အသားအရေအလှအပအတွက် သဘာဝပါဝင်ပစ္စည်းလေးတွေကိုပဲ ရွေးချယ်ချင်တယ်ဆိုရင်တော့ သင့်အသားအရေကို နုပျိုနေစေမယ့် သဘာဝပစ္စည်း ၁၀ မျိုးကို မျှဝေပေးသွားပါမယ်နော်။

၁။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာပေါင်းတင်ပေးမယ်ဆိုမယ်ဆိုရင် မျက်နှာအသားအရေခြောက်သွေ့တာတွေကို သိသိသာသာ သက်သာပျောက်ကင်းစေမှာပါ။ တစ်ပတ်ကို ခရမ်းချဉ်သီးနဲ့ မိနစ် ၂၀ လောက်ပေါင်းတင်ပေးမယ်ဆိုရင် အသားအရေ နုပျို စိုပြေစေမှာဖြစ်ပါတယ်။ မျက်နှာအသားအရေ ယားတာ နီတာမျိုးဖြစ်ရင်လည်း ခရမ်းချဉ်သီး ပွတ်လိမ်းပေးပြီး မျက်နှာသစ်ပေးလိုက်ပါ။ သင့်အသားအရောင်ကိုလည်း ဖြူဝင်းစေမှာဖြစ်ပါတယ်။ ခရမ်းချဉ်သီးအနှစ်နဲ့ သံလွင်ဆီ ရောပြီးလိမ်းကြည့်ပေးပါ။

၂။ အာလူး

အာလူးဟာ သင့်အသားအရေကို နုပျိုစေတဲ့ သဘာဝပစ္စည်းနောက်တစ်မျိုးပါပဲ။ အသားအရောင်ကိုလည်း ဖြူဝင်းစေပြီး အရေးကြောင်းတွေကိုလည်း သက်သာစေမှာပါ။

အာလူးနဲ့ နေ့တိုင်း ၁၅ မိနစ်လောက် ပေါင်းတင်ပေးမယ်ဆိုရင် သင့်အသားအရေ ကြည်လင်လာမှာပါ။ အာလူးကို ကျိတ်စက်နဲ့ ကျိတ်ပေးပြီး ရလာတဲ့အရည်ကိုလိမ်းပေးရင်လည်းရပါတယ်။ သံပုယိုရည်ထည့်ညှစ်ပေးလည်း ရတယ်နော်။

၃။ သံပုယိုသီး (သို့) သံပုရာသီး

သံပုယိုသီးရှာရခက်ရင် သံပုရာသီးကို အသုံးပြုနိုင်ပါတယ်နော်။ အသားအရေကို ဖြူဝင်းစေပြီး အမည်းစက်တွေ ဝက်ခြံတွေကို သက်သာစေပါတယ်။ သံပုယိုသီးကို အရည်ညှစ်ပြီး မျက်နှာပေါ်လိမ်းပေးကာ မျက်နှာသစ်ပေးပါ။

၄။ ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ကိုပုံမှန်လိမ်းပေးမယ်ဆိုရင် ရှားစောင်းလက်ပက်ဘယ်လောက်ကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်နော်။ ရှားစောင်းလက်ပက်ဟာ သင့်အသားအရေကို ကြည်လင်ဖြူဝင်းစေပါတယ်။ အမည်စက်တွေ အမာရွတ်တွေကို သက်သာစေပါတယ်။

ရှားစောင်းလက်ပက်ကို နေ့တိုင်းလိမ်းပေးပါနော်။

၅။ သခွားသီး

သခွားသီးကိုလည်း မျက်နှာအလှအတွက် အသုံးပြုကြတယ်ဆိုတာ စာဖတ်သူတိုင်းသိပြီးသားဖြစ်မှာပါနော်။ ဒါ့ကြောင့် အထူးတလည်မိတ်ဆက်ပေးစရာလိုမယ်တောင်မထင်ပါဘူး။ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ၁၅ မိနစ်လောက်ကပ်ပေးပါ။

၆။ မုန့်ဖုတ်ဆိုဒါ (Baking Soda)

မုန့်ဖုတ်ဆိုဒါဟာ သင့်အသားအရေကို သန့်ရှင်းစေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

သံလွင်ဆီနဲ့ မုန့်ဖုတ်ဆိုဒါ ဆတူရောပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ ခြောက်အောင်ထားပြီးမျက်နှာသစ်ချပါ။ ဒါမှမဟုတ် မုန့်ဖုတ်ဆိုဒါ နဲ့ ဒိန်ချဉ်ကို ဆတူရောပြီး မျက်နှာပေါ်ထားပြီး ၁၀ မိနစ်လောက်ထားကာ မျက်နှာသစ်ချပါ။

၇။ ပျားရည်

ပျားရည်ဟာ အသားအရေ စိုပြေစေတဲ့ သဘာဝပစ္စည်းအဖြစ် လူသိများကြပါတယ်။ ဗီတာမင်နဲ့ တခြားအဟာရတွေပါဝင်လို့ သင့်ဆဲလ်တွေကို ပြန်လည်သန့်စင်ပေးပါတယ်။ အရေးကြောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ပျားရည်ကို မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်လိမ်းပေးပြီး မိနစ် ၂၀ လောက်ထားကာ ရေနွေးနဲ့ မျက်နှာသစ်ချပါ။

၈။ အုန်းဆီ

အုန်းဆီဟာ သင့်အသားအရေကို အဟာရဖြည့်ပေးပြီး စိုပြေစေပါတယ်။ ပိုးသားလေးလို နူးညံ့တဲ့ အသားအရေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ အုန်းဆီကို မျက်နှာပေါ် လိမ်းပေးကာ ၅ မိနစ်လောက်ထားပေးပါ။ ပြီးရင် မျက်နှာသစ်ပေးပါ။

၉။ သံလွင်ဆီ

သံလွင်ဆီဟာ သင့်အသားအရေကို နုပျို ကျန်းမာစေပါတယ်။ သံလွင်ဆီ အစက်အနည်းငယ်ကို မနက်မိုးလင်းပိုင်းမှာ လိမ်းပေးပါ။ ပြီးရင် ၅ မိနစ်လောက်ထားပြီး မျက်နှာသစ်လိုက်ပါ။ မျက်လုံးအောက်က အရေးကြောင်းတွေသက်သာဖို့လည်း အသုံးပြုနိုင်ပါတယ်။

၁၀။ ဗီတာမင် E

ဗီတာမင် E က သင့်အသားအရေကို ပြန်လည်နုပျိုစေပြီး နေ့စဉ်အသုံးပြုပေးလို့ရပါတယ်နော်။ ဗီတာမင် E ကို သင့်ရဲ့ facial care ကုန်ပစ္စည်းတွေမှာ ထည့်ပြီးအသုံးပြုပေးလို့ရပါတယ်။ မျက်နှာနဲ့ နုတ်ခမ်းသားက အသားအရေကို စိုပြေစေပါတယ်။

၁၁။ သကြား

သကြားဟာ သင့်အသားအရေပေါ်က အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပါတယ်။ သင့်မျက်နှာအသားအရေစိုပြေဖို့ကော ခန္တာကိုယ်တစ်ခုလုံးက အသားအရေသန့်စင်ဖို့ပါအသုံးပြုနိုင်ပါတယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို နုပျိုစေပါတယ်။ မျက်နှာကို ရေနဲ့ အရင်သစ်ပြီး သကြားနဲ့ ပွတ်လိမ်းပေးပါ။ တစ်ပတ်ကို ၁ ခါလုပ်ပါ။