့ သတ်မှတ်တတ်လာမှာပါနော်။

အခြားမိန်းကလေးတွေဘယ်လောက်လှလှ သူ့စိတ်ထဲမှာ သင်တစ်ယောက်ထဲသာရှိကြောင်းကိုလည်း သင်သိအောင်တဖွဖွပြောပြပါလိမ့်မယ်။
ဒါတွေကတော့ အရမ်းချစ်ကြတဲ့ Soulmate တွေမှာသာ တွေ့ရတဲ့ ကြည်နူးစရာအမူအကျင့်လေးတွေပဲဖြစ်ပါတယ်။

Source: brightside.me