လူတိုင်းကတော့ Stress တွေမရှိပဲနဲ့ အေးချမ်းစွာနေချင်ကြတာပါပဲ။ အဆင်မပြေမှုတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်ဖိစီးမှုတွေက ကိုယ့်ဆီ ရောက်လာ မှာပါပဲ။ ကိုယ်တိုင်က အမြဲပျော်အောင်နေပြီး ကောင်းတဲ့ဘက်က တွေးလိုက်မယ်ဆိုရင် Stress တွေရှိမှာ မဟုတ်တော့ပါဘူး။ ဖြစ်လာသမျှအရာတိုင်းကို လိုက်ခံစားမနေပဲ ဘဝမှာ Stress တွေမရှိပဲ အေးချမ်းစွာနေနိုင်ဖို့အတွက် ဒီအချက် ၁၁ ချက်ကို အမြဲလုပ်ဆောင်ပါ။

မနက်စောစောထပါ

မနက်စောစောထတဲ့အကျင့်ကိုလုပ်ပါ။ မနက်စောစောထမှ စိတ်ရောလူပါ လန်းဆန်းနေပါလိမ့်မယ်။ မနက်စောစောထလို့ မလန်းဘူးဆိုတာက ညဘက်မှာ စောစောမအိပ်လို့့ပါ။

လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ

မနက်စောစောထပြီး လေ့ကျင့်ခန်းတစ်ခုခုကို အမြဲလုပ်ပါ။ ပေါ့ပါးသွက်လက်ပြီး နေလို့ကောင်းမယ့်အပြင် စိတ်ရောလူပါ ကျန်းမာစေပါတယ်။

အချိန်ဇယားလုပ်ပါ

တစ်နေ့တာလုပ်ရမယ့်အရာတွေ၊ လုပ်သင့်တဲ့အရာတွေကို အချိန်ဇယားဆွဲပြီး စနစ်တကျလုပ်ပါ။ အချိန်နဲ့ သေချာစနစ်တကျလုပ်တတ်သွားရင် အလုပ်နဲ့ပတ်သက်လို့ Stress တွေလည်း ရှိမှာမဟုတ်တော့ပါဘူး။

အာဟာရမျှတအောင်စားပါ

တစ်နေ့တာကို အာဟာရမျှတအောင်စားပေးဖို့လိုပါတယ်။ ဒါက လူတိုင်းအတွက်အရေးကြီးပါတယ်။ ကျန်းမာမှ အရာရာကိုလုပ်ဆောင်နိုင်မယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ Stress တွေလည်း မရှိပဲ နေနိုင်ပါမယ်။

အိပ်ရေးဝဝအိပ်ပါ

Stress တွေရနေတဲ့အချိန်မှာ အိပ်ရေးဝဝမအိပ်ရင် Stress ပိုပိပြီး စိတ်ရောလူပါ ပင်ပန်းလာပါလိမ့်မယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။

အိပ်ခါနီးတရားထိုင်ပါ

အိပ်ခါနီးမှာ တရားထိုင်တဲ့အကျင့်လေး လုပ်ပေးပါ။ ညအိပ်ခါနီး တရားထိုင်တာက တစ်နေ့တာလုံးရလာတဲ့ Stress တွေ၊ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာတွေ လျော့ကျစေတယ်။ ကောင်းမွန်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ပိုက်ဆံစုပါ

ကိုယ်ရှာထားတဲ့ ဝင်ငွေရဲ့ တစ်ဝက်ကို စုဖြစ်အောင်စုပါ။ တစ်ဝက်မစုဖြစ်ရင်တောင် သုံးပုံ ပုံ တစ်ပုံတော့ ရအောင်စုပါ။ ပိုက်ဆံစုပြီး ပမာဏများလာရင် ပျော်ရွှင်ရတယ်။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေ လုပ်လို့ရတဲ့အတွက် စိတ်ချမ်းသာရပါတယ်။

 

ကိုယ်ပိုင်အချိန်ထားပါ

ကိုယ့်ပျော်ရွှင်မှုအတွက် စိတ်ကို Relax လုပ်ဖို့ ကိုယ်ပိုင်အချိန်ထားပါ။ ကိုယ်လုပ်ချင်တာတွေလုပ်ပြီး အေးဆေးအနားယူပါ။ ဒီလိုမျိုးကို တစ်ပတ်မှာ တစ်ကြိမ်တော့ လုပ်ပေးပါ။ တစ်ပတ်လုံးရလာတဲ့ စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်သစ်လူသစ်နဲ့ နေလို့ကောင်းသွားပါလိမ့်မယ်။

စာဖတ်ပါ

စာဖတ်ခြင်းက စိတ်အေးချမ်းတည်ငြိမ်စေတယ်။ အတွေးမြင်တွေ ပြောင်းလဲစေတယ်။ ရင့်ကျက်လာစေတယ်။ ဗဟုသုတတွေ အများကြီးရစေတယ်။ ဒါကြောင့် စာဖတ်ပါ။

များများရယ်ပါ

တစ်နေ့တာကို ပျော်စရာတွေ၊ ရယ်မောစရာတွေနဲ့ ဖြတ်သန်းပါ။ များများရယ်ပါ။ စိတ်ညစ်စရာ၊ ဒေါသထွက်စရာ၊ ဝမ်းနည်းစရာတွေတွေ့ရင်လည်း တခြားကိုအာရုံပြောင်းပစ်ပါ။ ဒါကိုပဲ တွေးပြီးနေရင် Stress ပိသွားပါလိမ့်မယ်။

အရာရာကိုအကောင်းဘက်ကတွေးပေးပါ

ဖြစ်လာသမျှအရာရာတိုင်းကို အကောင်းဘက်ကတွေးပေးတတ်ရင်၊ အကောင်းဘက်ကမြင်ပေးတတ်ရင် ကိုယ့်ပဲအရင်ဆုံး စိတ်ချမ်းသာရပါတယ်။ Stress တွေလည်း ရှိလာမှာမဟုတ်ပါဘူး။

photo source: www.freepik.com