ဆံပင်ကို အမျိုးမျိုးပြင်ဆင်ရတာကြိုက်တဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတွေအတွက် လှပတဲ့ ဆံပင်ပြင်ဆင်ပုံ ၁၂ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ချလိုက်၊ စုစည်းလိုက်နဲ့ ရိုးလာရင် ဒီလိုမျိုးလေးတွေ ပြင်ဆင်ကြည့်ပါ။

ဒီဆံပင်ပုံစံလေးဆိုရင် တော်တော်များများ ပြင်ဆင်လေ့ရှိတဲ့ ဆံပင်ပုံစံလေးပါ။ ခေါင်းစည်းကြိုးလှလှလေးတွေနဲ့ ချည်လိုက်ရင် ပိုပြီးတော့လှသွားမှာပါ။

ဆံထုံးထုံးပြီး Scrunchie လေးနဲ့ ဒီလိုပြန်ပတ်လိုက်တာလေးကလည်း တစ်မျိုးလေးလှပါတယ်။ လူကြီးတွေနဲ့ပါလိုက်ဖက်တဲ့ ဆံပင်ပြင်ဆင်ပုံမျိုးပါ။

Scrunchie အသေးလေးတွေနဲ့ ဒီလိုလေးစည်းလို့လည်း ရပါသေးတယ်။ လူငယ်ဆန်ပြီး ပေါ့ပါးသွက်လက်တဲ့ ဆံပင်ပြင်ဆင်ပုံလေးပါ။

ဆံပင်ကိုအမြင့်ထုံးပြီး Scrunchie နဲ့ပြန်ပတ်တာမျိုးက အရမ်းလှပါတယ်။ ရှင်းရှင်းလေးနဲ့ လှတာမျိုးလေးပါ။

ဆံပင်ကိုတစ်ဝက်စည်းပြီး ထုံးလိုက်သလိုမျိုး ပြင်ထားတာပါ။ အဲ့တာကိုမှ Scrunchie လေးနဲ့ ပြန်ချည်လိုက်တော့ ပိုပြီးလှသွားတာပေါ့။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် တော်တော်များများက အောက်နားမှာ စုချည်တဲ့အခါ သားရေကွင်း၊ ခေါင်းစည်းကြိုး ဗြောင်အမဲတွေနဲ့ပဲ ချည်ကြတာပါ။ ပိုပြီးပေါ်လွင်ချင်ရင်တော့ ဒီလို Scrunchie လှလှလေးတွေနဲ့ ချည်လိုက်ပါ။

Scrunchie အရမ်းကြိုက်သူများကတော့ ဆံထုံးသေချာထုံးပြီး ပြင်ဆင်ထားလည်း Scrunchie ကို ဒီလိုလေးပတ်လိုက်လို့ ရပါတယ်။ အမြင်တစ်မျိုးပြောင်းပြီး လှသွားတာပေါ့။

ဒီဆံပင်ပုံစံလေးကတော့ တော်တော်များများ ပြင်လေ့ရှိတဲ့ ပုံစံလေးပါပဲ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံစံလေးပါ။

Scrunchie ကြိုက်သူများအတွက် ဒီလိုမျိုးလေးပြင်ဆင်ကြည့်ပါ။ အမြင်ဆန်းပြီး လှလည်းလှပါတယ်။ Scrunchie လှလှလေးတွေသာ ရွေးပြီးသုံးပါ။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင် အရမ်းလှပါတယ်။ တည်ငြိမ်ပြီးလှတဲ့ပုံစံလေးပါ။ Scrunchie အရောင်နုနုလေးနဲ့ ချည်လိုက်ရင် ပိုတောင်လှပါသေးတယ်။

ဒါကတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းနေစေမယ့် ဆံပင်ပြင်ဆင်ပုံလေးပါ။

ဒီဆံပင်ပြင်ဆင်ပုံလေးဆိုရင်လည်း အရမ်းလှပါတယ်။ ကပိုကယိုလေးနဲ့ လှနေတာပါ။

Photo source:www.missysue.com