ဆံထုံးထုံးရတာကြိုက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ဆန်းသစ်လှပတဲ့ Updo Hairstyle 12 မျိုးကို မျှဝေပေးလိုက်ပါတယ်။ ထသွားထလာအတွက် အဆင်ပြေတဲ့ Updo Hairstyle တွေလည်းပါသလို ပွဲတက်အတွက် အဆင်ပြေတဲ့ Updo Hairstyle တွေလည်း ပါပါတယ်။

ဒီ Updo Hairstyle ဆိုရင် Claw Clip ကိုသုံးပြီး ထုံးထားတာဖြစ်ပါတယ်။ ဒါကြောင့် အရမ်းလည်းလူကြီးမဆန်ပါဘူး။ အသက် 20 ကျော်ကစပြီး ပြင်ဆင်ဖို့ လိုက်ဖက်ပါတယ်။

ဒီ Updo Hairstyle လေးကျတော့ Style ကျပြီး ဆန်းသစ်တဲ့ပုံစံလေးမို့ အမြင်ဆန်းစေပါတယ်။ အောက်နားကို ဆံပင်လေးထွက်အောင်လုပ်ထားတာက အသက်ပါပဲ။

ဆံထိုးကိုသုံးပြီး ပြင်ဆင်ပြထားတဲ့ French Twist Updo Hairstyle လေးပဲဖြစ်ပါတယ်။ အရမ်းလှတဲ့ Hairstyle လေးပါ။ ဆံထိုးပါတော့ အမြင်ပိုဆန်းစေတာပေါ့။

အောက်နားလျှောပြီးထုံးထားတဲ့ ဒီ Updo Hairstyle လေးကတော့ ရိုးရိုးလေးနဲ့ဆန်းတဲ့ Look မျိုးရစေမှာပါ။ အသက် 30 ကျော်လောက်ကစပြီး လိုက်ဖက်ပါတယ်။

Style ကျပြီး မိုက်တဲ့ Look မျိုး လိုချင်တဲ့သူတွေ ပြင်ဆင်သင့်တဲ့ Updo Hairstyle လေးပဲဖြစ်ပါတယ်။ အသက်ကြီးပိုင်းတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ကပိုကယိုလေးနဲ့လှနေစေမယ့် ဒီ Updo Hairstyle လေးကတော့ ပွဲတွေသွားတဲ့အခါမှာလည်း ပြင်ဆင်လို့ အရမ်းကောင်းတဲ့ Hairstyle လေးပါ။

ဒီ Updo Hairstyle လေးကျတော့ ရိုးရိုးလေးပါပဲ။ ဒါပေမယ့် ကလစ်လေးတွေ တပ်ထားတာကြောင့် နည်းနည်းပိုပြီး လူငယ်ဆန်သွားစေပါတယ်။

ဒီ Updo Hairstyle လေးဆိုရင် လူငယ်လူကြီး အားလုံးနဲ့လိုက်ဖက်ပါတယ်။ လူငယ်တွေနဲ့တော့ ပိုလိုက်ဖက်တဲ့ Updo Hairstyle လေးပါ။ ချစ်ဖို့လည်းကောင်းသလို လှလည်းလှပါတယ်။

ဆံထိုးကိုသုံးပြီးထုံးထားတဲ့ နောက်ထပ် Updo Hairstyle တစ်မျိုးပါ။ အမြင်ဆန်းပြီး အရမ်းလှတဲ့ Hairstyle လေးဖြစ်တဲ့အပြင် ရုံးတက်အတွက် ပြင်ဆင်ရင်တောင် လိုက်ဖက်မှုရှိပါတယ်။

အလိမ်ဒီဇိုင်းလေးပြင်ဆင်ထားတဲ့ ဒီ Updo Hairstyle လေးကတော့ အမြင်ဆန်ပြီး သပ်သပ်ရပ်ရပ်နဲ့ ကျစ်လစ်လှပတဲ့ Look လေးရစေပါတယ်။ ဆယ်ကျော်သက်ကနေ အသက် 50 ကျော်လောက်အထိ ပြင်ဆင်လို့ကောင်းတဲ့ Updo Hairstyle လေးပါ။

ဒီ Hairstyle လေးကတော့ လူငယ်ကောင်မလေးတွေကနေ အသက် 30 ကျော်၊ 40 ကျော်အထိ လိုက်ဖက်တဲ့ Hairstyle လေးပါ။

ဒါကတော့ ရိုးရိုး French Twist Updo Hairstyle လေးပါ။ ဘယ်တော့မှရိုးမသွားပဲလှတဲ့ Hairstyle လည်းဖြစ်ပါတယ်။