သင်က ဘယ်ဟာလုပ်လုပ် အဆင်မပြေတာကြောင့် ဘာလို့ ကျရှူံးနေရတာလဲလို့ စဉ်းစားဖူးလား။ ကိုယ် သိတဲ့ သူတွေရဲ့ နောက်ရောက်ပြီး ကျန်ခဲ့တယ်လို့ ခံစားရဖူးလား။ တစ်ခါတလေ ကိုယ် ဘာကြောင့် ဒီလို ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာကြည့်တာက အလေ့အကျင့်ကောင်းပါပဲ။ လေ့လာမှုတွေအရ လူတွေဟာ သူတို့ မိတ်ဆွေတွေလောက် မသာတဲ့အခါ ကျရှုံးမှုကို ခံစားရတတ်လို့ သိရပါတယ်။ ဒီတော့ ကျရှုံးရခြင်း အကြောင်းအရင်းတွေကို ကြည့်လိုက်ရအောင်-

၁။ သင်က အပြောင်းအလဲကို ကြောက်တာ

ပြောင်းလဲခြင်းဟာ လူတိုင်းကြုံရမယ့် အရာပါပဲ။ သင်က ဒီလို ပြောင်းလဲလာတဲ့ အရာတွေကို လက်မခံနိုင်ဘဲ ခေါင်းမာနေလေ့ရှိပါတယ်။

၂။ သင်က တခြားသူတွေနဲ့ သင့်ကိုယ်သင် နှိုင်းယှဉ်တတ်တယ်

လူတိုင်း တခြားသူနဲ့ သူတို့ကိုယ် သူတို့ နှိုင်းယှဉ်တတ်ပါတယ်။ ဒါပေမဲ့ ကြာလာရင်တော့ ဒါက သင့်အတွက် မကောင်းပါဘူး။ Social Media ကနေ ခဏ အနားယူတာ၊ မနာလိုခြင်းကို Motivation အနေနဲ့ ပြောင်းတာ၊ Step by Step ကြိုးစားတာတွေက နည်းလမ်းကောင်းတွေပါပဲ။

၃။ ရည်မှန်းချက် မြင့်လွန်းနေတာ

အိပ်မက်အကြီးကြီး လုံးဝ မမက်သင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်အတွက် လက်ရှိ ဖြစ်နိုင်တဲ့ ပန်းတိုင်သေးသေးလေးကနေ တဆင့် ပန်းတိုင်အကြီးထိ ရောက်အောင် ကြိုးစားတာက ပိုသင့်တော်ပါတယ်။

၄။ သင့်ရဲ့ အောင်မြင်မှု တိုင်းတာတဲ့ ပေတံက မှားယွင်းနေတာ

ပိုက်ဆံရှိပြီး စိတ်မချမ်းသာတဲ့ သူတွေ အများကြီးပါပဲ။ သင့်အောင်မြင်မှုကို တိုင်းတာသင့်တဲ့ အရာတွေကတော့- အချိန်မှီ အလုပ်ပြီးတာ၊ တခြားသူတွေကို ကူညီပေးနိုင်တာ စတာတွေဖြစ်သင့်ပါတယ်။

၅။ သင်က ကျေးဇူးမတင်တတ်တာ

သင့်မှာ ရှိတဲ့ အရာတွေကို ကျေးဇူးအရင် တင်တတ်မှသာ ပိုကောင်းတဲ့ အရာတွေကို ဆွဲဆောင်နိုင်မှာပါ။

၆။ သင့်ကိုယ်သင် မကြင်နာတတ်တာ

သင်က မကျရှုံးချင်ဘူးဆိုရင် သင့်ကိုယ်သင် အောင်မြင်မှုနဲ့ ထိုက်တန်တယ်ကော တွေးဖူးရဲ့လား။ အများစုဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြပြီး ကျရှုံးမှုဆီ ဦးတည်သွားတတ်ပါတယ်။

၇။ သင့်မှာ အထူးပြု ကျွမ်းကျင်တာ မရှိတာ

လူတစ်ယောက်က ဟိုနေရာ နည်းနည်း၊ ဒီနေရာနည်းနည်းပဲ သိရုံနဲ့ အောင်မြင်မှု အပြည့်အဝ မရနိုင်ပါဘူး။ သင့်အနေနဲ့ သင်စိတ်အဝင်စားဆုံး အရာ (၃) ခုလောက်ကို စဉ်းစားကာ ဒီ ၃ ခု ကိုပဲ အာရုံစိုက် လေ့လာသင့်ပါတယ်။

၈။ သင့်ကိုယ်သင် ဂရုမစိုက်တာ

အောင်မြင်ဖို့ရာ ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာနေဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးတာ၊ လေ့ကျင့်ခန်း လုပ်တာတွေကို ပုံမှန်လုပ်သင့်ပါတယ်။

၉။ သင့်အနားက ဝန်းရံထားသူတွေ

သင့်အနားမှာ ရှိတဲ့ သူတွေကလည်း သင့်အောင်မြင်မှုကို ပံ့ပိုးပေးနိုင်ပါတယ်။ သင်က အောင်မြင်တဲ့ စီးပွားရေး ပညာရှင်ဖြစ်ချင်ရင် ဒီလိုလူတွေနဲ့ ဆုံအောင် ကြိုးစားသင့်ပါတယ်။

၁၀။ သင်က ပုံမှန်မကြိုးစားတာ

သင်က စီးပွားရေး တစ်ခုမပြေတာနဲ့ နောက်တစ်ခုစီ ခုန်ကူးနေမယ်ဆိုရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ် ရည်မှန်းထားတဲ့ အလုပ်တစ်ခုပေါ်မှာပဲ အချိန်ပေးပြီး ပုံမှန် ကြိုးစားသင့်ပါတယ်။

၁၁။ သင့်ဆီမှာ လုံလောက်တဲ့ ကျရှုံးမှု မရှိသေးတာ

အောင်မြင်နေတဲ့ သူတွေဟာ ကျရှုံးမှု များစွာနဲ့ ကြုံခဲ့ဖူးသူတွေပါ။ သင့်အနေနဲ့ ကျရှုံးမှာကို မကြောက်သင့်ဘဲ ဒီအရာတွေကနေ သင်ယူသင့်ပါတယ်။

သင်က ဒီအရာတွေကို ပြောင်းလဲမယ်ဆိုရင် တစ်နှစ်အတွင်း ပြောင်းလဲလာပါလိမ့်မယ်။