မင်္ဂလာပါ ပျိုမေလေးတို့ရေ၊ ကမ္ဘာကျော်မင်းသမီးလေးတွေ အသက်ဘယ်လောက်ပဲကြီးလာ ကြီးလာ ဘယ်အချိန်ပဲ ကြည့်ကြည့်လှပနေလို့ အားကျနေတယ်မလား။ သူတို့မှာက ကျွမ်းကျင်တဲ့အလှဖန်တီးရှင်တွေရဲ့ အကူအညီရယူနိုင်သလို ပျိုမေလေးတို့တွေလည်း အခြေခံကျတဲ့ အသားအရေထိန်းသိမ်းစောင့်ရှောက်မှုတွေကို ပြုလုပ်ပေးနိုင်ပါသေးတယ်။

အခုဖော်ပြပေးမဲ့ အချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် ဘယ်အချိန်ပဲကြည့်ကြည့် ပြစ်မျိုးမှဲ့မထင် လှပနေစေမှာ အသေအချာပါပဲ။

၁။ မျက်နှာကို ရေခဲတုံးနဲ့ ပွတ်ပေးပါ

မျက်နှာကို ရေခဲတုံးနဲ့ စက္ကန့်အနည်းငယ်ခန့် ပွတ်တိုက်ပေးခြင်းက အသားအရေ မဲညစ်ညစ်ဖြစ်နေခြင်းမှ ကာကွယ်ပေးပါတယ်။ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေတာက်ပလာတာကို သိသိသာသာခံစားရမှာပါ။

၂။ သင့်မျက်နှာအသားအရေနဲ့ ထိတွေ့ရတဲ့အရာမှန်သမျှကို သန့်သန့်ရှင်းရှင်းထားပါ

သင့်မျက်နှာကို လက်ညစ်ညစ်ပတ်ပတ်နဲ့ ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။ သင့်မှာ ခြောက်သွေ့တဲ့အသားအရေ၊ ဒါမှမဟုတ် ပုံမှန်အသားအရေပိုင်ရှင်ဆိုပါက တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်များကို လဲပေးပါ။ အဆီပြန်တဲ့အသားအရေပိုင်ရှင်ဆိုရင်တော့ သုံးရက်တစ်ခါ ခေါင်းအုံးစွပ်လဲပေးပါ။ သင့်ဖုန်း စခရင်မ်ကိုလည်း မကြာခဏသန့်ရှင်းရေးလုပ်ပေးပါ။

၃။ လည်ပင်းအသားအရေကိုလည်း ဂရုစိုက်ပါ

လည်ပင်းအသားအရေက ပါးလွှာပြီး သင့်မျက်နှာလိုပဲ နူးညံ့တဲ့ဂရုစိုက်မှုလိုအပ်ပါတယ်။ Skincare လိမ်းမယ်ဆိုရင်လည်း လည်ပင်းကိုလိမ်းပေးဖို့ မမေ့ပါနဲ့။

၄။ လက်အသားအရေကို ဂရုစိုက်ပါ

လည်ပင်းအသားအရေလိုပဲ လက်အသားအရေကလည်း နူးညံ့ပျော့ပျောင်းပါတယ်။ ဒါ့ကြောင့် လက်ကို ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တို့ နေရောင်ကာခရင်မ်တို့လိမ်းပေးဖို့ မမေ့ရဘူးနော်။

၅။ Sunscreen နေ့တိုင်းလိမ်းပါ

SPF ၃၀ အောက် မနည်းတဲ့ Suncreen တွေကို နေ့တိုင်းလိမ်းပေးခြင်းက ကျန်းမာလှပတဲ့အသားအရေပိုင်ဆိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

၆။ ဝက်ခြံပေါက်နေတဲ့အချိန် မျက်နှာကြေးချွတ်ခြင်းမှ ရှောင်ကြဉ်ပါ

ဝက်ခြံပေါက်နေတဲ့အချိန် မျက်နှာကို ပွတ်တိုက်ရတဲ့ အလှကုန်ပစ္စည်းများ (ဥပမာ- ဘရက်ရှ်၊ ရေမြှုပ်၊ မျက်နှာကြေးချွတ်ခြင်း) ကို အသုံးမပြုသင့်ပါဘူး။ အသားအရေနီမြန်းခြင်းကို ဖြစ်စေနိုင်လို့ပါ။

၇။ အသားအရေကို သေချာသန့်စင်ပြီးမှ အိပ်ရာဝင်ပါ

မိတ်ကပ်မဖျက်ဘဲနဲ့ အိပ်ရာဝင်မယ်ဆိုရင် မျက်နှာမှာ ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံတို့ အမဲစက်တို့ပေါက်ပါလိမ့်မယ်။ ဒါ့ကြောင့် မျက်နှာကို သေချာသန့်စင်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

၈။ အသားအရေကို ရေဓာတ်အမြဲတမ်းထိန်းသိမ်းထားပါ

အိုမင်းရင့်ရော်မှုကို တားဆီးပေးတဲ့အချို့ ခရင်မ်တွေမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Benzoyl Peroxide တို့ ပါဝင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို အစိုဓာတ်အမြဲတမ်းထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

၉။ မျက်နှာကို နှိပ်နယ်ပေးခြင်း

မျက်နှာကို နှိပ်နယ်ပေးခြင်းက မျက်လုံးတဝိုက်က အရေးအကြောင်းတွေ မျက်ကွင်းညိုခြင်းကို ပျေက်ကင်းစေပါတယ်။

၁၀။ အလှကုန်ပစ္စည်းများကို မှန်ကန်တဲ့နေရာမှာထားခြင်း

အလှကုန်ပစ္စည်းများးကို ရေချိုးခန်းထဲမှာထားတဲ့အခါ ရေချိုးခန်းထဲက ပူနွေးခြောက်သွေ့တဲ့လေက အလှကုန်များကို သက်တမ်းမြန်မြန်ကုန်အောင် ပြုလုပ်ပါတယ်။ မျက်နှာလိမ်းခရင်မ်နဲ့ အခြားသိပ်မသုံးဖြစ်တဲ့ အလှကုန်အမျိုးအစားများကို ရေခဲသေတ္တာထဲထည့်ထားပေးပါ။

၁၁။ အမျိုးသမီးများ ညဘက်အိပ်တဲ့အခါ ဘရာချွတ်အိပ်ခြင်း

အထူးသဖြင့် ကြပ်ထုတ်ပြီး သက်သောင့်သက်သာမဖြစ်တဲ့ ဘရာများက သင့်ခန္ဓာကိုယ်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ပေးပြီး ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါ့အပြင် အရေပြားယားယံခြင်း၊ သက်သောင့်သက်သာမရှိခြင်းကြောင့် ကောင်းစွာအနားမယူနိုင်ခြင်း၊ ကြပ်ထုပ်နေသော ဘရာကြိုးများကြောင့် အရေပြားအညိုအမဲစွဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

Source: Brightside.me