မိန်းကလေးတစ်ယောက်နဲ့တစ်ယောက် အမူအကျင့်တွေ၊ ခံယူချက်တွေက မတူနိုင်ပါဘူး။ ဒါကြောင့် ယောကျာ်းလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်ကို သဘောကျတဲ့အချိန် သူတို့သဘောကျတဲ့ ပုံစံလေးတွေနဲ့ ကိုက်ညီမှ သဘောကျကြပါတယ်။ ဒီပုံစံ (၁၁) မျိုးကတော့ သင့်ဘဝမှာ ပုံမှန်မြင်တွေ့ရတဲ့ မိန်းကလေးပုံစံတွေပဲဖြစ်ပါတယ်။
၁။ ဖက်ရှင်ရူး
Online Shop က အကျ်ီဝယ်ရတာ၊ Shopping ထွက်ရတာ ဝါသနာထုံတဲ့မိန်းကလေးတွေပါ။ ပေါ်လာတဲ့ ဖက်ရှင်ဒီဇိုင်းတိုင်းက သူတို့လက်ထဲရှိပါတယ်။ ဘယ်လိုဝတ်ရင် ဘယ်လိုလှမလဲ သူတို့သိပါတယ်။
၂။ Player
ဒီမိန်းကလေးတွေက ရည်းစားများချင်လွန်းတဲ့ ရည်ရွယ်ချက်ကြောင့် Player ဖြစ်တာမဟုတ်ပါဘူး။ သူတို့က သူတို့တွဲတဲ့လူထက် ပိုတော်တဲ့လူမျိုးကိုပဲ တောင့်တကြလို့ပါ။ မရောင့်ရဲကြတာပါ။ Player မိန်းကလေးတွေက ဆွဲဆောင်မှုရှိပါတယ်။ ဘာဝတ်ဝတ်အမြဲလှနေပါတယ်။ ယောကျာ်းလေးတစ်ယောက်ကို ဘယ်လိုဆွဲဆောင်ရမလဲ သူတို့သိပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့ အချိန်အကြာကြီးမတွဲတတ်ပါဘူး။
၃။ စာကြမ်းပိုး
ဒီမိန်းကလေးတွေကတော့ အားနေရင် စာအုပ်ပဲဖတ်နေတတ်ပါတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီး သိပ်ဂရုမစိုက်ပါဘူး။ စာက သူတို့ဘဝမှာ အရေးအကြီးဆုံးပါ။ ရည်ရွယ်ချက်ကြီးမားကြပါတယ်။
၄။ မိခင်နဲ့တူတဲ့ အမျိုးသမီး
ဒီမိန်းကလေးတွေကတော့ လူတစ်ယောက်ကို အရမ်းဂရုစိုက်တတ်ပါတယ်။ အမေတစ်ယောက်လို မေတ္တာအပြည့်ရှိပါတယ်။ ဘယ်အရာမဆို ကြိုတွေးထားတတ်ပါတယ်။ ကလေးတွေကို ချစ်တတ်ပါတယ်။
၅။ မိန်းကလေးဆန်သူ
မိန်းကလေးဆန်တဲ့ကောင်မလေးတွေက စကပ်လေးတွေ ဝတ်ရတာကြိုက်ပါတယ်။ ပန်းရောင်နဲ့ အရောင်နုနုလေးတွေကို ကြိုက်ပါတယ်။ ကြင်နာတတ်တဲ့နှလုံးသားရှိပါတယ်။
၆။ စွန့်စားသူ
ဒီမိန်းကလေးတွေက စွန့်စားချင်ပါတယ်။ ခရီးသွားရင် တစ်ယောက်တည်း သွားချင်စိတ်က ပိုများပါတယ်။ ကြောက်စရာကောင်းတဲ့အရာတွေကို စွန့်စားခန်းတစ်ခုလို သဘောထားပြီး ပျော်ပျော်ကြီးလုပ်တတ်ကြပါတယ်။
၇။ ရည်ရွယ်ချက်ကြီးမားသူ
ရည်ရွယ်ချက်ကြီးမားတဲ့ မိန်းကလေးတွေရဲ့ဘဝမှာ အလုပ်က ပထမအရေးအကြီးဆုံးပါ။ သူတို့လိုချင်တဲ့အရာကို ရအောင်ကြိုးစားကြပါတယ်။
၈။ ရှက်တတ်သူ
ဒီမိန်းကလေးတွေက တော်လျက်နဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိကြပါဘူး။ သူလိုချင်တာကို ဘယ်တော့မှ မရဘူးလို့ ယုံကြည်ထားသူတွေပါ။ ရှက်တတ်တာလည်း သူတို့ပါပဲ။
၉။ နှိုင်းယှဉ်တတ်သူ
ဘေးအိမ်က မြက်ခင်းတွေက ပိုလှတယ်။ ကိုယ့်အိမ်က မြက်ခင်းတွေက ရုပ်ဆိုးတယ်လို့ ထင်တတ်သူတွေပါ။ အရာရာကို နှိုင်းယှဉ်နေတတ်ပြီး ဘယ်တော့မှ မရောင့်ရဲတတ်တဲ့ မိန်းကလေးတွေပါ။
၁၀။ ပိုင်ဆိုင်ချင်သူ
ဒီမိန်းကလေးတွေက လူတစ်ယောက်နဲ့ တွဲရင် အဲ့လူအကြောင်းကို အချိန်ပြည့်သိချင်ပါတယ်။ သဝန်တိုတာလည်း သူတို့ပါပဲ။ လိုချင်တာမရရင် ငိုတတ်တာကလည်း ဒီမိန်းကလေးတွေပါပဲ။
၁၁။ အပြစ်ကင်းစင်သူလေး
အပြစ်ကင်းစင်တဲ့မိန်းကလေးတွေက အယုံလွယ်ကြပါတယ်။ နောက်ရင်လည်း နောက်မှန်းမသိ စိတ်ဆိုးတတ်ကြပါသေးတယ်။ အပြစ်ကင်းစင်လွန်းတဲ့ အမူအရာကြောင့် ယောကျာ်းလေးတွေရဲ့ နှလုံးသားကို အလွယ်တကူရနိုင်သူလေးတွေဖြစ်ပါတယ်။
ဒီထဲမှာ သင်က ဘယ်လိုမိန်းကလေးထဲပါလဲ Comment ပေးခဲ့ဦးနော်။
Photo source: Pinterest
By MyStyle Myanmar