လူငယ်ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ Tattoo Design 11 မျိုးကို မျှဝေပေးလိုက်ပါတယ်။ တချို့ Tattoo Design လေးတွေက လူငယ်ကောင်လေးတွေနဲ့တောင် လိုက်ဖက်ပါတယ်။

Totoro ကြိုက်တဲ့ ကောင်မလေးတွေ၊ ကောင်လေးတွေဆိုရင် ဒီ Tattoo Design လေးတွေကို ထိုးလို့ရပါတယ်။ အရမ်းအနုပညာဆန်ပြီး ချစ်ဖို့ကောင်းတဲ့ Design လေးတွေပါ။

မြွေပုံလေးကိုမှ အရမ်းချစ်ဖို့ကောင်းတာမျိုးလေး ထိုးချင်တယ်ဆိုရင် ဒီ Tattoo Design လေးကိုသာ ထိုးလိုက်တော့နော်။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ယုန်ချစ်တဲ့ ကောင်မလေးတွေဆိုရင် ဒီ Tattoo Design လေးကိုသာ ထိုးလိုက်ပါ။ အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ လက်ကောက်ဝတ်မှာ ထိုးရင်လည်း လိုက်သလို ခြေချင်းဝတ်နေရာမှာ ထိုးလည်း လိုက်ပါတယ်။

ခွေးချစ်တဲ့ကောင်မလေးတွေအတွက် အရမ်းကိုချစ်ဖို့ကောင်းတဲ့ Tattoo Design လေးပါ။

ဒီ Tattoo Design လေးကျတော့ လက်ကောက်ဝတ်နေရာ၊ ခြေချင်းဝတ်နေရာ၊ လက်မောင်းနေရာလေးတွေမှာထိုးရင် ပိုလိုက်ဖက်ပြီး အရမ်းလည်းချစ်ဖို့ကောင်းပါတယ်။

နောက်ထပ် အသည်းယားစရာကောင်းပြီး အရမ်းချစ်ဖို့ကောင်းတဲ့ Tattoo Design လေးပါ။

Stitch ကြိုက်တဲ့ ကောင်မလေးတွေအတွက် အရမ်းချစ်ဖို့ကောင်းတဲ့ Stitch Tattoo Design လေးပါ။ သုံးခုမထိုးပဲ တစ်ခုထဲပဲထိုးလည်း ချစ်ဖို့ကောင်းနေမှာပါ။

လင်းပိုင်ပုံလေးတွေထိုးမယ်လို့ စဉ်းစားထားရင်တော့ ဒီ Tattoo Design လေးက အရမ်းချစ်ဖို့ကောင်းပါတယ်။ အရမ်းလည်းမသေးတဲ့အတွက် ထင်းပြီးပေါ်လွင်စေပါတယ်။

ဒါကတော့ ရေလှိုင်းလေးတွေနဲ့ ပင်လယ်ကိုချစ်တဲ့ ကောင်မလေးတွေအတွက် အနုပညာဆန်ပြီး လှပသလို ချစ်ဖို့လည်းကောင်းတဲ့ Tattoo Design လေးပဲ ဖြစ်ပါတယ်။

ကြောင်ချစ်တဲ့ကောင်မလေးတွေကတော့ ကြောင်ပုံကို တစ်ပုံထဲမထိုးပဲ ဒီလိုအများကြီးလည်း ထိုးလို့ရပါသေးတယ်။ အရမ်းချစ်ဖို့ကောင်းတဲ့ Tattoo Design လေးပါပဲ။