အောင်မြင်မူဆိုတာ စိတ်အားထက်သန်မှုနှင့်ပဲ တိုက်ရိုက်အချိုးကျတာပါ။ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်ပန်းတိုင်ကို အတိအကျ သတ်မှတ်ထားပြီး “တုံးတိုက်တိုက်ကျားကိုက်ကိုက်” စိတ်မျိုးနှင့် ကြိုးစားဖို့တော့လိုပါတယ်။ ရည်မှန်းချက်ကို ထိခိုက်နှောင့်နှေးစေမယ့်  အကျင့်ဆိုးတွေ ကိုလည်း ပြင်ဖို့လိုအပ်ပါတယ်။

သန်းကြွယ်သူဋ္ဌေးကြီးတစ်ယောက် ဖြစ်ချင်တဲ့သူတွေအတွက် ပြင်သင့်တဲ့ အကျင့်ဆိုး ၁၂ ချက်ကိုတော့ ဖော်ပြပေးလိုက်ရပါတယ်။ ဒီအကျင့်ဆိုးလေးတွေကိုသာ ပြင်မယ်ဆိုရင်တော့ စီးပွားရေးမှာတင် အောင်မြင်နိုင်ရုံမက မိသားစု၊ သူငယ်ချင်းတွေနဲ့ပါ နွေးထွေးတဲ့ အသိုက်အမြုံတစ်ခုကို ရရှိမှာစေမှာပါ။ ကိုယ်ရောစိတ်ပါ နှစ်ရပ်စလုံးလည်း ပျော်ရွင်စေနိုင်မှာပါ။

(၁) မအောင်မြင်မှုကို စိတ်မပျက်ဘဲ၊ အောင်မြင်ဖို့ ပိုကြိုးစားပါ။

ဘဝအတွက်တန်ဖိုးရှိတဲ့ အရာရာတိုင်းဟာ အချိန်ပိုလုပ်ဖို့ ထိုက်တန်ပါတယ်။  ဘယ်တော့မှ သင့်ရည်မှန်းချက်ပန်းတိုင်ကို မရောက်ခင်အချိန်အထိ ကြိုးစားမူကို မရပ်တန့်လိုက်ပါနဲ့။ ထိုပန်းတိုင်ကို ရောက်ရှိဖို့ကိုလည်း ရေကုန်ရေခမ်းကြိုးစားပါ။ ရည်မှန်းချက်ပြည့်ဝလာရင်လဲ ထိုနေရာမှာတင် ရပ်တန့်မနေပဲ ပိုပြီးကြီးကျယ်ခမ်းနားတဲ့ အိမ်မက်ကို ဆက်လက်မက်ပါ။

(၂) အလုပ်ကိုတခုထက်ပိုပြီးမလုပ်ပါနှင့်။ တစ်ခုထဲကိုသာ အာရုံစိုက်လုပ်ပါ။

လေ့လာစမ်းသပ်မူတွေအရ  ၉၈ ရာခိင်နှုန်းသော လူတွေဟာ အလုပ်တစ်ခုထက်ပိုတဲ့ အလုပ်အများအပြားကို တစ်ပြိုင်နက်လုပ်နေပေမဲ့ အောင်မြင်မှုမရသည်ကို တွေ့ရမှာပါ။ ထိုလူတွေဟာ သူတို့ကိုသူတို့ အလုပ်များစွာကို တစ်ပြိုင်တည်းလုပ်နိုင်မယ်လို့ အထင်မှားစိတ်ကြီးဝင်နေတာလည်း ဖြစ်ပါတယ်။ စတမ်းဖိုဒ်က သိပ္ပံပညာရှင်တွေ စမ်းသပ်ချက်အရ အလုပ်တစ်ခုထက်ပိုလုပ်တဲ့သူတွေမှာ များပြားလှတဲ့ပြဿနာတွေကို ရင်ဆိုင်ရပြီး ၊ အတွေးအခေါ်အာရုံစူးစိုက်မူတွေဟာ အလုပ်တစ်ခုနှင့်တစ်ခုပြောင်းလဲ တွေးခေါ်ရာမှာ အခက်အခဲတွေ အများအပြားနှင့်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ထို့ကြောင့်မိမိရဲ့အလုပ်တစ်ခုကိုပဲ အာရုံစိုက်ပြီးလုပ်ပေးပါ။

(၃) အလုပ်လုပ်နေချိန်မှာ social media တွေအသုံးမပြုပါနှင့်။

ယနေ့ခေတ်မှာ လူသားတွေအတွက် အကြီးမားဆုံးရန်သူကတော့ Social media ပါပဲ။ ကျွန်တော်တို့အားလုံးကို မသုံးရမနေနိုင်အောင် ဆွဲဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။ Social Media တွေအလွန်အကျွံအသုံးပြုခြင်းဟာ အချိန်တွေကိုအလဟာသက် ဖြုန်းတီးပစ်ခြင်းပါဘဲ။ အနားရချိန်မှာ Instagram နဲ့ Facebook တွေမှာ  အချိန်ဖြုန်းခြင်းထက် သတင်းစာတစ်စောင်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး မနက်ဖြန်နေ့သစ်တိုင်းအတွက် အခွင်းအလမ်းပေါင်းများစွာကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၄) သင့်ကိုသင် အခြားလူတစ်ယောက်နှင့် မနှိုင်းယှဉ်ပါနှင့်။

ယခုဟာ အဆုံးသက်သို့ မရောက်ရှိသေးပါဘူး။ လူတိုင်းဟာကြိုးစားဖို့ အခွင့်အရေးတွေ ကိုယ်စီ ရှိနေပါတယ်။ ဒါကြောင့်သင့်ကိုသင် မည်သူကငါထက် ရုပ်ချောတယ်၊ ပိုချမ်းသာတယ်၊ ကြည့်ကောင်းတယ်လို့ မနှိုင်းယှဉ်၊ မယှဉ်ပြိုင်ပါနှင့်။ ယနေ့ကမိမိထက် မနက်ဖြန်မိမိက ပိုသာဖို့ပဲ အမြဲအာရုံစိတ်ကြိုးစားနေပါ။ သေးငယ်တဲ့အောင်မြင်မူလေးတွေဟာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မူတွေရဲ့အစပါ။

(၅) သင်နဲ့အမြင်မတူတဲ့သူတွေနဲ့ အချိန်မဖြုန်းပါနှင့်။

သူတို့နှင့်သင် သူငယ်ချင်းဆက်ဆံရေး မပျက်ဆီးအောင်တော့ကြိုးစားပါ။ ဒါပေမဲသူတို့အတွက် သင့်ရဲ့အချိန်တွေကိုတော့ ခွဲဝေမပေးပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ Negative အမြင်တွေဟာ သင့်ရဲ့ယုံကြည်မူတွေ၊ ခံယူချက်တွေကို ေ၀ဝါးစေနိုင်လို့ပါ။

(၆) ဆင်ခြေမပေးပါနှင့်။

မင်းတစ်ခုခုကို လိုချင်ပြီဆိုရင်တော့ ထိုအရာရာကို မဖြစ်ဖြစ်အောင် ကြိုစားပိုင်ခွင့် ရှိပါတယ်။  ဒါပေမဲ့ ဆင်ခြေတွေနဲ့အကြောင်းပြချက်တွေတော့ မပေးပါနဲ့။ အကြောင်းပြချက်ဆိုတာ ဆင်ခြေကို ကြည့်ကောင်းအောင် အရောင်ဖို့ထားခြင်းသာ ဖြစ်ပါတယ်။

(၇) အရမ်းအသေးစိတ်မကျပါနှင့်။

Presentation တစ်ခါပြဖို့အရေး Font ဒီဇိုင်းတွေနဲ့ အရောင်တွေကို ငါးနာရီလောက်ကြာအောင် ပြင်ဆင်သည့်အထိ အသေးမစိတ်ပါနှငိ့။ အချိန်စီမံခန့်ခွဲရေးကိုသာ သေချာ ဂရုတစိုက်လုပ်ပါ။ အလုပ်လုပ်ရာတွင် မြန်ဆန်ပြီး၊ အကျိုးရှိဖို့ပဲတွေးပါ။ တချို့သော ကိစ္စရပ်လေးတွေမှာ အနုစိတ် သေချာလုပ်ပြီး အချိန်မဖြုန်းပါနဲ။့

(၈) မညည်းညူပါနှင့်။

ဒါကတော့ ရှင်းပါတယ်။ အရာရာကိုအကောင်းမြင်စိတ် ဘက်ကပဲ စဉ်းစားတွေးခေါ်ပြောဆိုရင် ကောင်းချီးတွေပဲ သင့်ဆီရောက်လာမှာပါ။ အကောင်းမြင်စိတ်ဟာ သင့်ကျန်မာရေးကိုလည်း တစ်မျိုးတစ်ဖုံ အထောက်အကူ ဖြစ်စေပါတယ်။

(၉) အရာရာကို သင်လိုက်မတွေးပါနှင့်။

မင်း Boss ဒေါသအကြီးအကျယ်ထွက်နေတာရော၊ မင်းတို့ရုံးက Driver တိုင်မှာကပ်ပြီးတခစ်ခစ် ရယ်နေတာကိုရော ဘယ်အရာကိုမှ စပ်စပ်စုစု လိုက်မတွေးပါနှင့်။ သူတို့မှာ သူတို့ပြဿနာနှင့်သူတို့ရှိမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ သင်မဟုတ်ပါဘူး။ အရာရာကိုလိုက်တွေးပေးနေခြင်းကို ရပ်လိုက်မယ်ဆို မင်းအလိုလို ပျော်လာမှာပါ။

(၁၀) မနိုင်ဝန်မထမ်းပါနှင့်။

မင်းက ရုံးကိုအုပ်ချုပ်သူ ကိုယ်စားလှယ်ဖြစ်နေပါစေအုံး မင်းအနေနဲ့ ရုံးရဲ့ အခက်အခဲတိုင်း ဝန်ထမ်းတိုင်းရဲ့ ကိစ္စအားလုံးကို လိုက်ဖြေရှင်းဖို့မကြိုးစားပါနဲ့။ သင့်တော်တဲ့သူကို တာဝန်ခွဲပေးပြီး ဖြေရှင်းခိုင်းပါ။

(၁၁) အစည်းအဝေးတွေ သိပ်မလုပ်ပါနဲ့။

အစည်းအဝေးတွေဟာ လူတွေကို များသောအားဖြင့် စောင့်ရတက်ပြီး အမြဲလိုလိုနောက်ကျမှ အစပြုရကာ အတော်ကြာအောင်လည်း မပြီးနိုင်မစီးနိုင် ကြာမြင့်တတ်ပါတယ်။ မလိုအပ်ဘဲအစည်းအဝေးတွေ လုပ်ခြင်းဟာ တကယ်တော့ အချိန်ဖြုန်းခြင်းတွေပါ။ အစည်းအဝေးတွေ လုပ်မည့်အစား အဓိကထားပြောရမယ့်သူနဲ့ပဲ မင်းတစ်ယောက်ချင်းဆီ မြန်မြန်ဆန်ဆန်ဆွေးနွေးပါ။ အဲ့လိုလုပ်ပေးတာဟာ ပိုမိုအကျိုးသက်ရောက်စေပါတယ်။

(၁၂) အစီအစဉ်မဆွဲဘဲ လုပ်တတ်တဲ့ အမူအကျင့်ကိုရပ်ပစ်လိုက်ပါ။

ပထမဆုံးမင်းရဲ့ ပြက္ခဒိန်က ဘယ်နေ့၊ ဘယ်အချိန်မှာဘာလုပ်ရမလဲ ဆိုတဲ့ task တွေကို ဖြည့်လိုက်ပါ။ အချိန်ဇယားနဲ့မှတ်သားပြီး အလုပ်လုပ်တာဟာ မင်းရဲ့စွမ်းဆောင်ရည်၊ အလုပ်လုပ်နိုင်စွမ်းကို ပိုမိုတိုးတက်စေမှာပါ။ မင်း calendar မှာ အလုပ်မရှိဘဲ လွတ်နေတဲ့ချိန်မှာ မှန်ကန်ပြီးအကျိုးရှိတဲ့ အပန်းဖြေမူမျိုးကို မှီဝဲပါ။

အဆိုပါအချက်အလက်တွေအတိုင်း တစ်ပတ်လောက်လိုက်နာကြည့်မယ်ဆိုရင် မင်းဘဝရဲ့ အပြောင်းအလဲအချို့ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေ့မှာပြုလုပ်တဲ့ ကြိုးစားမှုရလာဒ်တိုင်းက မနက်ဖြန်အတွက် အကျိုးရှိစေမှာပါ။ ကြိုစားမူတိုင်းဟာ သင့်ဆီကို အောင်မြင်မူဆုလာဒ် အနေနဲ့ ပြန်လည်ရောက်ရှိလာစမြဲပါ။