သင့်ပုံစံနဲ့ သင်နေဖို့ မကြောက်ရွံ့သင့်ပါဘူး။ ဒီလို နေမိလို့ ကိုယ်နှစ်သက်တဲ့သူက မကြိုက်လောက်ပါဘူးလို့လည်း မထင်သင့်ပါဘူး။ တချို့မိန်းကလေးတွေဆိုရင် ဘာဆွဲဆောင်မှုမှ သိပ်မရှိဘဲနဲ့ကို ကောင်လေး အများအပြားရဲ့ သဘောကျခြင်းကို ခံရတတ်ပါတယ်။ အဓိကက မိန်းကလေးတစ်ယောက်ရဲ့ အမူအရာနဲ့ အသံပါ။ ဒီတစ်ခေါက်မှာတော့ ကောင်လေးတွေဘက်က ချစ်စရာကောင်းတယ်လို့ ယူဆလေ့ရှိတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ ဝါသနာကို နှစ်နှစ်ခြိုက်ခြိုက် လုပ်တတ်တာ

ယောက်ျားလေးတွေက ကိုယ့်ဝါသနာအပေါ် တစ်စိုက်မတ်မတ် လုပ်တတ်တဲ့ ကောင်မလေးတွေကို ချစ်ဖို့ကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ အချစ်ရေးအပေါ်ပဲ အာရုံစိုက်နေတာမျိုး မဟုတ်ဘဲ ကိုယ်လုပ်စရာ ရှိတာကို တစ်စိုက်မက်မက် စိတ်ဝင်စားစွာ လုပ်နေတတ်တဲ့ ကောင်မလေးတွေက သူတို့ မျက်လုံးထဲ အလှဆုံး ဖြစ်နေတတ်ပါတယ်။

၂။ သီချင်းဆိုတာ

သူ့ကို ဆွဲဆောင်ဖို့ ဆိုပြီး လူကြားထဲ သီချင်း ထဆိုစရာ မလိုပါဘူး။ သူနဲ့ နှစ်ယောက် အတူရှိနေတဲ့အချိန် အသံတိုးတိုးလေးနဲ့ သီချင်း ဆိုရုံနဲ့တင် အဆင်ပြေပါတယ်။ ဒီအမူအရာက သင်ဟာ သူ့အနား သက်တောင့်သက်သာ ဖြစ်တယ်လို့ ပြရာ ရောက်ပါတယ်။ သူတို့က ဒါကို နှစ်သက်ပါတယ်။

၃။ ရုတ်တရက် ထရယ်တာ

ဟာသ တစ်ခုခု မြင်ပြီး ရုတ်တရက် ထရယ်လိုက်တာက သူတို့ စိတ်ထဲ စိတ်ဝင်စားစရာ ဖြစ်သွားတတ်ပါတယ်။ တောက်တောက်ပပ ပြုံးတတ်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက ချစ်ဖို့ကောင်းတယ် ထင်လေ့ရှိပါတယ်။

၄။ ဟာသကို အတူတူ မျှဝေတာ

ယောက်ျားလေးတွေက မိန်းကလေးတွေ သူတို့ဆီ ပို့တတ်တဲ့ ဟာသ ဗီဒီယိုအားလုံးကို မကြည့်ပေမယ့် သူနဲ့ Share ပေးဖော်ရတဲ့ သင့်ကို နှစ်သက်တတ်ကြပါတယ်။

၅။ ကိုယ်ဝတ်ချင်တာ ဝတ်တာ

ကြည့်လို့ အဆင်ပြေသရွေ့ ကိုယ်ဝတ်ချင်တာ ဝတ်တတ်တဲ့ ကောင်မလေးတွေကို ယောက်ျားလေးတွေက ချစ်စရာလေး လို့ မြင်တတ်ပါတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေဖို့ပါ။

၆။ စနောက်တာ

ယောက်ျားလေးတွေက သူတို့ကို စနောက်တတ်တဲ့ ကောင်မလေးတွေကို ချစ်စရာကောင်းတယ်လို့ မြင်တတ်ကြပါတယ်။ ဘယ်အချိန် ဘယ်လို လာနောက်မလဲ သူတို့ခေါင်းထဲ ရောက်နေတတ်လို့ပါ။

၇။ ကိုယ့်ကိုယ်ကိုယ် စကားပြောတာ

ယောက်ျားလေးအချို့က ကိုယ့်ကိုယ်ကိုယ် စကား ထ ပြောတတ်တဲ့ ကောင်မလေးတွေကို အထူးအဆန်း ထင်ကြပေမယ့် တချို့ကတော့ ဒီလို ကောင်မလေးတွေကိုမှ ချစ်စရာလေးလို့ မြင်ကြပါတယ်။ သင့်ပုံစံနဲ့ သင် နေဖို့ အရေးကြီးပါတယ်။

၈။ နာမည်ပေးတာ

အရာဝတ္ထု ပစ္စည်းတွေကို နာမည်လိုက်ပေးတတ်တဲ့ ကောင်မလေးတွေက ချစ်စရာကောင်းတယ်လို့ သူတို့ မျက်လုံးထဲ မြင်တတ်ပါတယ်။

၉။ အရာသေးသေးလေးတွေပေါ်မှာ ပျော်တတ်တာ

ကိုယ်ကြိုက်တာလေး စားလိုက်ရလို့ ပျော်သွားတတ်တဲ့၊ ထခုန်တတ်တဲ့ ကောင်မလေးတွေက ချစ်စရာလေးတွေပါ။ ယောက်ျားလေးတွေကလည်း ဒီလိုပဲ မြင်ပါတယ်။

၁၀။ လျို့ဝှက်တဲ့ ကျွမ်းကျင်မှုတွေ

ထူးဆန်းပြီး ဘယ်သူမှ မသိတဲ့ ကျွမ်းကျင်မှုတွေ သင့်ဆီမှာ ရှိတာကလည်း ချစ်ဖို့ကောင်းတဲ့ အချက်တစ်ချက်ပါ။

၁၁။ မျက်နှာအမူအရာ

တစ်ခုခု မြင်တိုင်း မျက်နှာအမူအရာ ပေါ်တတ်တာကလည်း ချစ်စရာ ကောင်းတာပါပဲ။ တစ်ခုခု မြင်လို့ လန့်သွားတာ၊ ပျော်သွားတာ စသဖြင့် မိန်းကလေးတွေရဲ့ မျက်နှာမှာ အမူအရာတွေ ပေါ်သွားတတ်ပါတယ်။ ဒါလေးတွေကလည်း ချစ်စရာကောင်းတယ်လို့ ကောင်လေးတွေက မြင်တတ်ကြပါတယ်။

Photo Source: Pinterest

By MyStyle Myanmar