လက်သည်းအရှည်ထားတဲ့သူတွေက shape အမျိုးမျိုးထားကြပါတယ်။ အဲ့ထဲကမှ almond shape ထားတဲ့သူတွေအတွက် အရမ်းလှတဲ့ လက်သည်းဒီဇိုင်း ၁၂ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ almond shape လေးတွေနဲ့လည်း အရမ်းလိုက်ဖက်တာကြောင့် try ကြည့်သင့်ပါတယ်။

ခရမ်းရောင်နုနုလေးကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ almond shape လေးနဲ့ဆို အရမ်းကိုလှမှာပါ။

Accessories လေးတွေကပ်ရတာကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်း ၂ မျိုးကို ပုံဖော်ကြည့်သင့်ပါတယ်။ အရောင်နဲ့ဒီဇိုင်းက လူငယ်ဆန်ပြီး အရမ်းလှပါတယ်။ အရောင်ကလည်း ဘိုဆန်ပြီး အသားဆောင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် ရှင်းရှင်းလေးနဲ့ အရမ်းဆန်းတဲ့ ဒီဇိုင်းမျိုးပါ။ ကာလာစပ်ပြီးပုံဖော်ထားတာက အရမ်းလှပါတယ်။ almond shape လက်သည်းလေးတွေနဲ့ဆို အရမ်း match ဖြစ်နေမှာပါ။

Accessories လေးတွေကပ်ရတာကြိုက်ပေမယ့် လူငယ်အရမ်းဆန်တာမျိုး မကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းကိုသာ ရွေးချယ်ပါ။ အရမ်းကို gorgeous ဖြစ်ပြီးလှတဲ့ပုံစံလေးမို့ မိန်းကလေးတိုင်းကြိုက်မယ်လို့ ထင်ပါတယ်။

ဒီလက်သည်းဒီဇိုင်းလေးကျတော့ fancy ဆန်ပြီးလှတဲ့ပုံစံလေးပါ။ တခြားလက်သည်း shape တွေထက်စာရင် almond shape နဲ့က ပိုပြီးလိုက်ဖက်ပါတယ်။

ဒါကတော့ မိုးပြာရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းလှတဲ့လက်သည်းဒီဇိုင်းလေးပါ။ သူ့ဒီဇိုင်းလေးက လူငယ်ကောင်မလေးတွေကနေစပြီး အသက် ၃၀ ကျော်တွေအထိ လိုက်ဖက်တဲ့ဒီဇိုင်းမျိုးပါ။

လက်သည်းကိုပန်းချီးပုံစံမျိုး ပုံဖော်ရတာကြိုက်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပါတယ်။ ဘယ်တော့မှလည်း ရိုးမသွားမယ့် ဒီဇိုင်းမျိုးပါ။

ဒီလက်သည်းဒီဇိုင်းလေးဆိုရင် almond shape နဲ့မှ အလိုက်ဖက်ဆုံးပါ။ အရမ်းလှပြီးမိုက်လည်းမိုက်တဲ့ ဒီဇိုင်းလေးပါ။ အရောင်ကလည်း အသားဆောင်တာကြောင့် မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ပါတယ်။

ဒါကတော့ ကိုရီးယားဆန်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ ဒီဇိုင်းဆန်းတဲ့အပြင် ပန်းကြိုက်တဲ့ ကောင်မလေးတွေဆိုရင် အရမ်းသဘောကျမှာပါ။

Cow nail design တွေကလည်း အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတာကြောင့် almond shape လေးတွေနဲ့ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလိုက်ဖက်မှာပါ။

ဘိုဆန်တဲ့အရောင်လေးတွေကြိုက်တဲ့ ကောင်မလေးတွေအတွက်တော့ ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးက ရိုးရှင်းပြီး အရမ်းလှပါတယ်။

photo source:www.pinterest.com