စစ်တမ်းတစ်ခုအရ ၈၀ ခုနှစ်နဲ့ ၉၀ ကြားမွေးတဲ့ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ အထီးကျန်နေတယ်လို့ သိရပါတယ်။ Dating Program တွေ၊ Tinder လို Dating App တွေ ရှိတာတောင် ဒီလို အထီးကျန်တာတွေ ဖြစ်လာတာပါ။ ဘာလို့ ဒီလို ဖြစ်ရတာလဲ။ တစ်ခါ နှစ်ခါ အဆက်အသွယ် လုပ်ပြီးကြတာနဲ့ ဘာလို့ အဆက်အသွယ် ပြတ်သွားကြတာလဲ။ ဒီလို ဖြစ်ရပ်မျိုးကို အောက်ဖော်ပြပါ လူတွေမှာ တွေ့ရတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလို လူပုံစံထဲ ပါနေနိုင်ပါတယ်။ ဒီတော့ ကြည်ု့လိုက်ရအောင်-

၁။ Mama’s boy

မေမေအိမ်မှာ နေပြီး မေမေရဲ့ ခွင့်ပြုချက်ရမှ လုပ်နိုင်သူတွေ၊ အရွယ်တစ်ခု ရောက်တဲ့အထိ မေမေက အဝတ်အစားတွေ လျှော်ပေးရတုန်း၊ မီးပူတိုက်ပေးရတုန်း၊ အစစအရာရာ လုပ်ပေးနေရတုန်းဆိုရင် ဒီလိုလူမျိုးက Marriage Material ထက် သူငယ်ချင်းကောင်းပဲ ဖြစ်နိုင်ပါတယ်။

၂။ ပရိတ်သတ်

သူတို့ သဘောကျတဲ့ နာမည်ကျော်၊ ဘောလုုံးအသင်း စတဲ့ အရာအတွက် အရာရာကို စတေးဖို့ သူတို့က အဆင်သင့် ဖြစ်နေတတ်ပါတယ်။ ဒီလိုလူမျိုးရဲ့ ရင်ထဲမှာ သင့်အတွက် နေရာမရှိပါဘူး။

၃။ ပြင်ချင်သူ

သင်ဝတ်သမျှကို သူက သဘောမကျပါဘူး၊ သင့်ကိုယ်အလေးချိန်နဲ့ သင့်ပုံစံ၊ သင့်နားပေါက်၊ သင့်စတိုင် စသဖြင့် အရာရာကို သူတို့က ပြောင်းလဲချင်ကြပါတယ်။ ဒီလိုလူမျိုးက သူတို့ တွဲနေတဲ့ သူကိုသာ အလှဆုံး၊ အကောင်းဆုံး ဖြစ်စေချင်တာ.. သူတို့ကတော့ ဖြစ်သလို နေတတ်ပါတယ်။

၄။ လူပြတ်

သူက အရာရာကို ဟာသလို မြင်ပြီး သင်နဲ့ ဒိတ်ရင်လည်း သင်ပြောတာ သိပ်နားမထောင်ဘဲ ဟာသလုပ် ပြောတတ်သူပါ။ သူ့ပါးစပ်က ထွက်တဲ့ စကားတိုင်းလိုလိုက စနောက်တာ၊ ဟာသလုပ်တာတွေပဲ ဖြစ်နေလေ့ရှိပါတယ်။

၅။ Single မဟုတ်တဲ့သူ

သူတို့ကတော့ အရင်ရည်းစားဟောင်းကို မမေ့နိုင်သူတွေပါ။ သင်နဲ့ ဒိတ်ရင်တောင် သူတို့က သူတို့ အရင်ရည်းစားအကြောင်း တောက်လျှောက် ပြောနေနိုင်ပါတယ်။

၆။ အသုံးအဖြုန်းကြီးသူ

သူတို့က ဘာပဲလုပ်လုပ် ပိုက်ဆံကုန်ရမှ ကျေနပ်သူတွေပါ။ ပိုက်ဆံကုန်သွားလို့ သုံးစရာမရှိရင်လည်း တခြားသူဆီက ချေးပြီး ထပ်ဖြုန်းတတ်ပါတယ်။

၇။ လူ့ဂွစာ

ပြဿနာရှာစရာ တစ်ခုခု မြင်တာနဲ့ ဒီလိုလူတွေက အရမ်းပျော်တတ်တာပါ။ တွေ့သမျှကို ဇီဇာကြောင်ကာ ပြဿနာရှာလေ့ရှိပြီး သေးသေးလေးကအစ အပြစ်မြင်တတ်သူတွေပါ။

၈။ ဖုန်းစွဲနေသူ

သင်က သင့်ဘဝရဲ့ ဝမ်းနည်းစရာကိစ္စတွေကို ပြောနေရင်တောင် သူတို့က ဖုန်းကြည့်ရင်း နားထောင်တတ်သူတွေပါ။ ဘာပဲလုပ်လုပ် ဖုန်းလေး ပါလိုက်မှ ဆိုတဲ့ သူမျိုးပါ။

၉။ အဟောင်းပြန်သုံးသူ

သူတို့က ဖုန်းဆိုရင်တောင် ခလုတ်ဖုန်းကိုင်နေဆဲ ဖြစ်ပြီး အင်္ကျီဝယ်ဖို့ ပိုက်ဆံရှိရင်တောင် ရှိတာလေးပဲ ပြန်ချုပ်လိုက်၊ ပြန်ပြင်လိုက် လုပ်ကာ ဝတ်တတ်သူတွေပါ။ လူတွေအမြင်က သူတို့အတွက် အရေးပါလေ့မရှိဘဲ သူတို့ရဲ့ လက်တွဲဖော်တွေက သူတို့နဲ့ အပြင်ထွက်ဖို့ ကြောက်နေရတတ်ပါတယ်။

၁၀။ အလျင်လိုသူ

ဒီလိုလူမျိုးကတော့ တွဲပြီး ၃ ရက်တည်းနဲ့ 3 Days Anniversary ဆိုပြီး လက်ဆောင်တွေဝယ်၊ အရမ်းတွေ ချစ်ပြတတ်သူတွေပါ။ သူတို့ကိုတော့ သူတို့တွဲတဲ့သူတွေက လန့်ပြီး ပြေးတတ်ကြပါတယ်။

၁၁။ တက်ကြွလှုပ်ရှားရေးသမား

သူတို့ကတော့ သူတို့ ယုံကြည်ရာကို စွဲကိုင်ထားသူတွေဖြစ်ကာ သူတို့ လက်တွဲဖော်တွေ ဒါမျိုး လုပ်တာကို လုံးဝ သဘောမတူ၊ ကန့်ကွက်သူတွေပါ။ သူတို့ပဲ မှန်တယ်လို့ ယူဆထားသူတွေပါ။

သင်ကော ဒီလိုလူတွေထဲ ပါလား ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar