လက်သည်းပုံဖော်ရတာကို ဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် ချစ်စရာကောင်းတဲ့ စတော်ဘယ်ရီလက်သည်းဒီဇိုင်း ၁၁ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဇိုင်းဆန်းလေးတွေအပြင် ရိုးရှင်းတာလေးတွေလည်းပါလို့ စိတ်ကြိုက်ရွေးချယ်ပြီး ပုံဖော်နိုင်ပါပြီ။
ပန်းရောင်နုနုလေးကြိုက်တဲ့ ကောင်မလေးတွေအတွက်တော့ ဒီစတော်ဘယ်ရီလက်သည်းဒီဇိုင်း ၂ မျိုးက အရမ်းချစ်စရာကောင်းပါတယ်။ လူငယ်လည်းဆန်တာကြောင့် လူငယ်ကောင်မလေးတွေ ပုံဖော်သင့်တဲ့ ဒီဇိုင်းဆန်းလေးတွေပါ။
လင်းတာမျိုးလေးကြိုက်ရင်တော့ ဒီစတော်ဘယ်ရီလက်သည်းဒီဇိုင်းလေးကို try ကြည့်ပါ။ အရမ်းလည်းလူငယ်မဆန်ပဲ ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းဆန်းလေးဖြစ်ပါတယ်။
ဒီစတော်ဘယ်ရီလက်သည်းဒီဇိုင်းလေးဆိုရင် ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။ အသေးစိတ်ကျတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။
ဒါလည်းခုနကလို အသေးစိတ်ကျတဲ့ ဒီဇိုင်းမျိုးပါပဲ။ သူကတော့ ပန်းရောင်လေးနဲ့စပ်ထားတာဖြစ်လို့ လက်လေးပိုလင်းသွားစေပါတယ်။
စတော်ဘယ်ရီနဲ့ပန်းလေးနဲ့ကို တွဲဖက်ပြီးပုံဖော်ထားတာက ဒီဇိုင်းဆန်းပြီး အရမ်းချစ်ဖို့ကောင်းပါတယ်။
ဒီစတော်ဘယ်ရီလက်သည်းဒီဇိုင်းလေးကတော့ ရိုးရှင်းပြီး ချစ်ဖို့ကောင်းတဲ့ ဒီဇိုင်းလေးပါပဲ။
အနီရောင်လေးကြိုက်ရင် အနီနဲ့အကြည်ရောင်လေးကိုပဲ စပ်ဆိုးထားတဲ့ ဒီစတော်ဘယ်ရီ လက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။ ရိုးရှင်းပြီးချစ်ဖို့ကောင်းပါတယ်။
စတော်ဘယ်ရီကို ထင်းထင်းလေးဖြစ်အောင် ပုံဖော်ချင်ရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။
ဒီလက်သည်းဒီဇိုင်းလေးကတော့ ချစ်ဖို့ကောင်းသလို စတော်ဘယ်ရီလေးလည်း ပိုပေါ်လွင်စေတဲ့ ဒီဇိုင်းမျိုးဖြစ်ပါတယ်။ လက်သည်းအရှည်ကြီး ထားတတ်တဲ့သူတွေနဲ့ဆို ပိုပြီးလိုက်ဖက်မှာပါ။
တကယ့်ကိုစတော်ဘယ်ရီ themed အပြည့်အဝရစေမယ့် လက်သည်းဒီဇိုင်းဖြစ်ပါတယ်။ အရမ်းလည်းအသေးစိတ်ကျပြီး ချစ်ဖို့ကောင်းပါတယ်။