လူအများစုသည် ငယ်ရွယ်နုပျိုစဉ်အချိန်အခါတွင် တက်ကြွ၊ ရွှင်လန်း၊ ခံစားလွယ်တတ်ကြပြီး ဘဝအတွက်လည်း အခွင့်အလမ်းများကို အချိန်ပြည့် မျှော်လင့်နေကြပါတယ်။ ငယ်ရွယ်သူများပီပီ မိမိပြုလုပ်လိုက်သည့် ကိစ္စများအပေါ် ၁၀၀ ရာခိုင်နှုန်းတိကျသေချာမှုမရှိသော်လည်း စူးစမ်းချင်စိတ်၊ မသိစိတ်တို့ကြောင့် အမှားများကို မကြခဏဆိုသလို ပြုလုပ်မိတတ်ကြပါတယ်။

လောကတွင် မွေးကင်းစဘဝကတည်းက ပြီးပြည့်စုံသည်မရှိသော်လည်း မသိနားမလည်ဘဲ ပြုလုပ်လိုက်မိသည့်အမှားများက မိမိတို့၏ဘ၀ သို့မဟုတ် အချိန်များအပေါ် တမျိုးတဖုံသက်ရောက်လာနိုင်ပါတယ်။ ထို့ကြောင့် လူငယ်သဘာဝကျူးလွန်တတ်သည့် ယေဘုယျအမှားများထဲမှ (၁၁) ချက်ကို ကောက်နုတ်ပေးခြင်းဖြင့် သိနားလည်ကာ ကြိုတင်ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ရပါတယ်။

၁။ ပိုက်ဆံအသုံးအဖြုန်းကြီးခြင်း

၂။ အခြားသူများအထင်ကြီးအောင် အတင်းဓမ္မကြိုးစားယူခြင်း

၃။ အိပ်ချိန်မမှန်ခြင်း

၄။ မိတ်ကပ်ထူထဲစွာလိမ်းခြယ်ခြင်း

၅။ ချစ်သူနှင့်လမ်းခွဲခြင်းက အဆုံးသတ်ဟုတွေးထင်နေခြင်း

၆။ မှားယွင်းသည့်မြုပ်နှံမှုများပြုလုပ်ခြင်း

၇။ လူမှုကွန်ရက်များအပေါ်အာရုံစူးစိုက်မှုလွန်ကဲခြင်း

၈။ အကြောင်းအရာတစ်ခုကို အခြားသူများအား သိသင့်သည်ထက် ပို၍ပြောပြခြင်း

၉။ အခြားသူများ၏ထင်မြင်ချက်ကို အသည်းထဲအထိစွဲအောင်မှတ်ယူခြင်း

၁၀။ လက်ရှိအချိန်ကို တန်ဖိုးမထားခြင်း

၁၁။ တီဗွီနှင့် အဆီအစိမ့်များသည့်အစားအစာများပေါ်တွင် အချိန်ကုန်ခံခြင်း