အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့အနေနဲ့ ဝိတ်ကျရုံတင်မကဘဲ ကျန်းမာတဲ့ Lifestyle မျိုးကိုပါထိန်းသိမ်းနိုင်ဖို့အတွက် လှုပ်လှုပ်ရှားရှားနေပြီး Workout ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ လအစပိုင်းတွေမှာ Workout လုပ်ဖို့ Goal တစ်ခုလုပ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်တော့တာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒါတွေမဖြစ်စေဖို့ Workout လုပ်ချင်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် သီချင်းတွေ နားထောင်ပေးသင့်ပါတယ်နော်။ ဒီလိုစိတ်အားတက်စေတဲ့သီချင်းတွေ နားထောင်ပေးတာက သင့်ကိုပိုစိတ်တက်ကြွစေပြီး ပုံမှန်ထက်ပိုအပင်ပန်းခံနိုင်စေပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာ Kpop ပရိသတ်တွေလည်း အကြိုက်တွေ့စေမယ့် လေ့ကျင့်ခန်းလုပ်တဲ့အချိန်နားထောင်လို့ကောင်းတဲ့ အမိုက်စား Kpop သီချင်းတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ ကိုယ်နားထောင်နေကျ သီချင်းတွေပါလာမလား စိတ်ဝင်စားရင်ကြည့်လိုက်ရအောင်-

၁။ BTS – Dope

ဘယ်တော့မှမရိုးသွားတဲ့ BTS ရဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး ကြားလိုက်တာနဲ့ သင့်ကို တက်ကြွလာစေမှာပါ။

၂။ NCT 127 – Kick It

ကကွက်အလန်းစားတွေနဲ့ဖန်တီးထားတဲ့ NCT 127 ရဲ့သီချင်းကလည်း လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်အပြည့်ဖြစ်စေပါတယ်။

၃။ ITZY – Mafia In The Morning

 

Mafia In The Morning သီချင်းကလည်း ITZY အဖွဲ့ဝင်တွေလို Mafia မုဒ်ဝင်စေမယ့် အမိုက်စားသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

၄။ EVERGLOW – First

EVERGLOW ရဲ့ First သီချင်းကလည်း Energy အပြည့်ပါတဲ့ ကကွက်နဲ့တီးလုံးတွေပေါင်းစပ်ထားတာကြောင့် Workout လုပ်တဲ့အခါမှာသေချာပေါက် သင့်ကိုစိတ်တက်ကြွလာစေမှာပါ။

၅။ ATEEZ – HALA HALA

ATEEZ အဖွဲ့ရဲ့သီချင်းအများစုက Workout လုပ်တဲ့အချိန်နဲ့လိုက်ဖက်ပါတယ်။ ဒီထဲမှာ HALA HALA သီချင်းလည်းအပါအဝင်ဖြစ်ပြီး သင့်ကိုစည်းချက်နဲ့အညီ တက်ကြွလာစေဖို့ကူညီပေးနိုင်မှာပါ။

၆။ BLACKPINK – DDU-DU DDU-DU

တစ်ခေါက်နားထောင်ရုံနဲ့စွဲသွားစေမယ့် DDU-DU DDU-DU သီချင်းကလည်း သင့် Workout အချိန်မှာနားထောင်ဖို့ကွက်တိပါပဲ။ သီချင်းထဲကကကွက်အတိုင်းလိုက်ကနိုင်ပြီး သင့်ကိုလေ့ကျင့်ခန်းလုပ်လိုက်သလို လှုပ်လှုပ်ရှားရှားဖြစ်သွားစေမှာပါ။

၇။ Jessi – Cold Blooded

Jessi ရဲ့အမိုက်စား Cold Blooded သီချင်းကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာသလိုခံစားမိစေပြီး Workout လုပ်တဲ့နေရာမှာ စိတ်အားထက်သန်လာစေမယ့် သီချင်းမျိုးဖြစ်ပါတယ်။

၈။ GOT7 – Hard Carry

Hard Carry သီချင်းရဲ့ မြူးကြွတဲ့ အမိုက်စား Beat တွေကလည်း Workout လုပ်တဲ့အခါ သင့်ကိုပိုအပင်ပန်းခံနိုင်ပြီး စိတ်အားတက်စေဖို့ကူညီပေးမှာပါ။

၉။ PENTAGON – SHA LA LA

SHA LA LA သီချင်းရဲ့ ကကွက်တွေကလည်း အမိုက်စားပါပဲ။ ကြည့်လိုက်တာနဲ့ သင့်ကိုလှုပ်လှုပ်ရှားရှားဖြစ်စေပြီး အားတက်လာစေမှာပါ။

၁၀။ MONSTA X – You Problem

ဒီသီချင်းရဲ့ သံစဉ်ကလည်း သင့်ကို မုဒ်ကောင်းစေတာကြောင့် Workout လုပ်ဖို့စိတ်အင်အားတွေ ပိုရစေပါတယ်။

၁၁။ EXO – Power

EXO အဖွဲ့ရဲ့ Power သီချင်းကလည်း နာမည်နဲ့လိုက်ဖက်အောင် သင့်ကိုနားထောင်လိုက်တိုင်း အားအင်ပြည့်လာစေမယ့် အမိုက်စားသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Source- Koreaboo