Girl Boss ဆိုတာကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသူမိန်းကလေးတွေကိုဆိုလိုပါတယ်။ သင်တစ်နေ့တာလုပ်လေ့ရှိတဲ့ အလေ့အကျင့်တွေက အနာဂတ်သင့်ကို အဆုံးအဖြတ်ပေးသွားမှာပါ။ သင့်အမူအရာတွေက သင်ဘယ်လောက်ထိ အောင်မြင်လာမလဲ အဆုံးအဖြတ်ပေးမှာပါ။ မနက်နိုးထတိုင်း ရည်ရွယ်ချက်ရှိရှိနဲ့ နိုးထသင့်ပါတယ်။ အချိန်ဆိုတာ ပြန်ရနိုင်တဲ့အရာမဟုတ်ပါဘူး။

ဒီတော့ Girl Boss တွေရဲ့ အမူအကျင့်တွေကို သင်ပါ နမူနာယူနိုင်ဖို့ ဖော်ပြပါရစေ။

၁။ မနက်ပိုင်းမှာ အဆင်သင့်ဖြစ်နေဖို့ ညတည်းက To-do List ရေးတတ်တယ်။


၂။ အိပ်ချိန်ထချိန်ကို ဂရုစိုက်ပြီး အနားယူဖို့ မမေ့ကြဘူး။

၃။ တရားထိုင်တယ်။ နေ့တိုင်းတရားထိုင်ပေးတာက သင့်ဘဝကို ပြောင်းလဲစေမှာပါ။ Oprah Winfrey ကိုယ်တိုင်က ဒီလိုပြောခဲ့တာပါ။

၄။ ငွေကို Budget နဲ့ စနစ်တကျသုံးတတ်တယ်။

၅။ ကိုယ့်ရဲ့ ကောင်းတဲ့အချက်တွေ၊ အားသာချက်တွေကို မှန်ရှေ့မှာ နေ့တိုင်းပြောတယ်။

၆။ ကိုယ့်ရည်မှန်းချက်တွေကို စာအုပ်ထဲ ချရေးထားတယ်။

၇။ လူမှုဆက်ဆံရေးကောင်းတယ်။

၈။ အလှူအတန်းလုပ်တယ်။ စေတနာ့ဝန်ထမ်းလုပ်တတ်တယ်။

၉။ စူးစမ်းမှုရှိတယ်။ သိချင်စိတ်ပြည့်ဝတယ်။

၁၀။ ကိုုယ့်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားတယ်။

၁၁။ ကိုယ့်ပတ်ဝန်းကျင်၊ ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ သိတယ်။

၁၂။ နေ့တိုင်း ၁၅ မိနစ် လမ်းလျှောက်တယ်။

Photo Source: Pinterest

By MyStyle Myanmar