သူငယ်ချင်းကောင်း တစ်ယောက်က သင်လိုအပ်တဲ့ အရာတွေကို အားမနာတမ်း ပြောတတ်သူပါ။ သင် အခက်အခဲတွေနဲ့ ရင်ဆိုင်ချိန် အနားမှာ ရှိသူပါ။ ကိုယ်လိုအပ်တဲ့အချိန် ခံစားချက်တွေကို ဖွင့်ဟနိုင်တဲ့ လူတစ်ယောက်ရှိတယ်လို့ သိထားခြင်းကနေ စစ်မှန်တဲ့ ပျော်ရွှင်မှု ပေါက်ဖွားလာတတ်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက အခင်ဆုံး သူငယ်ချင်း ပိုင်ဆိုင်ထားသူတွေမှာမှ တွေ့နိုင်တဲ့ ပုံရိပ်တွေပါ။

ခံတွင်းနံ့ ကောင်းရဲ့လား အချင်းချင်း စစ်ကြမယ့် သူငယ်ချင်းနှစ်ဦး

တစ်ယောက် ပန်းကန်ကနေ တစ်ယောက် နှိုက်စားမယ်

Valentine Day မှာ FA သူငယ်ချင်းအတွက် လက်ဆောင်ပေးမယ်

သင်တို့ နှစ်ယောက်က တွေ့တာနဲ့ ပြောစရာစကား မကုန်နိုင်တာကြောင့် ဘယ်သွားသွား တစ်နေရာသွားဖို့ တစ်နာရီ အချိန်ယူရပါတယ်။

နှစ်ယောက် အတူမရှိချိန်တော့ တည်ငြိမ်သူတွေပေါ့။ အတူရှိနေရင်တော့ ပုံထဲကအတိုင်းပဲ..

တခြားသူတွေထက် ပိုပြီး ဂရုစိုက်ပေးတတ်တယ်

ထူးထူးဆန်းဆန်း နာမည်ပြောင်တွေကို အချင်းချင်း ပေးတတ်ပါသေးတယ်

ဘာဝတ်ရမလဲ အကြံပေးနေကျ အတိုင်ပင်ခံတွေပေါ့။

အတူတူတောင် ရေချိုးလိုက်ပါသေးတယ်

ရန်ကတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ ခဏနေတော့လည်း ပြန်တည့်သွားတာပါပဲ။

အရေးအပါဆုံး အရာကတော့ သင်တို့ နှစ်ယောက်က ပြောစရာမလိုဘဲနဲ့ အချင်းချင်း နားလည်ကြပါတယ်။ ဒါကြောင့်ပဲ သင်တို့က အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်နေတာပါ။

သင့်ရဲ့ အခင်ဆုံး BFF တွေကို Mention ခေါ်သွားဖို့ မမေ့နဲ့နော်။

Source: Brightside

By MyStyle Myanmar