အားလုံးပဲ မင်္ဂလာပါ၊ မနက်ကတည်းက လိမ်းထားတဲ့မိတ်ကပ်က ၃ နာရီခြားတစ်ခါ မိတ်ကပ်ပြန် ပြန် ပုတ်နေရလို့ ပျိုမေလေးတွေ စိတ်ညစ်ကြရတယ်မလား။

တစ်ခါတလေ အလုပ်များနေတဲ့အခါ မိတ်ကပ်ပြန် မဖို့အားဘဲ ကွက်နေတဲ့ မိတ်ကပ်နဲ့ပဲ နေနေရတော့ အလှပျက်တာပေါ့နော်။

ဒီလို အလှအပနဲ့ ပတ်သက်လို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပြေလည်ဖို့အတွက် ပျိုမေလေးတို့ကို နည်းလမ်းကောင်းလေးတွေ ဝေမျှလိုက်တယ်နော်။

မှန်ကန်တဲ့ ခရင်မ်ရွေးချယ်ပါ

သင့်အသားအရေက ခြောက်သွေ့တဲ့အသားအရေလား၊ အဆီပြန်တဲ့ အသားအရေလားဆိုတာ သေချာကွဲပြားအောင် လုပ်ပြီး ကိုယ့်အသားအရေနဲ့ သင့်တော်မယ့် ခရင်မ် ဝယ်လိမ်းပေးပါ။

မိတ်ကပ်တွေ၊ ခရင်မ်တွေ လိမ်းတဲ့အခါ

လက်ချောင်းလေးတွေနဲ့ မလိမ်းဘဲ ရေမြှုပ်လေးတွေ ဘရက်ရှ်လေးတွေနဲ့ မိတ်ကပ်တို့ ခရင်မ်တို့ လိမ်းပေးပါ။

ထူပိန်းနေတဲ့ မိတ်ကပ်လိမ်းခြင်းကို ရှောင်ကြဉ်ပေးပါ

ငြိမ်တဲ့ အရောင်လေးတွေကို ရွေးပြီး ပြင်ဆင်ခြယ်သပေးပါ

Eye Shadow လိမ်းတဲ့အခါမှာလည်း ဂျယ် အိုင်းရှဲဒိုးထက်စာရင် အရည်အိုင်းရှဲဒိုးလေးနဲ့ ပြင်ဆင်ခြယ်သပေးပါ

ပါးနီလိမ်းမယ်ဆိုရင်လည်း ပါးနီအမှုန့်က တာရှည်ခံမှာမဟုတ်ပါဘူး၊ ချွေးထွက်သွားရင် မြန်မြန်ပျက်သွားပါလိမ့်မယ်။ ပါးနီအတောင့်လေးတွေက တာရှည်ပိုခံပါလိမ့်မယ်။ ဒါမှမဟုတ် နှုတ်ခမ်းနီတောင့်နဲ့လည်း ပါးနီခြယ်လို့ ရသေးတယ်နော်။

ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် ပေါင်ဒါသုံးပါ

ဖောင်ဒေးရှင်းတို့၊ ပေါင်ဒါတို့လိမ်းရင် ကိုယ့်အသားရေနဲ့ သင့်တော်တာမျိုးတွေပဲ ရွေးသုံးပေးရမယ်နော်။

ရေစိုခံ Mascara (သို့) တာရှည်ခံတဲ့ Mascara အသုံးပြုပါ

မျက်ခုံးမွှေးဆွဲတဲ့ ခဲတံကို ဖယောင်းမပါတဲ့ ခဲတံရွေးသုံးပါ

နှုတ်ခမ်းနီကိုလည်း အရောင်တောက်တောက်ကြီးတွေ မဆိုးပါနဲ့

အဆီစုပ်စက္ကူလေးတွေ ဆောင်ထားပေးပါ

Source: Brightside.me