အမျိုးမျိုး ဖြစ်ပျက်နေတဲ့ အချိန်ကာလမှာ ဘယ်သတင်းကြည့်ကြည့် စိတ်ပျက်စရာတွေ ချည်းပါပဲ။ သင့်အနေနဲ့ ဒါတွေကြောင့်ကော၊ သင့်အလုပ်၊ သင့်ဘဝကြောင့်ကော စိတ်ဖိစီးတာ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးနေတာကို အလိုလို သိနိုင်ပေမယ့် တစ်ခါတလေ သင်တွေးထားတာထက်ကို သင်က အဘက်ဘက်က ဖိစီးမှု ဒဏ်ကို ခံစားနေရပြီ ဖြစ်ကြောင်း သင့်ခန္ဓာကိုယ်က ပြသတဲ့ လက္ခဏာတွေ ရှိပါတယ်။ ဒါတွေက ဘာတွေလဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်-

၁။ စိုးရိမ်လွန်းမယ်

သင်က ဘယ်ကိစ္စမဆို စိုးရိမ် ပူပန်လွန်းနေပါတယ်။ မဖြစ်လာသေးတဲ့ အရာအတွက် တွေးပြီး စိုးကြောက်လာပါတယ်။

၂။ စိတ်တိုလွယ်တယ်

သင်က ကိစ္စသေးသေးလေးနဲ့လည်း ဒေါသထွက်လာတတ်ပါတယ်။ အရင်လို မဟုတ်တော့ပါဘူး။

၃။ အငြိမ်မနေနိုင်ဘူး

သင်က အချိန်အများစုမှာ ငြိမ်ငြိမ် မနေတော့ပါဘူး။ ဒူးနှံ့တာ၊ လက်ဖြောက်တီးနေတာ စတာတွေကို မတည်မငြိမ် လုပ်တတ်ပါတယ်။

၄။ အမြဲပင်ပန်းနေမယ်

သင်က အားအားနေရင် အိပ်ပဲ အိပ်ချင်နေပါတယ်။ တစ်ခုခု လုပ်မယ်ဆိုလည်း မလုပ်ခင်က ပင်ပန်းနေတတ်ပါတယ်။

၅။ အာရုံစိုက်ရ ခက်မယ်

အရေးပါတဲ့ အလုပ်တွေကို သင်လုံးဝ အာရုံစိုက်မရ ဖြစ်တတ်ပါတယ်

၆။ စိတ်ဆိုးလွယ်မယ်

ဘယ်သူဘာလုပ်လုပ် ဒါကို ကြည့်ပြီး စိတ်ဆိုးနေတတ်ပါတယ်။

၇။ ကြွက်သားတွေ တောင့်တင်းမယ်

သင့်ပခုံးတွေက တောင့်တင်းနေတတ်ပါတယ်။ သင့်ခါးကလည်း အမြဲ တောင့်နေတတ်ပါတယ်။

၈။ အိပ်မပျော်ဘူး

သင်က အတွေးများတာကြောင့် ညဘက် အိပ်တဲ့အချိန် အလွယ် အိပ်မပျော်သလို အိပ်ပျော်သွားရင်လညး် ပြန်နိုးလာတတ်ပါတယ်။

၉။ ကြောက်စရာအတွေးတွေ

သင့်ကို အန္တရာယ်ပြုမယ့်သူ မရှိပေမယ့် စိတ်ထဲ ထိတ်လန့်နေတတ်ပါတယ်။ အကောင်တစ်ကောင် တစ်နေရာရာက ပေါ်လာသလိုလို သင့်အတွေးက ကြောက်လန့်နေတတ်ပါတယ်။

၁၀။ လူတွေကို ရှောင်တတ်လာတယ်

သင်က လူတွေကြားထဲ သွားဖို့ထက် တစ်ယောက်ထဲပဲ နေချင်လာပါတယ်။ ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်ချင်တော့ပါဘူး။

၁၁။ ကြောက်တတ်လာတယ်

သင်က မဖြစ်ပျက်သေးတဲ့ အရာအတွက် ကြိုကြောက်နေတတ်ပါတယ်။ ဒီအရာက ဖြစ်မလာ မဖြစ်လာတောင် မကျိန်းသေဘဲ ကြောက်ရွံ့နေတတ်ပါတယ်။

သင့်မှာ ဒီခံစားချက်တွေ ခံစားနေရရင် ဒါက စိတ်ဖိစီးလွန်းတဲ့အခါ ဖြစ်တတ်တယ်လို့ သိထားပြီး ပုံမှန်ပဲလို့ တွေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar